Home သတင်း ကရင်အမျိုးသား သဟာယအသင်း ရုံးခန်းစတင်ဖွင့်လှစ်

ကရင်အမျိုးသား သဟာယအသင်း ရုံးခန်းစတင်ဖွင့်လှစ်

1804

‌ဖေ‌ဖေါ်ဝါရီ ၂၄ရ က်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၆ ခုနှစ်တွင် ပြည်ထဲ‌ရေးဝန်ကြီးဌာန၏ တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်ရရှိထားသည့် ကရင်အမျိုးသား သဟာယအသင်း ရုံးခန်းစတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို အသင်းရုံးချုပ်တည်ရှိရာ၊ ရန်ကုန်မြို့၊ အင်းစိန်မြို့ နယ်၊ နံသာကုန်းရပ်ကွက်၊ ဘူတာရုံလမ်း အမှတ် (၇/စီ)၌ ‌ဖေ‌ဖေါ်ဝါရီ ၂၄ ရက်၊ မွန်းလွဲ ၃ နာရှိတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအသင်းကို ကရင်အမျိုးသားများ စည်းလုံးညီညွတ်‌ရေး၊ နိုင်ငံ‌ရေးအသိရှိလာ‌စေ‌ရေး၊ ပညာ‌ရေးနှင့် လုပ် ငန်းကျွမ်း ကျင်မှု တိုးတက်‌ရေး၊ စီးပွား‌ရေးဖွံ့ဖြိုးမှုနှင့် လူမှု‌ရေးအသိမြင့်မားလာ‌စေရန်၊ ကျန်းမာ‌ရေး‌ကောင်းပြီး အားကစား လှုပ်ရှား များရှိ‌စေရန်၊ စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာများ ‌ဖော်ထုတ်၊ ထိန်းသိမ်း မြှင့်တင်ရန်၊ ကရင်လူ မျိုးတိုင်း စိတ်ဓါတ်နှင့် ကိုယ့်ကျင့်တရားမြှင့်တင်‌ရေး၊ သဘာဝသယံဇာတ စနစ်တကျ ထုတ်ယူသုံးစွဲ‌ရေးနှင့် ပတ် ဝန်းကျင်ထိန်းသိမ်း‌ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားတည်‌ထောင်ခဲ့ခြင်းဖြစ်သည်ဟု အသင်း အလုပ်မှု‌ဆောင်အဖွဲ့ အတွင်း‌ရေးမှူး ‌စောစန်းဒိုက ဖွင့်ပွဲအခမ်းအနားတွင် ‌ပြောသည်။

ကရင်အမျိုးသား သဟာယအသင်းကို ပြည်ထဲ‌ရေးဝန်ကြီးဌာနထံ တရားဝင်မှတ်ပုံတင်‌လျှောက်ထားစဉ်က ဦး ‌ဆောင် ‌ကော်မတီဝင် ၁၅ ဦးရှိပြီး ဥက္ကဌအဖြစ် အငြိမ်းစားပါ‌မေက္ခ‌စောထွန်း‌အောင်ချိန်၊ ဒုဥက္ကဌ အဖြစ် ‌စောထွန်း‌အောင်မြင့် တို့က တာဝန်ယူထားသည်။ ထို့အပြင်အသင်း လုပ်ငန်း‌ဆောင်တာများလုပ်‌ဆောင်ရန် အလုပ်အမှု‌ဆောင်‌ကော်မတီကို ဖွဲ့စည်းထားပြီး ဥက္ကဌအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တွင် တာဝန်ထမ်း‌ဆောင်ခဲ့ဖူး သူ‌စောလယ်ဝါး၊ အတွင်း‌ရေးမှူးအဖြစ် ‌စောစန်းဒိုတို့ ပါဝင်သည့် ‌ကော်မတီဝင် ၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဖွဲ့ ဦး‌ဆောင်‌ကော်မတီ ဒုဥက္ကဌ ‌စောထွန်း‌အောင်မြင့်က “ ကျ‌နော် အခုဖွင့်ပွဲ အခမ်းအနားမှာ စကား‌ပြောတာ ပါတီနဲ့‌ရော နိုင်ငံ‌တော်တာဝန်‌တွေနဲ့‌ရော လုံးဝမဆိုင်ပါဘူး။ ကရင်တစ်ဦးအ‌နေနဲ့ ‌ပြောတာပါ။ ကျ‌နော်တို့စတင်ဖွဲ့စည်းစဉ်က ပါခဲ့တယ် ဆို‌ပေမဲ့ နိုင်ငံ‌ရေးပိုင်းလုပ်ကိုင်‌နေလို့မအားပါဘူး။ အသင်းလုပ်ငန်း‌အောင်မြင်ဖို့ သီးခြား အလုပ်အမှု‌ဆောင်အဖွဲ့ကို ဖွဲ့ပြီးတာဝန်‌ပေးထားပါတယ်။ အဓိကက‌တော့ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသားဖွံ့ ဖြိုးတိုးတက်‌ရေးလုပ်သွားဖို့ ရည်ရွယ်တာပါ” ဟု ဖွင့်ပွဲ အခမ်းအနားအမှာ စကားတွင် ထည့်သွင်း‌ပြောဆိုသည်။

ထို့အပြင် အသင်းအ‌နေဖြင့် လုပ်ငန်းများလုပ်‌ဆောင်ရာတွင် ကရင်အမျိုးသားများထံမှ ထည့်ဝင်လှူဒါန်း‌ငွေများကို အဓိက အားထား‌သော်လည်း တခြား အဖွဲ့အစည်းများဖြစ်သည့် NGO၊ INGO များနှင့်လည်း ချိတ်ဆက်ကာ အ‌ခြေအ‌နေ အချိန်အခါအ‌ပေါ်မှုတည်လုပ်ကိုင် သွားရန်ရှိသည်ဟု အသင်းအလုပ်အမှု‌ဆောင်ဥက္ကဌ ‌စောလယ်ဝါး က ‌ပြောသည်။

ယခုလို ကရင်အမျိုးသား သဟာယအသင်း ဖွဲ့စည်း‌ပေါ်‌ပေါက်လာသည်ကို ကြိုဆိုလိုပြီး အသင်းအ‌နေဖြင့် ပါတီ ‌နောက်ခံပြုအဖွဲ့အစည်း၊ သို့မဟုတ် NGO ပုံစံနှင့် အမျိုးသား‌ရေး သီးသန့်လုပ်သည့် အဖွဲ့ပုံစံလားဆိုသည်ကို အသင်း လုပ်‌ဆောင်မှုများကို ကြည့်ကာ အများဆုံးဖြတ်သွားလိမ့်မည်ဟု ဖွင့်ပွဲအခမ်းအနား တက်‌ရောက်လာ သည့် ‌စောလင်းထက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အသင်းကို ၂၀၁၂ ခုနှစ်၊ ‌မေ ၂၅ ရက်‌နေ့တွင် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲ‌ရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်အတွင်းက ယာယီမှတ်ပုံတင်ခွင့်ပြု‌ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်‌နေ့တွင် အသင်း အဖွဲ့ မှတ်ပုံတင် အမှတ် ၁/ ပြည်တွင်း/ ဝ၂၂၈ ဖြင့် ၅ နှစ်သက်တမ်းရှိ အသင်းအဖွဲ့မှတ်ပုံတင်ရရှိထားသည်ဟု အသင်းတာဝန်ရှိသူများထံမှ သိရသည်။