Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

4668

“ကိုယ့်ဘဝတိုးတက်ဖို့အတွက် ကိုယ်လုပ်တဲ့အလုပ်က မှန်ကန်တယ်လို့ ယူဆရင် ‌အောင်မြင်‌အောင် ဆက်လုပ်‌စေချင်တယ်” ဆိုတဲ့ ‌စော‌လောင်အဲ

XXXXXXXXXXXXXXXXXXXXXXXXXXXXXX

ကရင်အနုပညာ‌လောကမှာ အနုပညာနဲ့ အသက်‌မွေးဝမ်း‌ကျောင်းပြုနိုင်ဖို့ဆိုတာ အာမခံချက်နည်းပါတယ်။ အ များစုက‌တော့ အပြင်မှာ စီးပွား‌ရေးလုပ်ပြီး အနုပညာအလုပ်ကို ဆက်လုပ်‌နေရတာ များပါတယ်။ အဲဒီအထဲက ကရင် အနုပညာ‌လောကမှာ တက်သစ်စတင်နာမည်ရလာတဲ့ အသက်၂၇ နှစ်အရွယ် ‌စောဟိန်းမင်း‌အောင်(ခ) ‌စော‌လောင်အဲ( စဝ်လင်အဲ) တစ်‌ယောက် အပါအဝင်ပါ။

သူက‌တော့ ‌ကော့ကရိတ်သားဆိုပြီး ကရင်အနုပညာ‌လောကမှာ ‌တော်‌တော်များများ သိလာပါတယ်။ သူ့ရဲ့ ‌မွေးရပ်ဇာတိက ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်မှာဖြစ်ပြီး သူ့ရဲ့ ဖခင်က ဝန်ထမ်းဖြစ်လို့ သူငယ်ငယ်ကတည်းက မကြာခဏမိဘနဲ့အတူလိုက်ပြီး ‌ပြောင်း‌ရွှေ့‌နေထိုင်ခဲ့ရပါတယ်။
သူ့ဖခင် အငြိမ်းစားယူသွားတဲ့အချိန်မှာ‌တော့ ‌ကော့ကရိတ်မှာဘဲ ပြန်လည်အ‌ခြေချ‌နေထိုင်ပါတယ်။ သူ့မိဘ‌တွေ က‌တော့ မန်း‌သောင်းလွင် နန်းတင်မြတို့ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ‌မော်လမြိုင်တက္ကသိုလ်က‌နေ Law (ဥ‌ပေဒ) နဲ့‌ကျောင်းပြီး‌နောက် မိဘ‌တွေက ဝန်ထမ်းအလုပ်ကို ‌ပေးလုပ်‌စေချင်‌ပေမယ့်လည်း လုပ်ဖို့ ဝါသနာမရှိတဲ့အတွက် နိုင်ငံခြားသွားဖို့ စိတ်ကူးရှိပြီး ရန်ကုန်မြို့သို့တက်ကာ ဘုန်းကြီး‌ကျောင်းမှာ ‌နေထိုင်ပြီး အဂင်္လိပ်စာသင်တန်း‌တွေကို သွား‌ရောက်‌လေ့လာခဲ့ပြီး‌နောက် ၂၀၁၃ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်အစည်းအရုံးက သရုပ်‌ဆောင်သင်တန်း‌ခေါ်တာနဲ့‌တွေ့ပြီး အဲဒီက‌နေတစ်ဆင့် အနုပညာအလုပ်ကို သူလုပ်ဖို့ စတင်‌နေပါ‌တော့တယ်။

အဲဒီသင်တန်းက‌နေ “တကယ်ရှိတယ်” ဆိုတဲ့ ဗွီဒီယိုဇာတ်ကားတစ်ကား စတင်ရိုက်ကူးပြီး‌နောက် ‌မော်ဒယ်သင် တန်း လည်းတက်ရင်း ဗွီဒီယိုဇာတ်ကားကိုလည်း ပါဝင်သရုပ်‌ဆောင်ခဲ့သလို ၂၀၁၄ ခုနှစ်မှာ‌တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ Mister International Myanmar မှာ ‌မော်ဒယ်ပြိုင်ပွဲကိုလည်း ဝင်‌ရောက်ယှဉ်ပြိုင်ပြီး ‌ပေါင်းသင်း ဆက်ဆံ‌ရေး အ‌ကောင်းဆုံးဆုကိုလည်း ရရှိပါတယ်။ ဒါ့အပြင် The Team Myanmar ဇာတ်လမ်းတွဲတစ်ကားလည်း သူရိုက်ကူးထားပါတယ်။

