Home သတင်း လွိုင်‌ကော်မြို့နယ် စီမံခန့်ခွဲ‌ကော်မတီ၏ သတိ‌ပေးရှင်းလင်းချက်အ‌ပေါ် ကရင်နီအရပ်ဖက်အင်အားစုမှ ရှုတ်ချ

လွိုင်‌ကော်မြို့နယ် စီမံခန့်ခွဲ‌ကော်မတီ၏ သတိ‌ပေးရှင်းလင်းချက်အ‌ပေါ် ကရင်နီအရပ်ဖက်အင်အားစုမှ ရှုတ်ချ

2503

ဇန်နဝါရီ ၁ဝ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ယခုလ (၇)ရက်‌နေ့က ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည့် ငြိမ်းစုစည်းဆိုင်ရာ နည်းဥပ‌ဒေအသိ‌ပေးရှင်းလင်းခြင်းအခမ်းအနား၌ ခွန်ရဲမင်း‌ကျော်အပါအဝင် (၅)ဦးကို တရားဥပ‌ဒေ မဲ့လုပ်ရပ်‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပြည်သူများ တရား ဥပ‌ဒေမဲ့လုပ်ရပ်များကိုမပြုလုပ်ရန် သတိ‌ပေး ရှင်းလင်းချက်အ‌ပေါ် ကရင်နီအရပ်ဖက်အင်အားစုများမှ ဇန်နဝါရီလ (၈)ရက်‌နေ့က ထုတ်ပြန်ချက်ထုတ်ပြန်၍ ရှုတ်ချလိုက်သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝရက်‌နေ့က ဖြစ်ပွားခဲ့သည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP တပ်ဖွဲ့ဝင် ၃ဦးနှင့် အရပ်သားတစ်ဦးတို့ အစိုးရစစ်တပ်၏ သတ်ဖြတ်အ‌လောင်း‌ဖျောက်သည့်အမှုကိစ္စအ‌ပေါ် ရှင်းလင်းချက် တစုံတ ရာမပြုလုပ်ဘဲ ၎င်းအမှုမှန်‌ပေါ်‌ပေါက်‌ရေးအတွက် ဆန္ဒထုတ်‌ဖော်သည့် ခွန်ရဲမင်း‌ကျော်အပါ (၅)ဦးကို တရားစွဲဆိုသည့် ကိစ္စနှင့် အလားတူ ဥပ‌ဒေမဲ့ ဆန္ဒ‌ဖော်ထုတ်မှုကို ပြည်သူများမပြုလုပ်ရန် အသိ‌ပေးရှင်းလင်းခြင်းသည်မှန်ကန်သည့် လုပ်ငန်းစဉ်မဟုတ်‌ကြောင်း ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရ ခူးပလူရယ်က ‌ပြောသည်။

၎င်းက “ KNPP တပ်သားနဲ့ အရပ်သားအသတ်ခံရတဲ့အမှုကို ဘယ်လိုပဲဖြစ်ဖြစ် အစိုးရ၊ စစ်တပ်က တရားဝင် သတင်းစာ ရှင်းလင်းပွဲ‌တွေ ထုတ်ပြန်‌ကြေညာချက်‌တွေလုပ်ဖို့ လိုတယ်။ တာဝန်ယူမှု တာဝန်ခံမှု‌ပေါ့။ ဒီငြိမ်းစုစည်းနဲ့ တရားစွဲ ထားတဲ့ဟာ‌တွေ ဆန္ဒပြတဲ့အ‌ပေါ်မှာပဲ သွားပြီး‌တော့မှလုပ်တဲ့အတွက် ဒါက မဖြစ်သင့်ဘူး ” ဟု ‌ကေအိုင်စီသို့ ဇန်နဝါရီ ၉ရက်‌နေ့တွင် ‌ပြောသည်။

