Home သတင်း မုလအိ‌တောင်တန်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားရန် ‌ဒေသခံများ ကြိုးပမ်း

မုလအိ‌တောင်တန်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားရန် ‌ဒေသခံများ ကြိုးပမ်း

3312
Photo-Nerdudah Klu

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မုလအိ‌တောင်တန်း (‌ဒေါန‌တောင်တန်း)၏ ပတ်ဝန်းကျင်တွင် ယခုနှစ်ပိုင်းအတွင်း သစ်များ ခုတ်ယူထုတ်လုပ်မှု များလာ‌သော‌ကြောင့် သဘာဝပတ်ဝန်း ကျင် ပြန်လည်ထိန်းသိမ်းနိုင်ရန် မုလအိ‌တောင်‌ခြေရှိ ‌ဒေသခံများမှ စတင်စီစဉ်‌နေပြီဟု သိရသည်။

‌တောင်‌ခြေတွင် ကုမ္ပဏီအချို့ က သစ်များကို တစ်နှစ်ထက်တစ်နှစ် ထုတ်ယူသည့်အတွက်‌ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာကာ ‌ဆေးဖက်ဝင်အပင်များနှင့် ‌တောရိုင်းတိရိစ္ဆာန်များ မျိုးတုံးသွားမည်ကို စိုးရိမ်လာ၍ ‌ဒေသခံများဦး‌ဆောင်ပြီး ‌တောင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ယခုလို စီစဉ်‌နေခြင်းဖြစ်သည်ဟု မုလအိ ‌တောင်ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌ကော်မတီ ဥက္ကဌ ကျိတ်ရွာ ဆရာ‌တော် ဦး‌ဃောသိတက ‌ကေအိုင်စီသို့ ယခု လိုမြွက်ကြားသည်။

“လူထု‌တွေလုပ်ချင်တာက ‌ဘေးမဲ့‌တော‌ပေါ့။ ‌တောင်တစ်ခုလုံး‌တော့ ‌ပြောတာမဟုတ်ဘူး။ နယ်နိမိတ်သတ်မှတ် ‌ပေးဖို့ ဘယ်‌လောက်အထိ ခွင့်ပြုချက်‌ပေးမလဲ။ ‌ဘေးမဲ့‌တောလုပ်ရင် ဘယ်လိုဥပ‌ဒေနဲ့ လုပ်ရလဲ သစ်‌တော တာဝန် ရှိသူ‌တွေက ‌ဆွေး‌နွေးဖို့ အဆင့်ဆင့်လုပ်ရအုံးမယ်။ ဖြစ်နိုင်ရင် ‌တောင်ရဲ့ အ‌ရှေ့နဲ့ အ‌နောက်အားလုံး ထိန်းသိမ်းချင်ပါတယ်။ အခုက ခွင့်ပြုချက်ရှိလို့ဘဲ ကုမ္ပဏီ‌တွေက သစ်လာထုတ်လို့ရတာ။ ‌တောင်သဘာဝ အလှ ‌ရေရှည်တည်မြဲဖို့ တာဝန်ရှိသူနဲ့တိုင်ပင်ပြီး လုပ်‌ဆောင်ရတာ‌ပေါ့” ဟု ဆရာ‌တော် ဦး‌ဃောသိတ မြွက်ကြားသည်။

ထို့အပြင် ကိုယ်ကျိုးအတွက်ရှာကာ စည်းကမ်းမရှိသည့် ဘုရားဖူး ဧည့်သည်အချို့၏ ‌တောသစ်ခွပန်းပင်များ ခူးယူခြင်း၊ ‌ဆေးဖက်ဝင်အပင်များ ရှာ‌ဖွေခုတ်ယူခြင်း၊ မီးလှုံပြီး ပြန်လည်မငြှိမ်းသတ်သည့်အတွက် ‌တောမီးများ ‌လောင်ကျွမ်းမှု ဖြစ်ပွားခြင်းနှင့် ‌တောင်ယာသမားများ၏ ‌တောင်ယာခုတ်ခြင်းတို့‌ကြောင့် ‌တောင်၏ သဘာဝပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ထိခိုက်မှုရှိလာသည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ‌တောင်ကို ထိန်းသိမ်းနိုင်ရန် ‌တောင်‌ခြေ အ‌နောက်ဘက်ခြမ်း အနီးအနားရှိ ‌ကျေးရွာ ၅၃ ရွာပါဝင်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ယခု ၂ဝ၁၈ ခုနှစ် ဇန်နဝါလ ၁၄ရက်‌နေ့တွင် တစ်ကြိမ် ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့‌သော်လည်း အတည်ပြုသတ်မှတ်သည့်အဆင့် မ‌ရောက်‌သေးဘဲ ‌ဒေသ အာဏာပိုင်၊ ပညာရှင်များနှင့် ‌တောင်ပတ်လည်ရှိ ‌ကျေးရွာအားလုံးပါဝင်နိုင်ရန် လိုအပ်‌သော‌ကြောင့် အစည်းအ‌ဝေးထပ်မံ ပြုလုပ်ရန်ရှိသည်ဟု သိရသည်။

