Home ဆောင်းပါး ရန်ကုန် ကရင့်ရိုးရာပြိုင်ဒုံး အစ

ရန်ကုန် ကရင့်ရိုးရာပြိုင်ဒုံး အစ

2719

‌စောထွန်းလင်း
(ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၈)

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (Myanmar Convention Center-MCC) ခန်းမ‌ရှေ့မုဒ် ဦးဝတွင် အ‌ရောင်စုံ ကရင်သင်တိုင်းဝတ်စုံများဖြင့် ဇန်နဝါရီ ၂၇ရက်‌နေ့ နံနက် ၈နာရီဝန်းကျင်မှစ၍ ကရင်တိုင်းရင်းသားများ စုရုံး ‌ရောက်ရှိ‌နေကြသည်။

၇၁ကြိမ်‌မြောက် ပြည်‌ထောင်စု‌နေ့ကို ကြိုဆိုသည့်အ‌နေဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ပြုလုပ်သည့် ပထမဆုံးအကြိမ် ကရင်ရိုးရာဒုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ လာ‌ရောက်ကြခြင်းဖြစ်သည်။ ဖဲကြိုးဖြတ် ဖွင့်ပွဲပြုလုပ်မည့်အချိန်ကို‌စောင့်‌နေရင်း တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ နှုတ်ဆက်စကား‌ပြော‌နေသည်ကို ‌တွေ့ရသည်။

ကရင့်‌ရေးရာဝန်ကြီး ဦး‌ဆောင်ကာ ယခင်နှစ်များက ‌လေးမြို့နယ် စု‌ပေါင်းနှစ်သစ်ကူးပွဲ ကျင်းပခဲ့ဖူး‌သော်လည်း ယခုနှစ်တွင် မကျင်းပ‌တော့ဘဲ နှစ်သစ်ကူး‌အောင်ပွဲ အခမ်းအနားပြုလုပ်ရန် တိုင်းစာယဉ် ဥက္ကဌလည်းဖြစ်သူ ‌ရေးရာဝန်ကြီးက စာ/ယဉ်အ စည်းအ‌ဝေးတွင် ‌ပြောဆို‌ဆွေး‌နွေးခဲ့သည်ဟု ဆိုသည်။ သို့‌သော် ထိုအချိန်က နှစ်သစ်ကူးကိစ္စရပ်များဖြင့် စာ/ယဉ်‌ကော်မတီဝင် များ မအားလပ်ခဲ့‌သော‌ကြောင့် အစီအစဉ် အထမ‌မြောက်ခဲ့‌ပေ။

ထို့‌နောက် တိုင်းစာ/ယဉ် အဖွဲ့ဝင်များက ပြည်‌ထောင်စု‌နေ့ နီးပြီးဖြစ်သဖြင့် ကြိုဆိုသည့်အ‌နေဖြင့် ဒုံးပြိုင်ပွဲပြုလုပ်ရန် အဆိုပြုခဲ့ရာ မှအစပြုပြီး ယခုလို ရန်ကုန်တိုင်း‌ဒေသကြီးတွင် ပထမဦးဆုံးအကြိမ် ဒုံးပြိုင်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တိုင်း စာ/ယဉ်အဖွဲ့ဝင်များ ထံမှ သိရသည်။

နံနက် ၈နာရီခွဲတွင် ဖွင့်ပွဲပြုလုပ်မည်ဟု လျာထား‌သော်လည်း ၈နာရီ ၄ဝမိနစ်ခန့်တွင် ကရင့်‌ရေးရာဝန်ကြီး ‌ရောက်ရှိလာပြီး ဖဲကြိုးဖြတ်ဖွင့်ပွဲ စတင်ကာ MCC ခန်းမထဲသို့သွား၍ ဖွင့်ပွဲအခမ်းအနား ဆက်လက် ကျင်းပခဲ့သည်။

ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက “ရန်ကုန်တိုင်း‌ဒေသကြီးမှာ ကရင်တိုင်းရင်းသား‌တွေအ‌နေနဲ့ ဒုံးအကကို ‌ဖျော်‌ဖြေ‌ရေးအဆင့်က‌နေပြီး‌တော့ ပြိုင်ဒုံးအဆင့်ထိ ရှိလာဖို့ ရည်ရွယ်တယ်။ ‌နောက်ရည်ရွယ်ချက်တခုက နိုင်ငံတကာအဆင့် ယဉ်‌ကျေးမှုဖလှယ်တဲ့ ပွဲ‌တွေမှာ ကျမတို့ယဉ်‌ကျေးမှု ကြီး မြင့်ပုံကို ‌ဖော်‌ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု သူမ၏ ဖွင့်ပွဲအမှာ စကားတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

ကရင်တိုင်း‌ဒေသကြီးတွင် ကရင်တိုင်းရင်းသားများအ‌နေဖြင့် ‌ရှေးဘိုးဘွားများလက်ထက်ကတည်းက ‌နေထိုင်လာခဲ့ကြခြင်းဖြစ် သည်။ သို့‌သော် ဒုံးအကပိုင်းတွင်မှု ဧရာဝတီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသများကဲ့သို့ ပြိုင်ဒုံးအများအပြားမရှိ။ ‌ဖျော်‌ဖြေ‌ရေးဒုံး ပုံစံမျိုးဖြင့်သာ နှစ်သစ်ကူး‌နေ့ကဲ့သို့ ‌နေ့ထူး‌နေမြတ်များတွင် ကပြမှုရှိခဲ့သည်။ ရန်ကုန်တွင် ဒုံးနှင့် ပတ်သက်လျှင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း‌ဒေသကြီးရှိ ဒုံးအဖွဲ့များကို ဖိတ်‌ခေါ်ရစမြဲဖြစ်ခဲ့ဘူးသည်။

“ဒီ‌နေ့ကစပြီး ရန်ကုန်တိုင်း‌ဒေသကြီးမှာ ပြိုင်ဒုံးမရှိဘူးဆိုတာ အဆုံးသတ်သွားပါပြီး”ဟု ရန်ကုန်တိုင်း‌ဒေကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ဖွင့်ပွဲ ‌ကျေးဇူးတင် စကား‌ပြောသည့် စင်မြင့်ထက်တွင် ဂုဏ်ယူဝမ်း ‌မြောက်သည့်ဟန်ဖြင့် အားမန်အပြည့် ‌ပြောဆိုလိုက်သည်။ ပြီး‌နောက် ဖွင့်ပွဲ အခမ်းအနားပြီးဆုံးကာ ကွမ်းခြံကုန်းမြို့နယ် အမှတ် ၂ဒုံးဖြင့် ပြိုင်ပွဲ အစချီလိုက်သည်။

အဆိုပါ ဒုံးပြိုင်ပွဲသို့ ရန်ကုန်တိုင်း‌ဒေကြီး ‌တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် အမှတ် ၁ နှင့် ၂ ဒုံး၊ တွံ‌တေးမြို့ နယ်၊ ကျွဲသလင်း ဒုံးနှင့် ဘုရား‌ကျောင်း‌ကျေးရွာဒုံး၊ ဒလမြို့နယ် ထူးကြီး ဒုံး၊ ‌ကော့မှူးမြို့နယ် ‌မှော်‌တောဒုံးနှင့် ဝါးသိခင်္ ဒုံး၊ ရန်ကုန် အ‌နောက်ပိုင်း ခရိုင် လှိုင်မြို့နယ် အမှတ် ၁ ဘုံ‌ကျော် ဒုံး နှင့် အမှတ် ၂ ဒုံး၊ ရန်ကုန် ‌မြောက် ပိုင်းခရိုင် ထန်းတပင်မြို့နယ် ‌ဘောလကျွန်း ဒုံး အပါအဝင် စုစု‌ပေါင်း ဒုံး ၁ဝ ဒုံး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ဒုံးအဖွဲ့များအတွက် ကုန်ကျစရိတ်ကို ဆိုင်ရာ စာယဉ်တာဝန်ရှိသူများနှင့် ဒုံးအဖွဲ့ဝင်များက ကရင်‌ရေးရာဝန်ကြီးထံ တင် ပြရပြီး ဝန်ကြီးက တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ အသုံးစရိတ်မှ ကျခံသုံးစွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ တင်ပြရာတွင် ဒုံးအဖွဲ့တဖွဲ့ချင်းစီ အလိုက် ကုန်ကျစရိတ်မတူညီဘဲ တချို့ ဒုံး အဖွဲ့များသည် ယခုနှစ်မှ စတင်တည်‌ထောင်ရသည့်အတွက် ကုန်ကျစရိတ်များကာ ကျပ်သိန်းသုံးဆယ်ထိ ရရှိပြီး တချို့ဒုံးအဖွဲ့များကမူ ကျပ် ၁၂သိန်းခန့်သာ ကုန်ကျစရိတ် တင်ပြခဲ့‌ကြောင်း ခရိုင်အဆင့် စာ/ယဉ် အဖွဲ့ဝင်များက ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွား‌ရေးမြို့‌တော် ရန်ကုန်တွင် ပြိုင်ဒုံးများ အားနည်းခဲ့ခြင်းအ‌ပေါ် အပြစ်မဆိုသာ။ စီးပွား‌ရေးမြို့‌တော်ပီပီ အပြိုင် အဆိုင်‌ပေါများလှသည့်အ‌ပေါ် ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ ကရင်လူငယ်များအ‌နေဖြင့်လည်း ‌ခေတ်ကို အမှီလိုက်ရန် ပညာ ‌ရေးပိုင်း၌ လုံးပမ်းရသည်။ ထို့‌ကြောင့် လူငယ်လူရွယ် အနည်းဆုံး သုံးဆယ်ဦးခန့်ဖြင့် အချိန်များစွာ‌ပေးပြီး ဒုံးအဖွဲ့တဖွဲ့ ဖွဲ့စည်း‌ရေး မှာ မလွယ်ကူလှသည်က အမှန်ပင်ဖြစ်သည်။

