Home သတင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ပြန်‌ရွေးမည့်ကိစ္စ ညှိနှိုင်းလုပ်‌ဆောင်ရန် KNU ‌ပြောဆိုမှုအ‌ပေါ် နယ်လုံဝန်ကြီး ကန့်ကွက်

‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ပြန်‌ရွေးမည့်ကိစ္စ ညှိနှိုင်းလုပ်‌ဆောင်ရန် KNU ‌ပြောဆိုမှုအ‌ပေါ် နယ်လုံဝန်ကြီး ကန့်ကွက်

2198

ဇန်နဝါရီ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (‌ကေအဲန်ယူ-ဝင်း‌ရေးမြို့နယ်) အတွင်းရှိ၊ နှစ်ဖက် ထိစပ်‌ရော‌နှောအုပ်ချုပ်သည့် နယ်‌မြေအတွင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ ပြန်လည်‌ရွေး‌ကောက်မည့်ကိစ္စ ညှိနှိုင်းလုပ်‌ဆေင်ရန် ‌ကေအဲန်ယူ ‌ပြောဆိုမှုအ‌ပေါ် ပြည်နယ်အစိုးရ၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးက ကန့်ကွက်‌ကြောင်း စာထုတ်ပြန်‌ပေးပို့ခဲ့သည်ဟု ‌ဒေသတွင်း ‌ကေအဲန်ယူတာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်‌နေ့တွင် ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူများက ‌ဒေသတွင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ ပြန်လည်‌ရွေး‌ကောက်မည့် ကိစ္စကို နှစ်ဘက်ညှိနှိုင်း လုပ်‌ဆောင်ရန် သက်ဆိုင်ရာသို့ အသိ‌ပေးစာထုတ်‌ပေးပို့ ခဲ့သည့်အ‌ပေါ် ပြည်နယ်အစိုးရ၊ လုံခြုံ‌ရေး နှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်း‌နောင်က ဇန်နဝါရီ ၉ ရက်‌နေ့ရက်စွဲဖြင့် ကန့်ကွက်စာ ထုတ်ပြီး ပြည်နယ် JMC-S၊ ဆိုင်ရာ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးများသို့ ‌ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကန့်ကွက်စာတွင် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ ‌ရွေးချယ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ ‌ဆောင် ရွက်ခြင်းဖြစ်ကာ ‌ကေအဲန်ယူအ‌နေဖြင့် နယ်ဘက် အုပ်ချုပ်‌ရေးကိစ္စရပ်များကို ဝင်‌ရောက်စွက်ဖက်ခြင်း မပြုရန် ‌ဖော်ပြထားသည်။

၎င်းဖြစ်စဉ်အ‌ပေါ် KNU ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “ ကျ‌နော်တို့ NCA လက်မှတ်ထိုးထားတာ ၂ဝဝ၈ ဖွဲ့စည်းပုံ‌အောက်ကို ဝင်တာမဟုတ်ဘူး။ NCA ကိုလည်း လက်‌တွေ့အ‌ကောင်အထည် ‌ဖော်ဖို့ လိုအပ်တယ်။ အပစ် ရပ်နယ်‌မြေ မသတ်မှတ်နိုင်‌သေးတဲ့အ‌ပေါ် ‌အောက်‌ခြေမှာ အငြင်းပွားမှုရှိ‌နေအုံးမှာ” ဟု ဇန်နဝါရီ ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဖွဲ့အစည်းချင်း မတူညီသည့်အ‌ပေါ် အမိန့်‌ပေးစနစ်ဖြင့် ပြုလုပ်ခြင်းသည် ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်း မဟုတ်သလို ယခုကိစ္စတွင် ‌အောက်‌ခြေအချင်းချင်း ညှိနှိုင်း‌ဆောင်ရွက်၍ရ‌ကြောင်း၊ အုပ်ချုပ်မှု ဆက်စပ်‌နေသည့် ‌ဒေသဖြစ်သည့်အ‌ပေါ် လုပ်ထုံးလုပ်နည်းအရ အမှားမဖြစ်‌အောင် KNU ခရိုင်မှ လမ်းညွှန်မှုကို ‌စောင့်‌နေ ခြင်းသာဖြစ်ပြီး လူထုအ‌နေဖြင့် အုပ်ချုပ်‌ရေးမှူးပြန်လည်‌ရွေးချယ်ရန် တင်ပြလာလျှင် ‌ဆောင်ရွက်‌ပေးမည်ဟု ပဒို‌စော‌မောင်‌ရွှေက ဆက် ‌ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်၊ အစိုးရ ထိန်းချုပ်နယ်‌မြေ၊ နှစ်ဘက် ထိစပ်‌ရော‌နှော အုပ်ချုပ် သည့် နယ်‌မြေနှင့် ‌ကေအဲန်ယူလုံးဝထိန်းချုပ် ထားသည့် နယ်‌မြေများ ရှိကာ မြို့‌ပေါ်မှ သုံး‌လေးမိုင်ခန့် ကွာ‌ဝေးသွားလျှင် နှစ်ဘက် ထိစပ်‌ရော‌နှောအုပ်ချုပ်သည့် ‌ကျေးရွာနယ်‌မြေများဖြစ်သည်။

၎င်း‌ကျေးရွာများတွင် ‌ကေအဲန်ယူက ‌ကျေးရွာအလိုက် ‌ကျေးရွာအုပ်စုမှူးများ ခန့်ထားသလို အစိုးရဘက်မှလည်း ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူးများ ခန့်ထားပြီး တစ်ချို့‌ကျေးရွာများတွင် နှစ်ဖက်စလုံးအတွက် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး တစ်ဦးတည်းကတာဝန် ယူလုပ်‌ဆောင်‌ပေးမှုများရှိ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။