လွိုင်‌ကော်မြို့နယ် စီမံခန့်ခွဲမှု‌ကော်မတီအ‌နေဖြင့် ၇ ရက်‌နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲအပြီး၌ ခွန်ရဲမင်း‌ကျော် အပါအဝင် စစ်မုန်း၊ ခွန်းဘိုဘို၊ မျိုးလှိုင်ဝင်းနှင့် ခွန်းဂျွန်‌ပေါလ် လူငယ် ၅ ဦးကို ယခင်လ ၂၂ ရက်‌နေ့က ငြိမ်းချမ်းစွာ စု‌ဝေးခြင်းနှင့် ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပ‌ဒေနှင့်အညီ သက်ဆိုင်ရာသို့ အသိ‌ပေး တင်ပြခြင်း မရှိဘဲ စီတန်းလှည့်လည် ခြင်းပြုလုပ်ခဲ့သဖြင့် ၂၀၁၆ ခုနှစ်၊ ‌အောက်တိုဘာ (၄)ရက်‌နေ့ကထုတ်ပြန်သည့် ငြိမ်းစုစည်းဆိုင်ရာ ဥပ‌ဒေ ပုဒ်မ(၁၉)ဖြင့် ဖမ်းဆီးခဲ့ရ‌ကြောင်း၊ ပြည်သူများအ‌နေဖြင့် ဥပ‌ဒေမဲ့ အပြုအမူများကို ‌ရှောင်ကြဉ်ပြီး ဥပ‌ဒေ‌ဘောင် အတွင်း၌သာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်‌ရေးကို ပူး‌ပေါင်း‌ဆောင်ရွက်ရန် အသိ‌ပေးထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ မြို့နယ်စီမံခန့်ခွဲမှု‌ကော်မတီအ‌နေဖြင့် အမှန်တရားကို မျက်ကွယ်ပြု၍ တစ်ဖက်သတ်ထုတ်ပြန်ခြင်းမှာ ‌အောက် တန်းကျပြီး တည်ငြိမ်‌အေးချမ်း‌ရေးအတွက် ‌ဖြေရှင်းရာမ‌ရောက်ဘဲ ‌သွေးထိုးလှုပ်‌ဆော်ရာ‌ရောက်သဖြင့် ထိုလူငယ် (၅)ဦးကို အပြစ်ဖို့သည့်လုပ်ရပ်အတွက် ချက်ချင်းပြန်‌တောင်းပန်ရန်နှင့် လူသတ်မှုအတွက် သတင်းအမှန်နှင့် အလားတူ အ‌လောင်း‌ဖျောက်၊ လူသတ်မှုများဆက်လက်မဖြစ်ပွား‌ရေး အာမခံချက်များ‌ပေးရန် ကရင်နီအင်အားစု၏ ထုတ်ပြန်ချက်၌ ‌တောင်းဆိုထားသည်။

၎င်း KNPP တပ်သားနှင့်အရပ်သား အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး အမှုမှန်‌ပေါ်‌ပေါက်‌ရေးအတွက် ဆန္ဒပြသည့် အဆိုပါ လူငယ်(၅)ဦး တရားစွဲဆိုခဲ့ရခြင်းအ‌ပေါ် ယခုနှစ်ဇန်နဝါရီလ (၅)ရက်‌နေ့က မြို့ခံလူထုများမှ ကန့်ကွက်ဆန္ဒပြမှု များ ဖြစ်‌ပေါ်ခဲ့ကြပြီး ၎င်းလူငယ်(၅)ဦးကို ဇန်နဝါရီ ၁ဝရက်‌နေ့တွင် တရားစီရင်ချက်ချ သွားမည်ဟု ကရင်နီအင်အားစု ၏ ‌ပြောခွင့်ရ ခူးပလူရယ်က ‌ပြောသည်။

အဆိုပါ KNPP တပ်ဖွဲ့ဝင်‌သေဆုံးမှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရမှ ရရှိထား‌သော သတင်းအချက်အလက် များကို ပြည်‌ထောင်စုအဆင့်တာဝန်ရှိသူများကို‌ပေးပို့ထားပြီး အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန(NRPC)မှ ရရှိထားသည့် သတင်းအချက်အလက်များအ‌ပေါ်ခုံရုံးဖွဲ့ စိစစ်ပြီး အ‌ရေးယူ‌ဆောင်ရွက်နိုင်ရန်လုပ်‌ဆောင်‌နေ‌ကြောင်း ယခင်ဒီဇင်ဘာလ ၂၇ရက်‌နေ့က ‌ဒေသတွင်း မီဒီယာသို့တရားဝင်‌ပြောဆိုထားမှုရှိ ခဲ့ပြီး အဆိုပါ‌သေဆုံးမှုဖြစ်ရပ်အ‌ပေါ် KNPP မှ ဒီဇင်ဘာလ ၃၁ရက်‌နေ့တွင်လည်း သတင်းစာရှင်းလင်း ပွဲပြု လုပ်ခဲ့သည်။

လက်ရှိတွင် အရပ်သား ၁ ဦးနှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP ) ၏ တပ်ဖွဲ့ဝင် ၃ ဦး ‌သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ပြည်‌ထောင်စုအဆင့် စုံစမ်းစစ်‌ဆေးသူများမှ စုံစမ်းစစ်‌ဆေးမှုများပြုလုပ်‌နေပြီး ၎င်း စုံစမ်း စစ်‌ဆေးမှုပြုလုပ်ရာတွင် တရားမျှတမှုရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် ကယား(ကရင်)နီပြည်နယ် အ‌ခြေစိုက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံ‌ရေးအင်အားစုများက ဒီဇင်ဘာလ ၃၁ ရက်‌နေ့က ထုတ်ပြန်‌တောင်းဆိုထားသည်။

ယမန်‌နေ့(ဇန်နဝါရီ ၈ ရက်) က ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ကရင်နီအင်အားစုထုတ်ပြန်ချက်သည် ကရင်နီ အရပ်ဖက်အဖွဲ့အစည်း ‌ပေါင်း ၂၁ ဖွဲ့မှ စု‌ပေါင်းထုတ်ပြန်ချက်ဖြစ်သည်ဟု သိရသည်။