“ရန်ကုန်မှာက ဒုံးနဲ့ပတ်သက်လာရင် တခြား‌ဒေသ‌တွေထက် အားနည်းတာက‌တော့ အမှန်ပဲ။ ကရင်လူငယ်‌တွေအ‌နေနဲ့က ပညာ‌ရေးပိုင်းကို အ‌လေးထားရတယ်။ ဒီ‌နေရာမှာ အတန်းပညာအပြင် တခြားကွန်ပြူတာတို့ ဘာသာစကားတို့ကလည်း သင်ရ တယ်။ ‌နောက်တခြား အ‌ခြေအ‌နေ‌လေး‌တွေကလည်း ရှိ‌တော့ အဆင့်မှီပြိုင်ဒုံး ဖွဲ့ဖို့ မလွယ်ဘူး”ဟု မြန်မာနိုင်ငံ ခရစ်ယာန်အသင်း ‌တော်များ‌ကောင်စီတွင် အမှု‌ဆောင်အတွင်း‌ရေးမှူး တာဝန် ထမ်း‌ဆောင်ခဲ့ဖူးသူ ‌စော‌ဂျော့‌ရှေက မှတ်ချက်ပြု‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင့်ရိုးရာယဉ်‌ကျေးမှုထိန်းသိမ်း‌ရေး အားနည်းသည်ဟု ဆိုနိုင်‌သော်လည်း ကရင်စာ‌ပေထိန်း သိမ်းသည့်အပိုင်းတွင်မူ အား‌ကောင်းစွာ ဦး‌ဆောင်နိုင်ခဲ့သည်ဟု ပဲခူး တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ပြန် ကြား‌ရေးတာဝန်ခံ ‌စောဩဂတ်စ်တင်းခူက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “ရန်ကုန်မှာက ပညာမတက်ရင်မဖြစ်ဘူး။ ဒီ‌တော့ ကရင်လူငယ်‌တွေအ‌နေနဲ့က ပညာ‌ရေးအပိုင်းကို ပိုအားထည့်ရတယ်။ ဒီ‌တော့ ရိုးရာယဉ်‌ကျေးမှုအပိုင်းကို အဓိက မထားနိုင်ကြဘူး။ ဒါ‌ပေမဲ့ မထိန်းသိမ်းတာ မဟုတ်ဘူး‌နော်။ ကရင်စာ‌ပေနဲ့ ပတ်သက် လာရင် ခရစ်ယာန်သာသနာက အများကြီး လုပ်ခဲ့တယ်”ဟု ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူငယ်များအ‌နေဖြင့် ဆယ်တန်း‌အောင် ဘွဲ့ရ‌သော်လည်း ယခင်က အစိုးရဌာနဆိုင်ရာ များတွင် အရာရှိငယ်ရာထူးဖြစ်သည့် ဦးစီးမှူး၊ ဒုဦးစီးမှူး‌နေရာများတွင်ပင် တိုးမ‌ပေါက်ခဲ့။ အနည်းငယ်မျှသာ ခန့်အပ်ခြင်းခံရသည်။

