Home သတင်း ကရင်လူငယ်ပန်းချီဆရာတစ်ဦး၏ ပထမဆုံး‌သော တကိုယ်‌တော်ပန်းချီပြပွဲကို ဖားအံတွင်ပြုလုပ်

ကရင်လူငယ်ပန်းချီဆရာတစ်ဦး၏ ပထမဆုံး‌သော တကိုယ်‌တော်ပန်းချီပြပွဲကို ဖားအံတွင်ပြုလုပ်

1980

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူငယ်ပန်းချီဆရာတစ်ဦးဖြစ်သူ ‌စောထွန်းလင်း၏ တကိုယ်‌တော်ပန်းချီပြပွဲကို ကရင်ပြည်နယ် ပြန်ကြား ‌ရေး နှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန Community Centre လူထုအ‌ခြေပြု ဗဟိုဌာနတွင် ‌ဖေ‌ဖော်ဝါရီလ ၁ဝ ရက် ‌နေ့မှစတင်ကာ ဖွင့်လှစ်ပြသလျှက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲမှာ ‌စောထွန်းလင်း၏ ပထမဆုံး‌သော တကိုယ်‌တော်ပန်းချီပြပွဲဖြစ်သည်ဟုသိရပြီး ယင်းပြပွဲပြု လုပ်ဖြစ်ပုံနှင့်ပတ်သက်၍ ၎င်းက “ ကျ‌နော်ပန်းချီပြပွဲလုပ်ဖြစ်ရင် ကိုယ့်ကရင်ပြည်နယ်မှာ ပထမဆုံးလုပ်မယ်လို့ စိတ်ကူးရှိပြီးသားပါ။ ‌ကျောင်းပြီး‌ပေမယ့်လို့ အဆင်သင့်မဖြစ်‌သေးတာနဲ့ မပြဖြစ်ဘူး။ အခုက‌တော့ ကိုယ့်ကို ကိုယ်ယုံကြည်မှုရှိလာလို့ ဒီပွဲ‌လေးကိုလုပ်ဖြစ်တာပါ” ဟု‌ပြောသည်။

၇၁ နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ပြန်ကြား‌ရေး နှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနမှ ပြုလုပ်သည့် ‌ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့်စာအုပ်‌ဈေး‌ရောင်းပွဲ‌တော်နှင့်တွဲဖက်ကာ တကိုယ်‌တော်ပန်း ချီပြပွဲကိုထည့်သွင်း ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်သည်။

ယခုပန်းချီပြပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ အထင်ကရ ‌နေရာများအား သရုပ်‌ဖော်‌ရေးဆွဲထားသည့် ပန်း ချီကားမျာအပါအဝင် မြန်မာရိုးရာယဉ်‌ကျေးမှုသရုပ်‌ဖော်ထားသည့်ပန်းချီကား ကြီး၊ ‌သေး စုစု‌ပေါင်း ၅ဝ ကို ‌ဖေ ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့အထိ ပြသ‌ရောင်းချသွားမည်ဖြစ်သည်ဟု သိရသည်။