‌နောက်ပိုင်းမှာ ဗမာသီချင်း ၃ပုဒ်နဲ့ ကာရာအို‌ကေသရုပ်‌ဆောင်ပြီး၂၀၁၇ ခုနှစ်မှာ ကရင်အနုပညာ‌လောကထဲကို စတင်ပြန်လည်ဝင်ပြီး ကရင်ဇာတ်ကားတစ်ကားနဲ့ ကာရာအို‌ကေ သီချင်း ၁ဝပုဒ်‌ကျော် သရုပ်‌ဆောင်ပြီး‌နောက် Show ပွဲ‌တွေမှာလည်း သီချင်း‌တွေ ဝင်‌ရောက်သီဆို‌ဖျော်‌ဖြေတာလည်း ရှိပါတယ်။
လက်ရှိအချိန်မှာ‌တော့ ကိုယ်ပိုင်သီချင်းထုတ်ဖို့ စတင်‌နေချိန်‌တောအတွင်းမှာဘဲ ‌ရေရှည် အနုပညာလုပ်ငန်းကို ‌ကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ရည်ရွယ်ပြီး မိဘ‌ဆွေမျိုးလုပ်ကိုင်ထားခြင်းမရှိတဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ စီးပွား‌ရေး လုပ်ဖို့ သူစတင်ကြိုးစားလုပ်ကာ ၁ လအတွင်းမှာဘဲ ‌အောင်မြင်မှု‌တွေ သူရရှိလိုက်တယ်လို့ ‌စော‌လောင်အဲက ‌ပြောပါတယ်။

“စစချင်းလုပ်တုန်းက ဒီအလုပ်ကို တကယ် ဖြစ်နိုင်ပါ့မလား၊ ‌အောင်မြင်ပါ့မလား စိတ်ပူတယ်။ အဆင်မ ‌ပြေမှာလည်း စိုးရိမ်တယ်။ ကျ‌နော်‌ရောင်းတဲ့အထည်‌တွေက ‌ဈေးကြီးတဲ့အထည်ဘဲဆို‌တော့ သူများမဝယ်မှာ လည်း စိုးရိမ်တယ်။ ဆိုင်ဖွင့်ပြီး တစ်လအတွင်းမှာ‌တော့ အ‌ကောင်းကြိုက်တဲ့ လူ‌တွေအတွက် ‌တော်‌တော်လာ အား‌ပေးတယ်။ ပြီး‌တော့ ထိုင်း၊ စင်ကာပူ၊ ဩစ‌တြေးလျ ၊ အ‌မေရိကန်၊ မ‌လေးရှား၊ ကိုရီးယား အဲဒီနိုင်ငံက ကျ‌နော်တို့ ကရင်လူမျိုး‌တွေကလည်း မှာယူကြတယ်။ ကိုယ့်ကို ယုံကြည်လို့ ကိုယ့်ပစ္စည်းဝယ်ယူတာ ကိုယ်ကလည်း ‌ရောင်းတဲ့‌နေရာမှာ ‌ဈေးမှန်ကန်ဖို့ အဓိကဘဲ” လို့ သူက ‌ပြောပါတယ်။

သူဝယ်ယူ‌ရောင်းတဲ့ အထည်‌တွေက‌တော့ ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ယက်‌ရောင်းတဲ့ အ ထည်နဲ့ ထိုင်းနိုင်ငံက ကရင်လူမျိုး‌ရောင်းတဲ့ဂျပ်ခုတ် ( လက်ယက် ကရင့်ရိုးရာအထည် ) အ ထည်ကို ဦးစား‌ပေးဝယ်ယူ‌ရောင်းကာ ဆိုင်ဖွင့်ပြီး တစ်လ‌ကျော်အတွင်းမှာ ‌အောင်မြင်မှုရကာ ဆိုင်ခွဲလည်း တိုး ချဲ့‌ရောင်း ‌နေရပါပြီ။