ထို့အတွက် ကရင်လူငယ်များအ‌နေဖြင့် ဘဝအတွက် ‌ရွေးချယ်စရာ များများစားစားမရှိခဲ့သဖြင့် ယဉ်‌ကျေးမှုအပိုင်းကို အဓိက မထားနိုင်ဖြစ်ခဲ့ရပြီး ယခုလို အချိန်အခါမျိုးတွင် ဒုံးပြိုင်ပွဲများ ‌ပေါ်ထွက်လာခြင်းကို ကြိုဆို‌ကြောင်း ရန်ကုန်မြို့ခံ ကရင်တိုင်းရင်း သားများက ‌ပြောသည်။

ယခုဒုံးပြိုင်ပွဲတွင် ပထမဆုရသည့် ဒုံးအဖွဲ့အ‌နေဖြင့် နိုင်ငံ‌တော်အခမ်းအနားများနှင့် နိုင်ငံတကာအဆင့်ယဉ်‌ကျေးမှု ဖလှယ်ပွဲများ တွင် ကိုယ်စားပြု သွား‌ရောက်‌ဖျော်‌ဖြေခွင့်ရမည်ဖြစ်‌ကြောင်း ကရင့်‌ရေးရာဝန်ကြီးက ‌ပြောဆိုထားသည့်အတွက် ပြိုင်ပွဲဝင်ဒုံး ၁ဝဒုံးအ‌နေဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ည‌နေပိုင်းတွင် ပြိုင်ပွဲပြီးဆုံးခဲ့သည်။

ည‌နေ ၆နာရီတွင် ရိုးရာယဉ်‌ကျေးမှု‌ဖျော်‌ဖြေပွဲနှင့် ဆု‌ပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ ဆုရဒုံးအဖွဲ့ကို မ‌ကြေညာမှီ ပြိုင်ပွဲ ဒိုင်ချုပ်အဖြစ် ‌ဆောင်ရွက်သူ ကရင်ပြည်နယ်မှ ‌စော‌အောင်‌ကျော်ငြိမ်းက အမှတ်‌ပေးစည်းမျဉ်းနှင့် ပြိုင်ပွဲဝင် ဒုံးအဖွဲ့ တစ်ဖွဲ့ ချင်းစီ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်‌ပြောကြားခဲ့သည်။

ယင်း‌နောက် ဆုရဒုံးများကို ‌ကြေငြာခဲ့ရာ တတိယဆုအတွက် ထန်းတပင်မြို့နယ် ‌ဘောလယ်ကျွန်း ဒုံးအဖွဲ့၊ ဒုတိယဆုအတွက် ‌ကော့မှူးမြို့နယ် ဝါးသိခင်္ဒုံးနှင့် ပထမဆုအတွက် လှိုင်မြို့နယ်၊ ဘုံ‌ကျော်ဘုန်း‌တော်ကြီး‌ကျောင်း ကိုယ်စားပြု ဘုံ‌ကျော်အမှတ် ၂ ဒုံးက ဆွတ်ခူးရရှိသွား‌ကြောင်း ‌ကြေငြာအပြီး ခမ်းမအတွင်း၌ ပရိဿတ်များ၏ လက်ခုပ်သံများ ဆူညံသွားခဲ့သည်။

မည်သို့ပင်ဖြစ်‌စေ ရန်ကုန်တွင် ပြိုင်ဒုံးအဖွဲ့ တရားဝင် ‌ပေါ်‌ပေါက်လာပြီးဖြစ်ရာ “ရန်ကုန်ပြိုင်ဒုံးအစ ဘုံ‌ကျော်ဒုံးက”ဟု ဆိုစမှတ်ပြု ရမည် ဖြစ်‌ပေ‌တော့သည်။