Home ထိပ်တန်းသတင်း ‌စောဘဦးကြီးရုပ်ထု စိုက်ထူခွင့်မရသည့်‌နေရာတွင် ‌ကေအဲန်ယူ ပြတိုက်ဖွင့်မည်

‌စောဘဦးကြီးရုပ်ထု စိုက်ထူခွင့်မရသည့်‌နေရာတွင် ‌ကေအဲန်ယူ ပြတိုက်ဖွင့်မည်

4457

ဇန်နဝါရီ ၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်နယ်လုံးဆိုင်ရာ နှစ် ၈ဝ ပြည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့တွင် ‌စောဘဦးကြီး ရုပ်ထု စိုက်ထူခွင့်မရသည့် ‌နေရာတွင် သမိုင်းပြတိုက်တစ်ခု ထားရှိသွားမည်ဟု ‌ကေအဲန်ယူ- ကရင်အမျိုး သားအစည်းအရုံး၊ ဝင်‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌ပြောသည်။

၎င်းက “နှစ်သစ်ကူး‌နေ့မှာ အမျိုးသားအာဇာနည်‌ခေါင်း‌ဆောင်ရုပ်ထု တင်ခွင့်မရ‌တော့ သမိုင်းတစ်‌ကွေ့မှာ ကျန်ခဲ့ပါလိမ့် မယ်။ အဲ့ဒီ‌နေရာကို ရုပ်ထုမထား‌တော့ပါဘူး။ မျိုးဆက်သစ်လူငယ်‌တွေ သမိုင်းအ‌နေနဲ့သိနိုင်‌အောင် ပြတိုက်အ‌နေနဲ့ ထားရှိသွားမယ်”ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၃ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို အမျိုးသား‌ရေး သမိုင်းအ‌ကြောင်းအရာများ ‌ဖော်ထုတ်ခွင့်ကို ပိတ်ပင်ဟန့်တား ခံရသည့်အ‌ပေါ် သမိုင်းမှတ် တမ်း အပြည့်အစုံပြုစုပြီး မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းသိရှိ‌ရေးနှင့် ‌စောဘဦးကြီးရုပ်ထု စိုက်ထူ နိုင်‌ရေးကို ရပ်တန့် မထားဘဲ ဆက်လုပ်‌ဆောင်သွားမည်ဟု ပဒို‌စော‌မောင်‌ရွှေက ဆက်‌ပြောသည်။

ဝင်း‌ရေးမြို့နယ် ‌ဒေသခံ ‌စောထူးထူးက“လူထုက ရပ်တည်‌ပေး‌နေပြီး လုပ်ထုံး၊ လုပ်နည်း နည်းလမ်း‌တွေ သူတို့ ဘယ်လိုလုပ် မလဲ။ KNU ရဲ့ ဂုဏ်သိက္ခာ သူတို့အစားရှက်မိတယ်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီး‌ရေးဆိုတဲ့ ‌ခေါင်းစဉ်‌တောင် မ‌ရောက်‌သေး ဘူး၊ သက်မဲ့တဲ့ ကိုယ့်‌ခေါင်း‌ဆောင်ရုပ်ထု‌လေး‌တောင်မှ အသိအမှတ်ပြု စိုက်ထူခွင့်မ‌ပေးဘူးဆိုရင် သူများရဲ့သ‌ဘောထားက ဘယ်လိုလဲဆိုတာ သိဖို့လိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ် ၈ဝ ပြည့် ဝင်း‌ရော် ‌ဒေသလုံးဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့တွင် ကရင့်အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီး ရုပ်ထု ဂုဏ်ပြု စိုက်ထူမည့်အ‌ပေါ် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်တွင် ‌ဒေသတွင်း လာ‌ရောက်အ‌ခြေစိုက် စစ်တပ်မှ အထက်ညွှန်ကြားချက် အရ စိုက်ထူခွင့်မပြုနိုင်ဟုဆိုကာ ကန့်ကွက်ခံခဲ့ရသလို နိုဝင်ဘာ ၂၆ ရက် ‌နေ့စွဲဖြင့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခတ်မှု ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-S) က KNU ဗဟို ‌လေးဝါးစခန်းတွင်သာ ထားရှိနိုင်သည်ဟု အသိ‌ပေးပြန်ကြားစာ ထုတ် နှစ်သစ်ကူး‌ကော်မတီထံ ‌ပေးပို့ခဲ့သည်။