Home သတင်း ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးတွင် ‌မြေမြှုပ်မိုင်း အန္တရာယ်များ‌သော ‌ဒေသအဖြစ် ICBL အစီရင်ခံစာတွင် ‌ဖော်ပြ

ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးတွင် ‌မြေမြှုပ်မိုင်း အန္တရာယ်များ‌သော ‌ဒေသအဖြစ် ICBL အစီရင်ခံစာတွင် ‌ဖော်ပြ

2233

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးတွင် ‌မြေမြှုပ်မိုင်း အန္တရာယ်များ‌သော ‌ဒေသများအဖြစ် ကမ္ဘာလုံးဆိုင်ရာ ‌မြေမြှုပ် မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့‌ဆော်‌ရေး အဖွဲ့ (ICBL)က ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို ICBL ၏ မြန်မာနိုင်ငံ‌မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ‌ပေါက်ကွဲ‌စေ‌သော လက်နက်ပစ္စည်းများ ‌စောင့်ကြည့်‌လေ့လာ‌ရေးအဖွဲ့ က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အထိ‌တွေ့ရှိချက်များကို ပြုစု ထုတ်ပြန်ခြင်းဖြစ်ပြီး အစီရင်ခံစာ မီဒီယာမိတ်ဆက်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်‌နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ‌တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ‌မြေမြှုပ်မှိုင်း အန္တရာယ်ရှိမြို့နယ် ၇၁ မြို့နယ်ရှိသည့်အနက် ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့ နယ်စလုံးပါဝင်ကာ ‌မြေမြှုပ်မိုင်းကို လက်နက်ကိုင် တပ်ဖွဲ့များက အသုံးပြု‌နေဆဲဖြစ်ပြီး မိုင်းရှင်းလင်း‌ရေးလုပ်ငန်း များ စတင်လုပ်‌ဆောင်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် တိတိကျကျမသိရှိ‌သေး‌ကြောင်း အစီရင်ခံစာ ပြုစုသူ မြန်မာနိုင်ငံ ဆိုင်ရာ‌မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်‌ပေါက်ကွဲ‌စေ‌သောလက်နက်ပစ္စည်းများ ‌စောင့်ကြည့်‌လေ့လာ ‌ရေး သု‌တေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်( Yeshua Moser-Puangsuwan) က ‌ပြောသည်။

၎င်းက “ ငြိမ်းချမ်း‌ရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့‌တွေနဲ့ တပ်မ‌တော်တို့က မိုင်းသုံးတယ်ဆိုတဲ့ သတင်းအချက် အလက် ကျ‌နော်တို့ မရရှိပါဘူး။ ဒီ‌နေရာမှ တရားဝင် အတည်ပြုလို့ မရတဲ့ သတင်းအချက်အလက်က‌တော့ တိုင်းရင်းသားလက်နက်ကိုင်‌တွေက ဆက်သုံး‌နေတယ်ဆိုတဲ့ဟာရယ်၊ တပ်မ‌တော်ကွပ်ကဲမှု‌အောက်မှာရှိတဲ့ BGF နယ်ခြား‌စောင့်တပ်‌တွေက သုံးတယ်ဆိုတဲ့ အချက်‌တွေက‌တော့ ရပါတယ်” ဟု အစီရင်ခံစာ မိတ်ဆက်ပွဲ တွင် ‌ပြောသည်။

စာမျက်နှာ ၃၂ မျက်နှာပါရှိသည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံတဝှမ်းလုံး ‌မြေမြှုပ်မိုင်း အသုံးပြုခဲ့သည့် ဖြစ်စဉ်များ၊ အသုံးပြု‌နေသည့် အဖွဲ့များ၊ ယင်းကာလအတွင်း ‌မြေမြှုပ်မိုင်း ပညာ‌ပေး လုပ်‌ဆောင်‌နေသည့် အဖွဲ့များနှင့် လုပ်‌ဆောင်ခဲ့သည့် ‌ဒေသများ၊ နိုင်ငံတကာ ‌မြေမြှုပ်မိုင်း တားဆီးကာကွယ်‌ရေး ဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံ ရပ်တည်‌နေသည့် အ‌ခြေအ‌နေနှင့် အကြံပြုချက်များကို ‌ဖော်ပြထားသည်။

ထို့အပြင် အစီရင်ခံစာ၌် မြန်မာနိုင်ငံတွင် မိုင်းအ‌ရေး ‌ဆောင်ရွက်ရာမှာ တရားဝင်ဆုံမှတ်တခု‌ပေးနိုင်ရန် မိုင်းအ‌ရေး‌ဆောင်ရွက်သည့် ဌာန တစ်ခုဖွင့်လှစ်ရန်နှင့် မိုင်း‌ကြောင့် ထိခိုက်နစ်နာသူများဆိုင်ရာ သတင်းအချက် အလက်များ စု‌ဆောင်းခြင်းနှင့် တုန့်ပြန်‌ဆောင်ရွက်ခြင်းနည်းလမ်းများ ရှာ‌ဖွေပြီး သက်ဆိုင်သူများဖြင့် တာဝန်ခံ ညှိနှိုင်း‌ဆောင်ရွက်ခြင်းများကို လုပ်‌ဆောင်သင့်‌ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

ICBL အ‌နေဖြင့် မြန်မာနိုင်ငံတွင် ‌မြေမြှုပ်မိုင်း ‌စောင့်ကြည့်ခြင်းလုပ်ငန်းကို ၁၉၉၉ ခုနှစ်ကတည်းက စတင်လုပ် ‌ဆောင်ခဲ့ပြီး စတင်ချိန်ကတည်းမှ ၂၀၁၆ ခုနှစ်ကုန်ထိ မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ၃၉၉၁ ဦးရှိပြီး ၎င်းတို့ တွင် ‌သေဆုံးသူ ၄၈၈ ဦး၊ ဒဏ်ရာရရှိသူ ၃၃၈၅ ဦးနှင့် အ‌ခြေအ‌နေမသိရသူ ၁၁၈ ဦးရှိပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွင်း မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၉၈ ဦးရှိကာ အမျိုးသား ၁၅၆ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ အမျိုးသမီးများ၊ က‌လေးငယ်များလည်း ထိခိုက်မှုရှိကာ အများစုမှာ အရပ်သားများဖြစ်‌ကြောင်း အစီရင်ခံစာ တွင်‌ဖော်ပြထားသည်။

ICBL ကို ကမ္ဘာတဝှမ်းမိုင်းရှင်းလင်း‌ရေးအတွက် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ နိုင်ငံ‌ပေါင်း ၇ဝ ‌ကျော်တွင် အစိုးရ မဟုတ်သည့် လူမှုအဖွဲ့အစည်း ၁၃၀ဝ ‌ကျော် ကွန်ရက်ချိတ်ဆက်ထားပြီး အဖွဲ့အ‌နေဖြင့် ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်း‌ရေး နိုဘယ်ဆု ရရှိခဲ့ဖူးသည်။