Home သတင်း တစ်နှစ်အတွင်း ကျန်းမာ‌ရေးစနစ်မြှင့်တင်‌ရေးအစီအစဉ်များ KDHW ချမှတ်

တစ်နှစ်အတွင်း ကျန်းမာ‌ရေးစနစ်မြှင့်တင်‌ရေးအစီအစဉ်များ KDHW ချမှတ်

1865

‌ဖေ‌ဖော်ဝါရီ ၁၆ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၏ လက်‌အောက်ခံဌာနတစ်ခုဖြစ်သည့် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW အ‌နေဖြင့် တစ်နှစ်အတွင်း ကျန်းမာ‌ရေးစနစ်မြှင့်တင်‌ရေးအစီအစဉ် (Annual Operation Plan)အတွက် အ‌ကောင်ထည်‌ဖော် လုပ်‌ဆောင်ရမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင်‌ဖေ‌ဖော်ဝါရီလ ၁၂ရက်မှ ၁၅ရက်‌နေ့အထိ ပြုလုပ် သည့် ၎င်း၌တို့၏ ၂ဝ၁၇နှစ်အတွက် နှစ်ကုန်အစည်းအ‌ဝေးတွင် ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။

၎င်းအစည်းအ‌ဝေးမှ လာမည့်‌လေးနှစ်အတွင်းလုပ်‌ဆောင်သွားမည့် ကျန်းမာ‌ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် ၂၀၁၈ခုနှစ် အတွင်း ကျန်းမာ‌ရေးစနစ်မြှင့်တင်ခြင်းအစီအစဉ်များကို ခရိုင်၊ မြို့နယ်အသီးသီးတွင် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားရန် ဆုံးဖြတ်ချက်များချမှတ်ခဲ့မှုနှင့်ပတ်သက်၍ KDHW၏ ဌာနမှူး ပဒို‌စောအယ်ကလူ‌ရွှေဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထု‌တွေအတွက် ကျန်းမာ‌ရေးစနစ်ကိုမြှင့်တင်တဲ့အခါမှာ ကျန်းမာ‌ရေးဆိုင်ရာအုပ်ချုပ်မှု၊ ဝန်‌ဆောင်မှု၊ အ‌ဆောက်အဦး၊ ကျန်းမာ‌ရေးလုပ်သားအရင်းအမြစ်၊ ဘဏ္ဍာ‌ရေးဆိုင်ရာနဲ့ ကျန်းမာ‌ရေးဆိုင်ရာ သတင်းအချက်အ လက် စတဲ့ ကျန်းမာ‌ရေးစနစ်ကို အ‌ခြေခံပြီး လုပ်သွားမှသာလျှင် အဲ့နိုင်ငံရဲ့ ကျန်းမာ‌ရေး အဆင့်မြင့်မယ်ဆိုတဲ့ သတ်မှတ်ချက် ကို စံသတ်မှတ်ချက်တစ်ခုအ‌နေနဲ့ ထားပြီး‌တော့မှ လုပ်သွားမယ်။ အဲ့ဒီ‌ခေါင်းစဉ်အလိုက်ကို တာဝန်‌တွေ သီးသန့်သတ်မှတ်ပြီး အစီအစဉ်‌တွေကို ‌ရေးဆွဲပြီးတဲ့‌နောက်မှာ အ‌ကောင်အထည်‌ဖော်သွားမယ်”ဟု ‌ပြောသည်။

ထိုသို့အ‌ကောင်အထည်‌ဖော်ရာတွင် KDHW သာမက ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ နယ်ခြား‌စောင့်တပ် (BGF)၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ အစရှိသည့် ကရင်လက်နက်ကိုင်အင်အားစုများ၏ ကျန်းမာ‌ရေးအဖွဲ့အပြင် မြန်မာ နိုင်ငံ‌ဆေးပညာရှင်များအသင်း(BMA)၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်‌တော်‌ဆေးခန်း (MTC) စသည့် နယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် အတူတကွ ပူး‌ပေါင်းထုတ်ထားသည့် တစ်နှစ်အတွင်း ကျန်းမာ‌ရေးစနစ် မြှင့်တင်ခြင်းအစီအစဉ်ကို အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟုလည်း ပဒို‌စောအယ်ကလူ‌ရွှေဦးက ဆက်‌ပြောသည်။

‌လေးရက်တာပြုလုပ်သည့် ၎င်းနှစ်ကုန်အစည်းအ‌ဝေးတွင် တစ်နှစ်တာအတွင်းလုပ်‌ဆောင်ခဲ့သည့် ကျန်းမာ‌ရေး ဝန်‌ဆောင်မှုအ ‌ခြေအ‌နေများကို ခရိုင်၊ မြို့နယ်အလိုက် တင်ပြ‌ဆွေး‌နွေးကြပြီး ဗဟိုမှချမှတ်ထားသည့် ကျန်းမာ‌ရေးဆိုင်ရာလုပ်ငန်းစဉ်၊ စီမံခန့်ခွဲမှု များကို တင်ပြ‌ဆွေး‌နွေးကြသည်။ ထို့‌နောက် KDHW က ချမှတ်ထားသည့် ကျန်းမာ‌ရေးမူဝါဒကို ပြန်လည်ချပြပြီး ‌ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါစည်း‌ဝေးပွဲသို့ KDHW ဗဟို အပါအဝင် ခရိုင်(၇)ခုနှင့် မြို့နယ်(၂၅)ခုမှ ကျန်းမာ‌ရေးတာဝန်ခံများ၊ NGO အဖွဲ့အစည်းအချို့ နှင့် DKBA၊ BGF၊ KNU/KNLA-PC မှ ကျန်းမာ‌ရေးတာဝန်ရှိသူများစုစု‌ပေါင်း (၅၀)နီးပါး တက်‌ရောက်ခဲ့ကြသည်။

KDHW သည် ၁၉၅၆ခုနှစ်က ဖွဲ့စည်းခဲ့‌သော KNU ၏ လက်‌အောက်ခံဌာန ၁၄ခုအနက်တစ်ခုဖြစ်ပြီး ဆယ်စုနှစ်များစွာ ကျန်းမာ ‌ရေးပြုစု‌စောင့်‌ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်အတွင်းရှိ ‌ကျေးလက်‌ဒေသခံ ပြည်သူလူထုများနှင့် ပြည်တွင်းပုန်း‌ရှောင်စစ် ‌ဘေးဒုက္ခသည်များ(IDPs)ကို ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေသည့် အဖွဲ့ဖြစ်သည်။