လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

သွေးများစွန်းနီ ဖေဖော်ဝါရီ

ကောင်းကင်

ကရင်ပြည်နယ် ဒေါနထိပ်ဝယ်
ကြယ်ရောင်ထွန်းလင်း အလင်းဖြာဝင်း
မွေးဖွားရောက်ရှိ လူလောကဘိ
ဇူလိုင်လ၀ယ် ငါးရက်နေ့တိုင်။
ဧရာဝတီ ပန်းတနော်ဆီ
အမိနမ့်တင် အဖမန်းဘ
မွေးချင်းနှမ ဒုတိယက
အမည်ရင်းမှာ မန်းချစ်ရွှေပါ။
ငယ်စဉ်မှစ ပညာကဏ္ဍ
ဆုံးထက်သည့်တိုင် တက္ကသိုလ်သမိုင်း
မျိုးချစ်စိတ်ဓာတ် အားမာန်ခိုင်ကြံ့
ကေအဲန်ယူဝင် ထမ်းဆောင်ခဲ့ပင်။
ကရင့်တော်လှန် အရေးခင်းပြန်
တာဝန်ကျေပွန် တစ်ဖက်စွန်းကျွံ
လူမျိုးအကျိုး သယ်ပိုးသည့်ပြင်
ရဲမေနမ့်ကျင် မင်္ဂလာခန်းဝင်
ထွန်းကားရတနာ လေးယောက်သားဖွား။

စစ်ရေးဦးဆောင် ကိစ္စမရှောင်
စစ်မှန်သတ္တိ မျိုးဂုဏ်ရည်တင့်
ကရင့်မြေကြောင်း ဒုသူရဲကောင်း
သူစွမ်းဆောင်မည် တို့အတွက်ပင်။
တန်းတူကိုယ်ပိုင် ပြဌာန်းခွင့်ကိုင်
ညီညွတ်စည်းလုံး ကရင်အားလုံး
တက်ညီလက်ညီ ဒီမိုကရေစီ
ရရှိရေးဟာ တို့များတွက်သာ။
ဇွဲနှင့်သတ္တိ ရဲရင့်မဏီ
ကြံ့ကြံ့ခိုင်ခိုင် အသက်ဆုံးတိုင်
ကြိုးပမ်းခဲ့သူ ကရင်နှင့်အတူ
ဖဒိုမန်းရှာ တို့ဖခင်ပါ။
ယခုချိန်ခါ အောက်မေ့ကာလာ
ဒေါနကြီးလည်း အထီးကျန်ဆဲ
လွမ်းဆွတ်တမ်းတ သတိတွေရ
မမေ့ပျောက်နိုင် ယနေ့ ထိတိုင်
တစ်မျိုးသားလုံး မျက်ရည်ကျရှုံး
ဆယ့်လေးရက်နေ့ အမြဲအောက်မေ့
သွေးများစွန်းနီ ဖေဖော်ဝါရီ။