မုလအိ‌တောင်‌ခြေတွင်ရှိသည့် ကျိတ်အုပ်စုမှူး မန်း‌အောင်လင်းက“မုလအိ‌တောင်က အရင်ကနဲ့မတူ‌တော့ဘူး ။ ‌ခြေလျင် တက်ရင် လမ်းမှာ နားစရာ သစ်ပင်အရိပ်‌တွေမရှိ‌တော့ဘူး။ ပြီး‌တော့ စီးပွား‌ရေးလုပ်‌နေတဲ့ ‌ဒေသခံ တချို့ ကလည်း တန်းဖိုးရှိတဲ့သစ်‌တွေကို ခုတ်‌ရောင်းတာရှိတယ်။ ဝါး(ဝါးမင်း)‌တွေဆိုရင်လည်း ဘုရားဖူးတဲ့ သူ‌တွေက တစ်‌ယောက်တစ်‌ချောင်း ခုတ်ယူတယ်။ အ‌ယောက် တစ်‌ထောင်ဆိုရင် အ‌ချောင်းတစ်‌ထောင်ကုန်ပြီ။ ခုတ်မရဘူး စည်းကမ်းချက်ချလည်း ဥပ‌ဒေနဲ့မကိုင်တွယ်ရင် လူ‌တွေက ခုတ်မှာဘဲ။ ဒါ‌ကြောင့် အဆင့်ဆင့်ထိန်း သိမ်းနိုင်ဖို့ KNU ကိုပြန်တင်ပြရမယ်” ဟု ‌ပြောသည်။

မုလအိ‌တောင် တန်း၏ ပတ်ဝန်းကျင်တဝိုက်တွင် ‌ဆေးဖက်ဝင် အပင်များ၊ ‌တောသစ်ခွပန်းပင်များ၊ ရှားပါး ဝါးမင်းပင်များနှင့် သက်တမ်းရင့် သက်ပင်ကြီးများရှိသည့်အပြင် ‌တောရိုင်းတိရိစ္ဆာန် မျိုးစိတ်မျိုးစုံ ကျက်စားလျက်ရှိသလို မုလအိ ‌တောင်ထိပ်တွင် ဆံ‌တော်ရှင် မုလအိဘုရားရှိသည့်အတွက် နှစ်စဉ်‌နွေရာ သီအ‌ရောက်တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ စည်ကားလျက်ရှိသည်။

အဆိုပါ မုလအိ‌တောင်ထိပ်သို့ တက်‌ရောက်နိုင်ရန် ‌တောင်၏ အ‌ရှေ့ဘက်ခြမ်းရှိ မြဝတီခရိုင် ၊ စုကလိမြို့ နယ်ဘက်မှ ‌တောင်‌ပေါ်အထိ ကားဖြင့် သွား‌ရောက်နိုင်သလို ‌တောင်၏ အ‌နောက်ဘက်ခြမ်းရှိ ကြာအင်းဆိပ်ကြီး မြို့နယ် ကျိတ်နှင့် မိတံ‌ကျေးရွာဘက်တွင်လည်း ‌ခြေလျင်ဖြင့် တက်‌ရောက်နိုင်သည်။
မုလအိ‌တောင်တန်းသည် အစိုးရ သတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီခရိုင် စုကလိမြို့နယ်ခွဲတွင် တည်ရှိပြီး ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး သတ်မှတ်ချက်အရ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်တွင် တည်ရှိသည်။