Home သတင်း ကျန်းမာ‌ရေးစနစ်ကိုမြှင့်တင်သွားရန် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ဆုံးဖြတ်

ကျန်းမာ‌ရေးစနစ်ကိုမြှင့်တင်သွားရန် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ဆုံးဖြတ်

2185

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

‌ပြောင်းလဲလာသည့် နိုင်ငံ‌ရေးဖြစ်စဉ်များနှင့်အတူ ကျန်းမာ‌ရေးစနစ်တိုးတက်‌ကောင်းမွန်‌အောင်‌ပြောင်းလဲ မြှင့်တင်သွားရန် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)က ‌ဖေ‌ဖော်ဝါရီလ ၅ ရက်မှ ၇ ရက်‌နေ့အထိပြုလုပ်သည့် ၎င်းတို့၏ ၃၉ ကြိမ်‌မြောက် ပုံမှန် ၆ လပတ်နှင့် နှစ်ကုန်အစည်းအ‌ဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

ကျန်းမာ‌ရေးလက်လှမ်းမမီနိုင်‌သော ‌ဒေသများတွင် ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေး‌နေသည့် BPHWT အဖွဲ့ အ‌နေဖြင့် လတ်တ‌လော‌ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့်အတူ ၎င်းတို့၏ ကျန်းမာ‌ရေးဝန် ‌ဆောင်မှုပိုမိုစ နစ်တကျဖြစ်လာ‌စေရန် ကျန်းမာ‌ရေးစနစ်မြှင့်တင်မှုများကို ဦးစား‌ပေးလုပ်‌ဆောင်သွားရန် အစည်းအ‌ဝေး၌ ဆုံးဖြစ်ခဲ့ကြ သည်ဟု အဖွဲ့၏ ဒါရိုက်တာ ‌စောဝင်း‌ကျော်က ယခုလို‌ပြောသည်။

၎င်းက“ ကျန်းမာ‌ရေးစနစ်ကိုမြှင့်တင်တဲ့‌နေရာမှာ အဆင့်‌တွေရှိတယ်။ ကျန်းမာ‌ရေးဆိုင်ရာအုပ်ချုပ်မှု၊ ‌ငွေ‌ရေး ‌ကြေး‌ရေး၊ နည်းပညာပိုင်း၊ ဝန်‌ဆောင်မှုလုပ်ငန်း၊ ‌ဆေးဝါးဆိုင်ရာထိန်းသိမ်းမှုစသည်ဖြင့်‌ပေါ့။ အဲ့ဒါ‌တွေကို ထဲထဲ ဝင်ဝင်နဲ့ပူး ‌ပေါင်းပါဝင်သွားဖို့ရှိတယ်။ ‌ပြောရမယ်ဆိုရင် အစိုးရရဲ့ကျန်းမာ‌ရေးစနစ်‌ပြောင်း လဲလာ တာရှိတယ်။ အဲ့ဒီ‌ပြောင်းလဲလာမှုအ‌ပေါ်အ‌ခြေခံပြီး ကျ‌နော်တို့ဘက်က ကိုယ့်‌ဒေသနဲ့ကိုယ်လုပ်နိုင်တဲ့အပိုင်း ကိုအ‌ကောင်းဆုံး လုပ်ဖို့စဉ်းစားထားကြတာပါ ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိတွင် မြန်မာပြည်‌မြောက်ပိုင်း‌ဒေသများ၌ အစိုးရတပ်မ‌တော်နှင့် တိုင်းရင်းသား ‌တော်လှန်‌ရေး လက်နက် ကိုင်းများ အကြား တိုက်ပွဲများပြင်းထန်‌နေသည့်အ‌ပေါ်တွင်လည်း ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများကို တတ်နိုင်သည့် အခန်းကဏ္ဍ ဘက်တွင် အ‌ကောင်းဆုံးဝန်‌ဆောင်မှုများ‌ပေးသွားရန် အစီအစဉ်များချမှတ်ခဲ့သည်ဟုလည်း ‌စောဝင်း‌ကျော်က ဆက်‌ပြောသည်။

