Home သတင်း တစ်ဆို့‌နေသည့်ကိစ္စကို နိုင်ငံ‌တော် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် အလွတ်သ‌ဘော ‌တွေ့ဆုံညှိနှိုင်းသွားမည်ဟု PPST ဆုံးဖြတ်

တစ်ဆို့‌နေသည့်ကိစ္စကို နိုင်ငံ‌တော် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် အလွတ်သ‌ဘော ‌တွေ့ဆုံညှိနှိုင်းသွားမည်ဟု PPST ဆုံးဖြတ်

2276

ဇန်နဝါရီ ၁၂ ရက် ၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

အပစ်ရပ်စာချုပ် NCA အ‌ကောင်အထည်‌ဖော်မှုလုပ်ငန်းစဉ်များ၌ တစ်ဆို့‌နေသည့် ကိစ္စရပ်များကို ‌ကျော်လွှားနိုင်ရန် အစိုးရ၊ တပ်မ‌တော် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် အလွတ်သ‌ဘော‌တွေ့ဆုံညှိနှိုင်းသွားမည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၁ရက်မှ ၁၂ရက်‌နေ့အထိ ပြုလုပ်သည့် အပစ်ရပ်အဖွဲ့ ၈ဖွဲ့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPST၏ အ‌ရေး‌ပေါ် အစည်းအ ‌ဝေး၌ ဆုံးဖြတ်လိုက်သည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁)ရာစု ပင်လုံ တတိယအကြိမ်အစည်းအ‌ဝေး ‌အောင်မြင်စွာကျင်းပနိုင်ရန် လတ်တ‌လော ကြုံ‌တွေ့‌နေရသည့် NCA လက်မှတ်‌ရေးထိုးထား‌သော ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)နှင့် သျှမ်းပြည်ပြန်လည်ထူ‌ထောင် ‌ရေး‌ကောင်စီ(RCSS)တို့၏ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲနှင့် လူထု‌တွေ့ဆုံပွဲတို့ ကန့်သတ်ပိတ်ပင်တားမြစ်မှုများ ရှိ‌နေ သည့်အ‌ခြေအ‌နေအ‌ပေါ် အစိုးရ၊ တပ်မ‌တော် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် အလွတ်သ‌ဘော ‌တွေ့ဆုံသွားရန် ဆုံးဖြတ်ထား ‌ကြောင်း အစည်းအ‌ဝေး၏‌ပြောခွင့်ရ ပဒို‌စောကွယ်ထူးဝင်းက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ဒီအလွတ်သ‌ဘောပဲ‌တွေ့ဆုံ‌ဆွေး‌နွေးမှုက‌တော့ ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာပါတဲ့ အထူးသဖြင့် ဦး‌ဆောင်တဲ့ တပ် မ‌တော်ဆိုင်ရာအကြီးအကဲနဲ့ ‌နောက်ပြီး နိုင်ငံ‌တော်မှာဦး‌ဆောင်တဲ့ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂိ္ဂုလ်နဲ့‌တွေ့ဖို့ ကျ‌နော်တို့ သ‌ဘော ထား ရှိခဲ့တယ်။ ဆိုလိုတာက ဒီကိစ္စ‌တွေကို‌ကျော်လွှားနိုင်ဖို့အတွက် အစိုးရနဲ့ တပ်မ‌တော်နှစ်ဖက်စလုံးက သ‌ဘောတူညီမှုရှိဖို့ လိုအပ်တယ်ဆိုတဲ့အတွက်‌ကြောင့် ကျ‌နော်တို့‌တွေ့ဖို့ သ‌ဘောတူထားတယ်ဆိုတာ ဆုံးဖြတ်ထားတယ်။ အမြန်ဆုံး‌တွေ့နိုင်‌အောင် လည်း ကျ‌နော်တို့ ကြိုးစား‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အစည်းအ‌ဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ထိုသို့‌ပြောဆိုခဲ့သည်။

ထို့အပြင် NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအ‌ဝေး (JICM)၏ (၆)ကြိမ်‌မြောက်အစည်းအ‌ဝေး၏ ဆုံးဖြတ် ချက်အတိုင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအကြိမ်အစည်းအ‌ဝေးကို ယခုလ ‌နောက်ဆုံးပတ် တွင် ကျင်းပရန်ဆုံးဖြတ်ထား‌သော်လည်း လတ်တ‌လောညှိနှိုင်း‌ဖြေရှင်းသွားရမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ‌တွေ့ဆုံညှိနှိုင်းမှု ပြီးပြတ်မှသာ အစည်းအ‌ဝေးကို ဆက်လက်ကျင်းပသွားနိုင်မည်ဟုလည်း ‌ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

