Home သတင်း တစ်နိုင်ငံလုံးအကျိုးအတွက် ရည်ရွယ်ကာ NCA ထိုးခြင်းဖြစ်ဟု မွန်နှင့် လားဟူ‌ပြော

တစ်နိုင်ငံလုံးအကျိုးအတွက် ရည်ရွယ်ကာ NCA ထိုးခြင်းဖြစ်ဟု မွန်နှင့် လားဟူ‌ပြော

2289

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးခြင်းသည် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အ စည်းအရုံး အဖွဲ့နှစ်ဖွဲ့၏ အကျိုးစီးပွားကို ကွက်ပြီး လုပ်‌ဆောင်ခဲ့ခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအကျိုးအတွက်ရည် ရွယ်လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်‌ထောမွန်က ‌ပြောသည်။

‌နေပြည်‌တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC 2) ခန်းမ၌ ‌ဖေ‌ဖေါ်ဝါရီ ၁၃ ရက်(ယ‌နေ့) မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သည့် အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ် (NCA) လက်မှတ်ထိုးပွဲအခမ်းအနားတွင် တိုင်းရင်းသားအဖွဲ့နှစ်ဖွဲ့ကိုယ်စား မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်‌ထောမွန်က မိန့်ခွန်း‌ပြော ကြားရာ၌ ယခုလို ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းက “ ကျ‌နော်တို့ အမျိုးသားအကျိုးစီးပွားနဲ့ ပြည်‌ထောင်စု အကျိုးစီးပွားဟာ ခွဲခြားမရ‌အောင်ဆက် စပ်‌နေပါ တယ်။ ပြည်‌ထောင်စုဝင်အားလုံး လူမျိုး၊ ဘာသာမ‌ရွေး ဆူးကြုံနိမ့်မြင့် မခွဲခြားဘဲ ပဋိပက္ခချုပ်ငြိမ်းခြင်းရဲ့ အကျိုး၊ တရားဥပ‌ဒေစိုးမိုးမှုရဲ့ အကျိုး၊ စစ်မှန်သည့် ဒီမိုက‌ရေစီအကျိုး၊ ဖက်ဒရယ်ပြည်‌ထောင်စု စနစ်အရ မျှ‌ဝေကျင့်သုံး တဲ့ အချုပ်အခြာ၊ အာဏာ ပိုင်စိုးခြင်းရဲ့ အကျိုး၊ လူမှု၊ စီးပွား‌ရေး ဖွံ့ဖြိုးမှုနဲ့ တိုင်းရင်းသားများ စာ‌ပေယဉ်‌ကျေးမှု ‌ပေါင်းစုံ ရှင်သန်မှု အ‌ထွေ‌ထွေကို ခံစားနိုင်ဖို့‌မျှော်မှန်းချက်နဲ့ ဒီလမ်းကို ‌လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားများအ‌နေဖြင့် သမိုင်း‌ကြောင်းအရ စိုးရိမ်စိတ်များရှိ‌သော်လည်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပူး‌ပေါင်းပါဝင်လိုစိတ်ရှိကြပြီး မည်သူမျှ ‌နောက်ချန်မ‌နေလိုဘဲ ဖျက်မြင်းလည်းမဖြစ်‌စေလို‌ကြောင်း၊ အစိုးရနှင့် တပ်မ‌တော်အ‌နေဖြင့် စိတ်ရှည်သ‌ဘောထားကြီးကြီးထားကာ အားလုံးပါဝင်နိုင်‌ရေးအတွက် ယခုထက်ပို အားထုတ်လုပ်‌ဆောင်ရန် နိုင်‌ထောမွန်က သူ့၏မိန့်ခွန်းတွင် ထည့်သွင်း ‌ပြောဆိုသည်။

UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ယခုလို NCA ကို လက်မှတ်ထိုးခြင်းသည် NLD အစိုးရလက်ထက် ၂ နှစ်‌ကျော်ကြာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပထမဆုံးရလဒ် ‌ပေါ်ထွက်လာခြင်းဖြစ်ပြီး ကျန်UNFC အဖွဲ့ဝင် သုံးဖွဲ့အ‌နေဖြင့် လက်မှတ်ထိုးရန် ညှိနှိုင်းမှုမှာ ‌ပြေလည်မှု မရှိ‌သေး ‌ကြောင်း UNFC အဖွဲ့ဝင်များက ‌ကြေညာချက်ထုတ်ပြန်ထားသည်။

နိုင်ငံ‌တော်အတိုင်းပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က “ လက်မှတ်ထိုးတဲ့ အဖွဲ့အ‌ရေအတွက်မများလှဘူးဆို ‌ပေမဲ့ ဒီက‌နေ့ အခမ်းအနားထ‌မြောက်‌အောင်မြင်‌အောင် ‌လျှောက်လှမ်းလာတဲ့ ခရီးက‌တော့ မလွယ်ကူလှပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနဲ့ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးအတွက် အနာဂတ်မှာ‌ပေါ်ထွန်းလာမဲ့ ဖက်ဒရယ် ဒီမိုက‌ရေစီပြည်‌ထောင်စုရဲ့ အုတ်မြစ်ကို အတူတကွ လက်တွဲပြီးစိုက်ထူဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ‌ခြေလှမ်းတ လှမ်းဘဲဖြစ်ပါတယ်။ ရဲရဲကြီးတက်လှမ်းလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ကို ဝမ်း‌မြောက်ဝမ်းသာကြိုဆို ဂုဏ်ပြုပါ‌ကြောင်း အ‌လေးအနက်‌ပြောလိုပါတယ်” ဟု အခမ်းအနား မိန့်ခွန်းတွင် ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအ‌နေဖြင့် လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေး ကိစ္စရပ် သည်လက်နက်ချခိုင်းခြင်းဟု မှားယွင်းစွာယူဆမှု၊ သံသယစိတ်၊ မယုံကြည်စိတ်များရှိ‌နေပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အသီးသီးနှင့် အဖွဲ့ဝင်များအ‌နေဖြင့် အဆိုပါ မယုံကြည်စိတ်များမထားကြရန် ‌ပြောလိုသည်ဟု တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က အခမ်းအနားမိန့်ခွန်းတွင်ထည့် သွင်း‌ပြော ဆိုလိုက်သည်။

ယ‌နေ့ပြုလုပ်သည့် NCA လက်မှတ်ထိုးပွဲ အခမ်းအနားသို့ နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်၊ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်‌တော်နှင့် ပြည်သူ့လွှတ်‌တော်ဥက္ကဌများ၊ တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ်၊ ပြည်‌ထောင်စုဝန်ကြီးများနှင့် ပြည်‌ထောင်စုအဆင့်အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာသံရုံးတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးတို့တက်‌ရောက်ခဲ့သည်။

အလားတူ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဌနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များလည်း တက်‌ရောက်ခဲ့သည်။

လက်ရှိ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ၂၀၁၅ ခုနှစ် ‌အောင်တိုဘာ ၁၅ ရက်‌နေ့တွင်လက်မှတ်ထိုးခဲ့ပြီး ယခု မွန်ပြည် သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ထိုးလိုက်သည့် အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ NCA ကို အသီးသီး ပါဝင်လက်မှတ်ထိုးထားပြီး ဖြစ်သည်။