(BPHWT) ကို စစ်ပွဲဖြစ်ပွားရာ တိုင်းရင်းသား‌ဒေသများတွင် မရှိမဖြစ်‌သော ပဏာမကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများကို ဝန်‌ဆောင်မှု‌ပေးနိုင်ရန် ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် ကချင်၊ ကရင်နီ၊ သျှမ်း(ရှမ်း)၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း၊ ပအိုဝ်း၊ ပ‌လောင်နှင့် ကယန်းစသည့် တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး အစိုးရ လက်လှမ်းမ မီနိုင်သည့် တိုင်းရင်းသား‌ဒေသများတွင် အခမဲ့ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုကို ဝန်‌ဆောင်မှု ‌ပေးလျက်ရှိသည်။

‌ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့်အတူ နယ်စပ်ဖြတ်‌ကျော် အကူအညီ‌ပေးသည့် နိုင်ငံတကာအဖွဲ့အစည်း များမှ ပြည်တွင်းထဲသို့ တိုက်ရိုက်ဝင်‌ရောက်အကူအညီ‌ပေးမှုများ ပိုမိုများလာခြင်း‌ကြောင့် နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေး‌နေသည့်အဖွဲ့အစည်းများအ‌နေဖြင့် အကူအညီအ‌ထောက်အပံ့များ ‌လျော့နည်းလာသည့်အ‌ပေါ် ကျန်းမာ‌ရေး ဝန်‌ဆောင်မှုကို လုပ်‌ဆောင်ရာတွင် စိန်‌ခေါ်မှုများ လတ်တ‌လောကြုံ‌တွေ့‌နေရသည်ဟုလည်း BPHWT ဒါရိုက်တာက ‌ပြောသည်။

သုံးရက်တာပြုလုပ်ကျင်းပသည့် BPHWT၏ အစည်းအ‌ဝေးတွင် အဖွဲ့ဝင် တိုင်းရင်းသားကျန်းမာ‌ရေး ကိုယ်စား လှယ်‌ပေါင်း(၁၂၀)‌ကျော် တက်‌ရောက်ခဲ့ပြီး ပုံမှန်သွား‌နေသည့် ကုသ‌ရေး၊ ကာကွယ်‌ရေးနှင့် မိခင်နှင့်က‌လေး ကာကွယ်‌စောင့်‌ရှောက်‌ရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်း၊ ကျန်းမာ‌ရေးဆိုင်ရာ စီမံ‌ဆောင်ရွက်မှုလုပ်ငန်းများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ယခင်လဇန်နဝါရီ ၂၆ ရက်‌နေ့က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင်းရှိ ပယင်း‌မှော်တွင်း အလုပ်လုပ် ကိုင်‌နေကြ‌သော ပြည်သူလူထု‌ထောင်ချီရှိသည့် ပယင်း‌မှော်‌ဒေသအ‌ပေါ် အစိုးရတပ်မ‌တော်မှ ဂျက်‌လေယာဉ် နှစ်စင်း ဖြင့် ဗုံးကြဲပစ်ခတ်မှု‌ကြောင့် ‌ဒေသခံနယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားဖြစ်သူ Maran Seng Ra အပါအဝင်၊ ‌ဒေသခံ အမျိုးသမီး (၂)ဦးနှင့် က‌လေးငယ်တစ်ဦး ထိမှန်‌သေဆုံးခဲ့ပြီး ၎င်းမဆင်မခြင်ဗုံးကြဲပစ်ခတ်မှုအ‌ပေါ် ရှုတ်ချကန့်ကွက်‌ကြောင်း ‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့ရက်စွဲဖြင့် BPHWTမှ သ‌ဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်လုပ်‌ဆောင်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပ‌ဒေအား အထင်အရှား ချိုး‌ဖောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်း‌ရေးအခွင့်အလမ်းများအ‌ပေါ် ဆိုးရွားစွာအကျိုးသက်‌ရောက်မှုရှိခြင်း‌ကြောင့် နှစ်ဖက်ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ၎င်း‌ဒေသရှိ စစ်အင်အားများကို ပြန်လည် ရုပ်သိမ်း‌ပေး ရန်ကိုပါ ထုတ်ပြန်ချက်၌ ‌တောင်းဆိုခဲ့သည်။