Home သတင်း တစ်ဆို့‌နေတဲ့ DPN ၏အဆိုပြုချက်များကို ဆက်‌ဆွေး‌နွေးရန် UNFC ဆုံးဖြတ်

တစ်ဆို့‌နေတဲ့ DPN ၏အဆိုပြုချက်များကို ဆက်‌ဆွေး‌နွေးရန် UNFC ဆုံးဖြတ်

2087

ဇန်နဝါရီ ၈ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)၏ နိုင်ငံ‌ရေးဆိုင်ရာညှိနှိုင်း‌ရေးကိုယ်စားလှယ် အဖွဲ့(DPN)၏ အဆိုပြုချက်(၉)ချက် မှ အစိုးရ ငြိမ်းချမ်း‌ရေး‌ကော်မရှင်(PC) တို့နှင့် ‌ဆွေး‌နွေးရာတွင် တစ်ဆို့‌နေသည့် အဆိုပြုချက်များကို နှစ်ဖက်ထိပ်သီး‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံပြီး ဆက်လက်ညှိနှိုင်းသွားရန် UNFC ဆုံးဖြတ်လိုက်သည်။

(၁၇)လ ကြာ ညှိနှိုင်း‌ဆွေး‌နွေးလာသည့် DPN၏ အဆိုပြုချက် (၉)ချက်မှ ညှိနှိုင်းရန် တစ်ဆို့‌နေဆဲ ၃ ချက်ကို ဆက်လက်ညှိနှိုင်းအ‌ဖြေရှာရန် ယခုလ ဇန်နဝါရီ ၆ရက်မှ ၈ရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် (UNFC)၏ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီ(တိုးချဲ့) အစည်းအ‌ဝေးမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ဦးထွန်း‌ဇော် က‌ပြောသည်။

၎င်းက “ကျ‌နော်တို့ DPNနဲ့ အစိုးရငြိမ်းချမ်း‌ရေး‌ကော်မရှင် အကြား‌ဆွေး‌နွေးလာတာ ၁၇ လ‌ကျော်ရှိပြီး။ တရားဝင် ‌တွေ့ဆုံမှုက ၈ကြိမ်‌မြောက်တိုင်တိုင် ‌ဆွေး‌နွေးခဲ့ပြီးဖြစ်တယ်။ ‌နောက်ဆုံး‌ရောက်ရှိ‌နေတဲ့ အ‌နေအထားက‌တော့ နှစ်ဖက်ထိပ်သီး‌ခေါင်း‌ဆောင်‌တွေ‌တွေ့ဆုံ ညှိနှိုင်းပြီး‌တော့မှ အ‌ဖြေရှာဖို့အတွက်ပြင်ဆင်‌နေကြတာ‌တွေ ရှိပါ တယ်။ ဒီကိစ္စ‌တွေကို DPN အ‌နေနဲ့ ဆက်လက်‌ဆောင်ရွက်ဖို့ သ‌ဘောထားချမှတ်ချက် လုပ်ကြတာ‌တွေ ရှိပါတယ် ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ တစ်ဆို့‌နေသည့်အချက်များကို ညှိနှိုင်းရန် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် နှင့် UNFC တပ်‌ပေါင်းစုတို့ နှစ်ဖက် ထိပ်သီး ‌ခေါင်း‌ဆောင်များ‌တွေ့ဆုံနိုင်ရန် DPN နှင့် အစိုးရ ငြိမ်းချမ်း‌ရေး‌ကော်မရှင်(PC)အကြား ကြိုတင် ညှိနှိုင်းမှုများမှာ ကြန့်ကြာ‌နေသည့် သ‌ဘောရှိ‌နေသည့်အတွက် မြန်မြန်ဆန်ဆန် အ‌ကောင်အထည်‌ဖော်နိုင်ရန် အခြား‌သော နည်းလမ်းမျိုးစုံဖြင့် လုပ်‌ဆောင်သွားရန်ရှိသည်ဟု ဦးထွန်း‌ဇော်က ဆက်‌ပြောသည်။

DPN ၏ အဆိုပြုချက်(၉)ချက်ထဲမှ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲ‌ကြောင်း ‌ကြေညာခြင်းကို အစိုးရ ၊တပ်မ‌တော်နှင့် UNFC အဖွဲ့အဝင်အဖွဲ့စည်းတို့မှ တရားဝင်ပူးတွဲထုတ်ပြန်သွားရန်၊ အစိုးရ ၊ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အများယုံ ကြည်‌လေးစား ‌သောပုဂ္ဂိုလ်များ ပါဝင်သည့် အပစ်အခတ်ရပ်စဲ‌ရေး ဆိုင်ရာ ပူးတွဲ‌စောင့် ကြည့်‌ရေး‌ကော်မတီတစ်ရပ်ကို နှစ်ဖက် သ‌ဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထား‌သော ကြီးကြပ် ‌စောင့်ကြည့်‌ရေး အဖွဲ့နှင့်အတူဖွဲ့စည်းရန် နှင့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အ‌ခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေးများ အာမခံချက် အပြည့်အဝရှိ‌သော ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုနိုင်ငံ တည် ‌ဆောက်သွားရန် စသည့် ၃ချက်မှာ ဆက်လက်ညှိနှိုင်းသွားရန် ‌နောက်ဆုံးတစ်ဆို့‌နေသည့် အချက်များဖြစ်သည်ဟု UNFCက ‌ပြောသည်။

သုံးရက်တာပြုလုပ်ခဲ့သည့် ယင်း UNFC၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ(တိုးချဲ့)အစည်းအ‌ဝေး၌ UNFC၏ အ‌ထွေ‌ထွေလုပ်ငန်းစဉ်များနှင့် လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် ပြန်လည်သုံးသပ်ခြင်း၊ ၎င်း တစ်ဆို့‌နေသည့် အချက်များကို ‌ဆွေး‌နွေးခြင်း၊ မွန်ပြည်သစ်ပါတီ -NMSP၏ ပြီးခဲ့သည့်လက ပြုလုပ်သည့် အ‌ရေး‌ပေါ် ဗဟို‌ကော်မတီဝင်တွင် ဆုံးဖြတ်ခဲ့သည့် NCA လက်မှတ် ထိုး‌ရေးကိစ္စကို တင်ပြ‌ဆွေး‌နွေးပြီး ‌ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ခဲ့ကြသည်ဟု သိရသည်။

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ UNFC အဖွဲ့တွင် လက်ရှိ မွန်ပြည်သစ်ပါတီ-NMSP၊ ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ-KNPP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး- LDU၊ ရခိုင်အမျိုးသား ‌ကောင်စီ-ANC အဖွဲ့များ ပါဝင်သည်။