Home သတင်း မဲ‌ဆောက်မြို့တွင်း မြန်မာ‌ဈေးသည်များကို ‌ရှောင်တခင် ဝင်‌ရောက်ဖမ်းဆီး

မဲ‌ဆောက်မြို့တွင်း မြန်မာ‌ဈေးသည်များကို ‌ရှောင်တခင် ဝင်‌ရောက်ဖမ်းဆီး

2840

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မဲ‌ဆောက်မြို့တွင် ‌ဈေး‌ရောင်းချ‌နေကြသည့် မြန်မာ‌ဈေးသည်များကို ထိုင်းအာဏာပိုင်များမှ ယ‌နေ့( ဇန်နဝါရီ ၁၉ ရက်) နံနက် အ‌စောပိုင်းတွင် ‌ရှောင်တခင် ဝင်‌ရောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ ၁ဝဝ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု မြန်မာပြည်သားများ အ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA ) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

“ မြဝတီက လာ‌ရောင်းတဲ့ ‌ခေါင်းရွက် ဗျတ်ထိုး‌တွေ များတယ်။ ဖမ်းပြီး ဒဏ်ရိုက်ပြီး‌တော့ ဟိုဘက်ကမ်း ပြန်ပို့တာ‌ပေါ့။ မဲ‌ဆောက်က လူ‌တွေကျ‌တော့ အချုပ်ခန်းမှာ ထားမယ်။ ဒဏ်ရိုက်မယ်‌ပေါ့။ မဲ‌ဆောက် တစ်မြို့လုံးမှာ ၁ဝဝ ‌လောက်ရှိမယ်။ မဲ‌ဆောက်မြို့ ‌စောင့်တပ်ဖွဲ့( ‌အော‌ဆော်) ၊ လဝက၊ နယ်ခြား‌စောင့်၊ စည်ပင်ရဲတို့ ‌ပေါင်းပြီး ဖမ်းတာ” ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုမှာ ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံ ‌တောင်ပိုင်းရှိ ရ‌နောင်းမြို့မှ စတင်ကာ စူရတ်ဌာနီ၊ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ဖတ်တယား၊ မဟာချိုင်တို့ရှိ မြန်မာ‌ဈေးသည်များကို စီမံချက်အရ ဖမ်းဆီးမှုများ လုပ်‌ဆောင်ပြီး‌နောက် ယခု မဲ‌ဆောက်တွင် စတင်ဖမ်းဆီးမှုများ လုပ်‌ဆောင်လာခြင်းဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

မဲ‌ဆောက်‌ဈေးတွင် ငါးစိမ်းများ ‌ရောင်း‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမ တစ်ဦးဖြစ်သူ မနီက လည်း “ ဒီ မနက် အ‌စောကြီး ငါးနာရီ‌လောက် ကတည်းက ဝင်ဖမ်းတာ။ ‌ဈေးသည်‌တွေ ရုတ်ရုတ်သဲသဲဖြစ် သွားတာ ‌ပေါ့။ ‌ပြေးတဲ့လူက ‌ပြေး၊ ပုန်းတဲ့ လူက ပုန်းကြတယ်။ ‌ပြောက်ကျား ဝင်ဖမ်းတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံတွင်း အလုပ်အကိုင် ၃၉ မျိုးအနက်မှ ‌ဈေးဆိုင်တည်ခင်း ‌ရောင်းချခြင်း၊ ‌ငွေသွင်း‌ငွေလွှဲ လုပ်ငန်း၊ အ ‌သေးစား ‌မော်‌တော်ယာဉ် ခရီးအကြိုအပို့ လုပ်ငန်း ၊ အ‌သေးစား‌ချေး ‌ငွေလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို ထိုင်းနိုင်ငံမှ တားမြစ်ထားသဖြင့် ယခုလို ဖမ်းဆီးမှုများ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်ဟု JACBA ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ထိုင်းနိုင်ငံ ရ‌နောင်းမြို့၊ စူရတ်ဌာနီ၊ ဖတ်တယား၊ မဟာချိုင်နှင့် မဲ‌ဆောက်မြို့တို့တွင် မြန်မာ‌ရွှေ့‌ပြောင်း အလုပ် သမားများ အများဆုံး ‌နေထိုင်ကြသည့် မြို့များဖြစ်သည်။ ထိုင်းနိုင်ငံ ၏ ခရိုင် ၇၇ခုရှိသည့်အထဲတွင် မြန်မာ ‌ရွှေ့‌ပြောင်း အလုပ်သမား ၃ သန်းနှင့် ၄သန်းကြားတွင်ရှိပြီး မဲ‌ဆောက်မြို့အပါအဝင် တာ့ခ်ခရိုင်ရှိ မြို့နယ် ၉ ခုတွင် အလုပ်သမား ၄ သိန်း‌ကျော်ရှိသည်ဟု အလုပ်သမား ကူညီ‌ဆောင်ရွက်‌ပေး‌နေသူများက ‌ပြော သည်။

ထိုင်းနိုင်ငံ‌ရောက် တရားမဝင် အလုပ်သမားများကို ဖမ်းဆီး နှိမ်နင်းရန် ထိုင်းနိုင်ငံ အစိုးရမှ ယခုနှစ် ဇွန်လ ‌ကြေညာချက် ထုတ်ပြန်ခဲ့သည့် BE ၂ဝ၁၇ အလုပ်သမား ဥပ‌ဒေကို ၂၀၁၈ ခုနှစ်၊ မတ်လအထိ ဆိုင်းငံ့ထား မည်ဟု နိုဝင်ဘာ ၁ဝ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။