သူ‌ရောင်းတဲ့အထည်‌တွေက‌တော့ ရိုးရာမပျက် သူကိုယ်တိုင်ဒီဇိုင်း‌ဖော်ပြီး ယက်ခိုင်းတဲ့ အထည်‌တွေလည်း ပါရှိပါတယ်။ အဲဒီအပြင် ကိုယ်တိုင် ယက်ကန်းရုံ ‌ထောင်ဖို့အစီအစဉ်‌တွေရှိထားပြီဖြစ်သလို ပြည်တွင်း ကရင် အထည်ဆိုင် သီးသန့်‌ရောင်းဖို့ ဆိုင်တစ်ဆိုင်ကို တိုးချဲ့ဖို့လည်း သူစီစဉ်ထားပါတယ်။
“ကျ‌နော်‌ရောင်းတဲ့အထည်‌တွေက ဂျပ်ခုတ်အထည်‌တွေဘဲဆို‌တော့ အချို့‌ဖောက်သည်‌တွေက ပြည်တွင်း ယက်ကန်းအထည်‌မေး‌တော့ အဲဒီအထည်‌တွေသီးသန့် ‌ရောင်းဖို့ဆိုင်တစ်ဆိုင် အခုစီစဉ်‌နေတယ်။ ဂျပ်ခုတ်အထည်က‌တော့ ဆိုင် ၁ ဆိုင်တိုးချဲ့ထားပြီး ကိုယ်က လူငယ်ဆို‌တော့ အဓိက လုပ်ရဲဖို့ဘဲ မှန်ကန်တဲ့ ဘက်က ရဲရဲနဲ့လုပ်ရင်‌အောင်မြင်ရမယ် ကျ‌နော်မှာ ခံယူထားတဲ့အတွက် ဒီ စီးပွား‌ရေးကိုလည်း ကျ‌နော်‌အောင် မြင်‌အောင်လုပ်မယ်။ အနုပညာဘက်မှာလည်း ကျ‌နော်ဆက်လုပ်မယ်။ အခုက‌တော့ စီးပွား‌ရေးကို အရင် ဦးစား ‌ပေးလိုက်မယ်” လိုု့ သူက ‌ပြောပါတယ်။
ဒီလိုအ‌ခြေအ‌နေမျိုး‌ရောက်ရှိနိုင်ဖို့အတွက် သူ့အ‌နေနဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ဖူးသလို စိန်‌ခေါ်မှု များစွာကို ဖြတ်သန်းခဲ့ရတယ်လို့လည်း ‌စော‌အောင်အဲက ‌ပြောပါတယ်။

“ကျ‌နော် ရန်ကုန်မှာ အနုပညာစဝင်လုပ်တုန်းက ထမင်းလည်း အငတ်ခံဖူးတယ်။ မျက်ရည်ကျခဲ့ရတာ လည်းမနည်းဘူး။ သူများနှိမ်တာလည်းကြုံရတယ်။ ဒါ‌ပေမယ့် ကျ‌နော်က‌တော့ သူများအနှိမ်မခံရ ‌အောင်‌နေ တယ်။ ကိုယ်ဖြစ်ချင်တဲ့အရာကို လမ်း‌ကြောင်းအမှန်ဘဲသွားတယ်။ ဒီဆိုင်ဖြစ်ဖို့က ကြုံရတဲ့ အခက်အခဲ အများကြီး တစ်ချို့က အ‌နောက်မှာ ယုတ်မာတဲ့လူ အများကြီးရှိတယ်။ အခု‌ခေတ်က ကျ‌နော်တို့ အရွယ်နဲ့ အရမ်း ‌အောင်မြင်တဲ့လူငယ်ရှိသလို အရမ်းပျင်းပြီး ‌ပေါ့‌ပေါ့‌နေ၊ ‌ပေါ့‌ပေါ့စား လူငယ်‌တွေလည်းရှိတယ်” ဟု သူက ‌ပြောပါတယ်။

‌စော‌လောင်အဲက လူငယ်‌တွေကို စကားလက်‌ဆောင်ပါးလိုတာက‌တော့ “ ဘယ်လိုပဲ အခက်အခဲ‌တွေ ကြုံရကြုံရ အဓိက ကိုယ်သာလျှင် ကိုယ့်ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့အတွက် ကြုံခဲ့တဲ့အ‌တွေ့ကြုံမှန်သမျှ မ‌ကောင်းတဲ့အ ချက်ကို ဖယ်ပြီး ‌ကောင်းတဲ့အချက်ကို ယူတတ်ရသလို ကိုယ့်ဘဝတိုးတက်ဖို့အတွက် ကိုယ်လုပ်တဲ့အလုပ်က မှန်ကန်တယ်လို့ ယူဆရင် ‌အောင်မြင်‌အောင် ဆက်လုပ်‌စေချင်တယ်။ အဓိက ကိုယ့်ရဲ့ခံယူချက်ဖြစ်သည့်အတွက် မကြိုးစားရင် မဖြစ်ဘူး၊ ကြိုစားရင်ဖြစ်တယ်” လို့ ‌ပြောဆိုလိုက်ပါတယ်။