Home သတင်း စိတ်ကြွ‌ဆေးပြား တစ်‌သောင်း‌ကျော်နှင့် ဘိန်းမဲ တစ်ကီလိုကို ‌ကေအဲန်ယူရဲတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

စိတ်ကြွ‌ဆေးပြား တစ်‌သောင်း‌ကျော်နှင့် ဘိန်းမဲ တစ်ကီလိုကို ‌ကေအဲန်ယူရဲတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

3154

‌ဖေ‌ဖော်ဝါရီ ၂၆ရက်၊ ၂၀၁၈ခုနှစ်။ ‌စောခါးစူးညား

မြင်း‌ဆေး (‌ခေါ်) မူးယစ်စိတ်ကြွ‌ဆေးပြား အလုံး တစ်‌သောင်း‌ကျော်နှင့် ဘိန်းမဲ တစ်ကီလိုကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး၏ ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(Karen National Police Force – KNPF)က ‌ဖေ‌ဖော်ဝါရီ ၂၅ရက်‌နေ့ တွင် မီးရှို့ဖျက်ဆီးလိုက်‌ကြောင်း ခရိုင် KNPF တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါစိတ်ကြွ‌ဆေးပြား၊ ဘိန်းမဲနှင့် ‌ဆေး‌ခြောက်အနည်းငယ်တို့ကို ၂၀၁၇ခုနှစ်အတွင်းက ဒူးပလာယာခရိုင်ရှိ နို့တ‌ကော(ကြာ အင်း)၊ ‌ကော့ကရိတ်၊ ကျုံဒိုးနှင့် ‌ဝေါင်း‌ရော်(ဝင်း‌ရေး)မြို့နယ်‌လေးခုတို့တွင် KNPF က ဖမ်းဆီးရမိခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၂၅ရက် ‌နေ့က ပြုလုပ်သည့် ဒူးပလာယာခရိုင် KNPF ရုံးဖွင့်ပွဲ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အခမ်းအနား တက်‌ရောက်သည့် ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဒုရဲတပ်ဖွဲ့မှူး ဗိုလ်မှူး‌စောမူး‌ကော်စိုးက “ကျ‌နော်တို့ ဒီရုံးကို ဖွင့်ရ တာက တရားဥပ‌ဒေစိုးမိုး‌ရေး၊ နယ်‌မြေ‌အေးချမ်းသာယာ‌ရေးနှင့် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးအတွက် ရည်ရွယ်တာ‌ပေါ့‌နော်။ ပြီး‌တော့ ကျ‌နော်တို့ ဖမ်းဆီးရမိထားတဲ့ မူးယစ်‌ဆေးဝါး‌တွေကို ဒီအခမ်းအနားမှာ အများသိ‌အောင် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအခမ်းအနားသို့ ကရင်အမျိုးသားကရင်ရဲတပ်ဖွဲ့(KNPF) ဗဟိုမှ ဒုဗိုလ်မှူးကြီး‌စောဗိုလ်သိန်း၊ ဒူးပလာယာခရိုင် ရဲမှူးကြီး ဒုဗိုလ် မှူးကြီး‌စောတ‌ခေါ့ (ခ) ‌စောတီးတု အပါအဝင် ခရိုင်အတွင်း‌ရေးမှူးများ၊ ခရိုင်တရားသူကြီး၊ ခရိုင်အတွင်းရှိ ခရိုင်တရားသူကြီး၊ KWO-ကရင်အမျိုးသမီးအစည်းအရုံး၊ KYO-ကရင်လူငယ်အစည်းအရုံး‌ခေါင်း‌ဆောင်များနှင့် ‌ဒေသခံများ စုစု‌ပေါင်း (၃၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

(၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ကရင်အမျိုးသားရဲတပ်ဖွဲ့ကို စနစ်တကျ ပြန်လည်သတ်မှတ် အတည်ပြုပြီး‌နောက် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေရှိ ခရိုင်များဖြစ်သည့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့်ခရိုင်(၇)ခုအနက် KNPF ခရိုင်ရုံးအဖြစ် ယခုလို ဖွင့်လှစ်လိုက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်ရဲတပ်ဖွဲ့အ‌နေဖြင့် ခရိုင်အတွင်းရှိ မူးယစ်‌ဆေးဝါး အမှုအခင်းများအပြင် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှု စသည့် ရာဇဝတ်မှုများကို သက်ဆိုင်ရာ ‌ကေအဲန်ယူ၏ တရားစီရင်‌ရေး ဥပ‌ဒေနှင့်အညီ ကိုင်တွယ်‌ဖြေရှင်းလျှက်ရှိရာ လက်ရှိ အချိန်တွင် ၎င်းအမှုများဖြင့် အကျဉ်းသား ၄၀‌ကျော်ကို ထိန်းသိမ်းထားလျှက်ရှိသလို မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းများ ကို အစိုးရ ရဲတပ်ဖွဲ့နှင့်လည်း ပူး‌ပေါင်းလုပ်‌ဆောင်မှု တစုံတရာရှိသည်ဟုလည်း ခရိုင်ရဲမှူးကြီး ဒုဗိုလ်မှူးကြီး‌စောတီးတုက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

“ကျ‌နော်တို့ ရုံးဖွင့်ပွဲမှာ မူးယစ်‌ဆေး‌တွေ ဒီလိုမီးရှို့တာ အာဏာ‌တွေ၊ ခြိမ်း‌ခြောက်မှု‌တွေ လုပ်တာမဟုတ်ပါဘူး။ အပြတ်ရှင်းထုတ် နိုင်မယ်လို့လည်း မဆိုလိုပါဘူး။ ဒါ‌ပေမယ့် ကျ‌နော်တို့နယ်‌မြေမှာ ‌လျော့နည်း‌အောင်‌တော့ လုပ်‌ဆောင်သွားရမယ်”ဟု ဒုဗိုလ်မှူး ကြီး‌စောတီးတုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းမြို့နယ်၊ ပ‌လောထို့ကီ‌ကျေးရွာသား ‌စောတာ့စီပ‌လောက “ကျ‌နော်က‌တော့ ဒီ‌ဆေး‌တွေ မမြင်ဖူးဘူး။ ကျ‌နော်တို့ရွာက လူငယ်‌တွေ တချို့ အဲ့ဒါနဲ့ မိဘ‌တွေ ‌ပြောရ၊ ထိန်းမရ။ ကျ‌နော်တို့‌ခေါင်း‌ဆောင်‌တွေ ဒီလိုုလုပ်တာ‌တော့ ကျ‌နော့်အ‌နေနဲ့‌တော့ ဝမ်းသာတယ်။”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလကလည်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်ရှိ ‌ဝေါင်း‌ရော်မြို့နယ်အတွင်း၌ ကရင်အမျိုးသားရဲတပ် ဖွဲ့(KNPF)သည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် ပူး‌ပေါင်း၍ ဖမ်းဆီးရမိသည့် စိတ်ကြွ‌ဆေးပြား ၂၀၀ဝ ‌ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။