Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရှင်းပြရန် KNU နှင့် KCBOs/KSCOs တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရှင်းပြရန် KNU နှင့် KCBOs/KSCOs တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

2706

ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်ကို အသိ‌ပေးရှင်းလင်းရန် ကရင်လူမှုအ‌ခြေပြုအဖွဲ့အစည်း KCBOs၊ ကရင်လူမှု အ‌ခြေပြု အရပ်ဖက်အဖွဲ့အစည်း -KCSOs တို့ ‌တွေ့ဆုံပွဲတစ်ခုကို ဇန်နဝါရီလ ၂၉ရက်မှ ၃ဝရက်‌နေ့အထိ KNU ထိန်းချုပ်နယ်‌မြေ၊ ‌လော်ခီးလာတွင် ပြုလုပ်ကျင်းပလျက်ရှိသည်။

၎င်းပြုလုပ်သည့် နှစ်ရက်တာ‌ဆွေး‌နွေးပွဲတွင် လတ်တ‌လော နိုင်ငံ‌ရေးအခြအ‌နေနှင့် KNU၏ နိုင်ငံ‌ရေးဆိုင်ရာ ရပ်တည်ချက် ‌ပေါ်တွင် အ‌ခြေခံပြီး ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျရာကဏ္ဍတွင် အတူတကွ ‌ဆောင်ရွက်ရန်နှင့် ‌ဆွေး‌နွေးသွားရန် ရည်ရွယ်ပြီး ‌တွေ့ဆုံပွဲကို ကျင်းပခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ၏ တွဲဘက်အတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ KNU က ‌ဖော်‌ဆောင်တဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်‌တွေ ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအဆင့်ဆင့်‌တွေက ကရင်လူမှုအဖွဲ့အစည်း‌တွေ၊ ကရင်ပါတီ ‌တွေ‌သော်လည်း‌ကောင်း ဒီလို‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမဖြစ်မ‌နေ လုပ်ဖို့က KNUက ချမှတ်ထားတဲ့ ‌ရှေ့လုပ်ငန်းစဉ်မှာရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ပြုလုပ်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် လက်ရှိငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဖြစ်စဉ်အား ‌ဆွေး‌နွေးတင်ပြခြင်း၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ ပူးတွဲ‌ကော်မတီ-UPDJC ဆိုင်ရာ၊ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကဏ္ဍဆိုင်ရာအ‌ခြေအ‌နေ ၊ အရပ်ဖက်အဖွဲ့အစည်း(CSOs Forum ) ဆိုင်ရာ၊ အပစ်ရပ် ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ -JMC ဆိုင်ရာ ၊ UPC -ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံဆိုင်ရာ အ‌ခြေအ‌နေများကို အမြင်သ‌ဘောထားနှင့် အကြံပြုချက်များကို တင်ပြ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။

မွန်ပြည်နယ် ဗဟိုစာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ ‌စောဟို‌ရှေးက “ ၂၁ရာစု ပင်လုံတတိယအကြိမ်မှာ ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံးရဲ့ အသံ တကယ်လိုအပ်ချက်များကို ဟာကွက်မရှိ‌အောင်ပါ‌စေချင်တယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ဘက်က မအားတဲ့ကြားက ဒီပွဲမှာ တက်‌ရောက်တယ်။ ဒါဟာ ကရင်တို့ရဲ့သမိုင်း၊ ကျ‌နော်တို့ရဲ့‌ကောင်း တဲ့အနာဂတ် ဖန်တီးနို်င်ဖို့ဖြစ်တယ်။ သက်ဆိုင်ရာ လူကြီး‌တွေ အား‌ပေးတယ်။ ဒါက တကယ့်အခွင့် အ‌ရေးကြီး ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် KNU ၏ ဗဟို‌ကော်မတီဝင်၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကရင်လူမှုအ‌ခြေပြုအဖွဲ့အစည်း KCBOs၊ ကရင်လူမှုအ‌ခြေပြု အရပ်ဖက်အဖွဲ့အစည်း -KCSOs စုစု‌ပေါင်း ၄၄ဖွဲ့မှ ကိုယ်စားလှယ် ၁၄၅ဦးတက်‌ရောက်ခဲ့ကြသည်။