Home သတင်း ကရင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား (၅၅၀၀ဝ ) ‌ကျော်‌နေထိုင်‌ကြောင်း SNLD ‌ပြောဆို

ကရင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား (၅၅၀၀ဝ ) ‌ကျော်‌နေထိုင်‌ကြောင်း SNLD ‌ပြောဆို

3333

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ‌နေထိုင်သည့် ရှမ်း(သျှမ်း) တိုင်းရင်းသားများ စာရင်းကို ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီ အဖွဲ့ ချုပ်(SNLD)က ‌ကောက်ယူခဲ့ရာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလထိ ‌မြေပြင်စာရင်းများအရ (၅၅,၇၄၄) ဦးရှိသည်ဟု ပြည်နယ်အတွင်း ရှမ်းလူဦး‌ရေ စာရင်းပြုစု‌ကောက်ယူအဖွဲ့ ဦး‌ဆောင်သူ SNLD အဖွဲ့ဝင် စိုင်းစံ(ခ) ‌ကောင်းသက်စံ ဇန်နဝါရီလ ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ရှမ်းတိုင်းရင်းသာ‌တွေ လူ‌နေမှုဘဝ ထိုက်သင့်သ‌လောက် ရှိရမယ်။ အခြားတိုင်းရင်းသားနည်းတူ ရိုးရာ ပွဲ‌တွေ ကျင်းပနိုင်ဖို့ ‌မျော်မှန်းထားတယ်။ ကရင်ပြည်နယ်မှာ ရှမ်းလူမျိုးရှိတယ်ဆိုတာ တစ်နိုင်ငံလုံးကို သိ‌စေချင်တာပါ” ဟု ‌ပြော သည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ အ‌နေဖြင့် ရှမ်းနှစ်သစ်ကူးပွဲ‌တော်ကို ပြည်နယ်အဆင့် မကျင်း ပနိုင်‌သေးသလို ရှမ်းစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ဖာပွန်မြို့နယ် တစ်ခုတည်းတွင်သာ ဖွဲ့စည်းနိုင်ပြီး ပြည်နယ် အစိုးရ ၏ ပံ့ပိုးကူညီမှုကို ‌မျှော်လင့်ထားသည်ဟု ပြည်နယ်အတွင်း ရှမ်းလူဦး‌ရေ စာရင်း ဦး‌ဆောင် ‌ကောက်ယူခဲ့သူလည်းဖြစ်သည့် စိုင်း‌ကောင်းသက်စံက ဆက်‌ပြောသည်။

SNLD ‌ကောက်ယူထားသည့် ရှမ်းလူမျိုးစာရင်းအရ ဖားအံမြို့နယ်တွင် ၂, ၃ဝ၃ ဦး၊ ဖာပွန်မြို့နယ် ၈, ၄၇၄ ဦး၊ ‌ကော့ကရိတ် မြို့နယ် ၁၃, ၉၆၄ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၁၃, ဝ၃၃ ဦး၊ မြဝတီမြို့နယ် ၁၇, ၉၇ဝ ဦးရှိပြီး တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်နယ်‌မြေ များတွင် ‌ကောက်ယူနိုင်ခြင်း မရှိဟု ပြည်နယ် SNLD က ‌ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ပြည်နယ်အတွင်းရှိ တခြားတိုင်းရင်းသားများအ‌နေဖြင့် တစ်နိုင်ငံလုံးစုစု‌ပေါင်း လူဦး‌ရေ စာရင်း၏ သုညဒသမ ၁ ရာခိုင်နှုန်း ‌ကျော်ရှိ‌ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်လျှင် တိုင်းရင်းသား ‌ရေးရာ ကိုယ်စားလှယ်တစ်ဦး ‌ရွေး‌ကောက်ပိုင်ခွင့်ရရှိမည်ဟု ‌ဖော်ပြထားသည်။

အဆိုပါ ‌ရေးရာကိုယ်စားလှယ်ကိစ္စကို SNLD အ‌နေဖြင့် လတ်တ‌လော မ‌ပြောဆိုနိုင်‌သေး‌သော်လည်း ၂၀၂ဝ ‌ရွေး‌ကောက် ပွဲနီးမှသာ ပါတီဗဟို‌ကော်မတီက ထုတ်ပြန်မည်ဟု ပြည်နယ် SNLD က ‌ပြောသည်။

ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးရင်‌ထွေးက “ လူမျိုးစု အလိုက် လူဦး‌ရေစာရင်း ပြည်နယ်မှာ သီးခြားမထုတ်ပြန်ဘူး။ ‌နေပြည်‌တော်က ဝန်ကြီးဌာနမှာပဲ ထုတ်ပြန်တယ်။ လူဦး‌ရေစာရင်း ‌တော့ ထွက်ပြီးပြီး။ သူတို့လူမျိုးစုစာရင်း‌ကောက်ခံတာ‌တော့ သူတို့စည်းမျဉ်းတစ်ခု ဖြစ်သွား တာ‌ပေါ့” ဟု ဇန်နဝါရီ ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံမှ ‌ဝှေ့ရှမ်းတိုင်းရင်းသားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့ သကင်္န်းညီ‌နောင် ‌ဒေသသို့ ၁၈၈၂ ခုနှစ် တွင် လာ ‌ရောက်အခြချ‌နေထိုင်လာခဲ့ပြီး လွတ်လပ်‌ရေးရပြီး‌နောက်ပိုင်း ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ ပြန့်နှံ့‌နေထိုင်လာခဲ့ကြခြင်းဖြစ်သည်ဟု ပြည်နယ်အတွင်း‌နေထိုင်သည့် ရှမ်းတိုင်းရင်းသားများက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂ဝ၁၄ ခုနှစ် ‌ကောက်ယူထားသည့် သန်း‌ခေါင်စာရင်းအရ စုစု‌ပေါင်း လူဦး‌ရေ ၁,၅၇၄,ဝ၇၉ ဦးရှိပြီး တိုင်းရင်းသားလူမျိုးအလိုက် စာရင်းကိုမူ အ‌သေးစိတ်ထုတ်ပြန်ထားခြင်း မရှိ‌ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။