Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် KNPF နှင့် KNLA ပူး‌ပေါင်း၍ စိတ်ကြွ‌ဆေးပြားနှင့် လက်နက်ဖမ်းမိ

‌ကော့ကရိတ်မြို့နယ်တွင် KNPF နှင့် KNLA ပူး‌ပေါင်း၍ စိတ်ကြွ‌ဆေးပြားနှင့် လက်နက်ဖမ်းမိ

2675

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း (၁၈)၊ တပ်ခွဲ(၃) တပ်ဖွဲ့ဝင်အချို့တို့ ပူး‌ပေါင်း၍ ‌ကော့ကရိတ်မြို့နယ်၊ ‌အောင်ဖ(အံဖ)ကြီး‌ကျေးရွာအုပ်စု ‌အောင်ဖကြီး ရွာ ဖန်းခါးကုန်းရပ်ကွက်၌ မြင်း‌ဆေး (‌ခေါ်) စိတ်ကြွ‌ဆေးပြား အလုံး‌ပေါင်း ၃၀ဝ ‌ကျော်နှင့် တူမီး‌သေနတ် ၃ လက်တို့ကို ပိုင်ရှင်နှင့်တကွ ဇန်နဝါရီ ၂၁ ရက်‌နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

ပူး‌ပေါင်းတပ်ဖွဲ့မှ ယင်း‌နေ့ မွန်းလွဲ ၂နာရီ‌ကျော်တွင် ‌ရှောင်တခင် ဝင်‌ရောက်ရှာ‌ဖွေခဲ့ရာ ဖန်းခါးကုန်းရပ်ကွက်ရှိ ‌မောင်အငြိမ်းတင် (‌ခေါ်) ‌ကျော်‌တောက်နှင့် သမီးဖြစ်သူ နန်းတင်တင်တို့၏ ‌နေထိုင်ရာ ‌နေအိမ်၌ စိတ်ကြွ‌ဆေးပြား ၃၂ဝ လုံးနှင့် ၂ခြမ်း အပါအဝင် တူမီး‌သေနတ် ၂လက်နှင့် ‌စောဒါ‌ဘောင် ‌နေအိမ်၌ တူမီး‌သေနတ် ၁ လက်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင် ဦး‌ဆောင်ဖမ်းဆီးခဲ့သူ ဒူးပလာယာခရိုင် ဒုရဲတပ်ဖွဲမှူး ဗိုလ်မှူး ‌စောမူး‌ကော်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ သွားဖမ်းတဲ့အခါ ဖန်းခါးကုန်း ရပ်ကွက်မှူးကို ‌ခေါ်သွားတာ‌ပေါ့‌နော်။ အဲလို ဖမ်းတဲ့အခါ ပထမ ‌ကျော်‌တောက်အိမ်ကို ဝင်‌တော့ အဲဒီပစ္စည်း‌တွေကို ‌တွေ့ပါတယ်။ သူတို့ အိမ်သား‌တွေထဲက‌တော့ သားအဖ နှစ်ဦး ‌ရောင်းဝယ်မှုလုပ်တယ်လို့ ဝန်ခံတယ်။ ဒုတိယက‌တော့ ဒါ‌ဘော်‌ပေါ့။ သူက ‌ဆေးသုံးစွဲတာကို ‌တွေ့ရတယ်။ သူ့‌နေအိမ်‌ပေါ်မှာ တူမီး‌သေနတ် တစ်လက် ကျ‌နော်တို့ မိပါတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ထိုသို့ လက်ဝယ်ဖမ်းဆီးရမိရာ၌ စိတ်ကြွ‌ဆေးပြားနှင့် လက်နက်အပြင် ကျပ်‌ငွေ ၅ သိန်း‌ကျော်၊ နာရီတစ်လုံး၊ ဓါး‌မြှောင် ၂ လက် နှင့် ‌ဆေးသုံးစွဲရန် အသုံးပြု‌သော ဆက်စပ်ပစ္စည်းများဖြစ်သည့် မီးခြစ်၊ စီးကရက်ဗူးခွံ၊ ဝါး‌ချောင်းအ‌ပြောင်း၊ စက္ကူ‌ပြောင်း စသည်တို့ ပါဝင်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်မှုနှင့် သုံးစွဲမှုသည် ‌ဒေသတွင်းရှိ ပြည်သူလူထုများအတွက် ဆိုးကျိုးဖြစ်‌စေ သည့်အတွက် ရှာ‌ဖွေ‌ဖော်ထုတ်မှုများ ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း၊ လက်ရှိ ဖမ်းရမိသူများကို ‌ကော်သူး‌လေ မူးယစ်‌ဆေးဝါးဆိုင်ရာ ဥပ‌ဒေနှင့် ရာဇဝတ်မှု ဆိုင်ရာဥပ‌ဒေများဖြင့် အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ‌ရှောင်တခင်ဖမ်းဆီးမှုအတွင်း လိုက်ပါသွားသူ ဖန်းခါးကုန်းရပ်ကွက်မှူး ‌စော‌အောင်ညွန့်က “မူးယစ်‌ဆေးကိစ္စဟာ ကျ‌နော်တို့ ‌ဒေသခံ‌တွေအတွက် အဘက်ဘက်က‌နေ ဆိုးကျိုး‌တွေ ဖြစ်‌စေပါတယ်။ အထူးသဖြင့် လူငယ်‌တွေအတွက် အနာဂတ်မဲ့‌စေပါတယ်။ ဒါ‌ကြောင့် ဒီလို ဖမ်းဆီးရမိမှုက မူးယစ်‌ဆေးဝါး နှိမ်နင်းမှုမှာ အ‌ထောက်အကူပြုမယ်လို့ ‌မျှော်လင့်ပါတယ်။ မိမိ‌ဒေသ ‌ကောင်းကျိုးအတွက် တတ်နိုင်တဲ့ ဘက်က ကျ‌နော်တို့လည်း လုပ်‌ဆောင်သွားမှာပါ”ဟု ‌ပြောဆိုသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ်တွင် ‌ကျေးရွာအုပ်စု ၂၂ အုပ်စုရှိတည်ရှိပြီး ‌အောင်ဖကြီး‌ကျေးရွာအုပ်စုအတွင်း စိတ်ကြွ‌ဆေးပြားနှင့် လက်နက်များကို လက်ဝယ်ဖမ်းဆီးရမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း KNPF က ဆိုသည်။