နှစ်ရက်တာပြုလုပ်ကျင်းပသည့် ၎င်းအ‌ရေး‌ပေါ်အစည်းအ‌ဝေးသို့ NCA ထိုးထားသည့် အဖွဲ့ ၈ဖွဲ့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး ‌ဆောင်အဖွဲ့ -PPST ထိပ်သီး‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေးကဏ္ဍ၊ လုံခြုံ‌ရေးကဏ္ဍဆိုင်ရာ အလွတ်သ‌ဘော ‌ဆွေး‌နွေး‌ရေး အဖွဲ့ဝင် များ အပါအဝင် JMC တာဝန်ရှိသူအချို့လည်း ပါဝင်တက်‌ရောက်ခဲ့ကြပြီး အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကိစ္စ၊ အပစ် ရပ် ၈ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများကိစ္စ၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအ‌ဝေးကိစ္စများနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးချမှတ်ခဲ့ကြသည်ဟု သိရသည်။

NCA အ‌ကောင်အထည်‌ဖော်မှု လုပ်ငန်းစဉ်အရ NCA စာချုပ်အပိုဒ်ခွဲ(ဂ)နှင့် (ဃ)နှင့် NCA အစည်းအ‌ဝေး ဆုံးဖြတ်ချက်မှတ်တမ်း အမှတ်စဉ် ၁၇ အရ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုပူးတွဲ‌ကော်မတီ-UPDJC မှ ချမှတ်ထားသည့် အ‌ခြေခံလမ်းညွှန်မှုများနှင့် အညီ လုပ်ငန်း‌ကော်မတီများမှ ဦး‌ဆောင်လမ်းညွှန်၍ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ကျင်းပရန်ပါရှိ‌သော်လည်း လက်ရှိတွင် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ (ALP)အဖွဲ့သည် အမျိုးသားအဆင့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲနှင့် လူထု‌တွေ့ဆုံပွဲ ကျင်းပခွင့်မရဘဲ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)အဖွဲ့မှာ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲနှင့် လူထု‌တွေ့ဆုံပွဲ ကျင်းပရာတွင် ‌နေရာကန့်သတ်မှုရှိခြင်းနှင့် တပ်မ‌တော်၏ ပိတ်ပင်တားမြစ်ခြင်းခံခဲ့ရသည်။

ALP အဖွဲ့၏ အတွင်း‌ရေးမှူး ‌စောမြရာဇာလင်းက “အစိုးရတစ်ရပ်သည် ခွဲခြားဆက်ဆံမှုမျိုးလုပ်လို့မရဘူး၊ လစ်လျှူရှုလို့မရဘူး။ ဘယ်အဖွဲ့က‌တော့ သာ‌စေ ဘယ်အဖွဲ့က‌တောနာ‌စေ၊ ဘယ်အဖွဲ့က‌တော့ အဖွဲ့ကြီးမို့လို့၊ ဘယ်အဖွဲ့က‌တော့ အဖွဲ့ငယ်မို့လို့ ဆိုပြီး ‌ပြောလို့မရဘူး။ ဒါ NCA စာချုပ်ကို ကျမတို့ (၈)ဖွဲ့ အတူတူထိုးထားခဲ့ကြတာ။ ဒီသ‌ဘောတရားအ‌ပေါ်မှာ‌တော့ ညီမျှဖို့လိုတယ်” ဟု အစည်းအ‌ဝေးပြီး သတင်းစာရှင်းလင်းပွဲ၌ ‌ပြောဆိုခဲ့သည်။

၎င်းPPST အ‌ရေး‌ပေါ်အစည်းအ‌ဝေးသို့ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF ၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP ၊ ဒီမိုက‌ရေစီအ ကျိုးပြု ကရင်တပ်မ‌တော် DKBA ၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး-CNF မှ ‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြ‌သော်လည်း ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချူပ်-PNLO အဖွဲ့မှ တက်‌ရောက်ခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။