Home သတင်း ကရင်ပြည်နယ်အတွင်း တိုင်းရင်းစာ‌ပေသင် အကူ ဆရာ/ဆရာမ ၅၅ဝ ဦးကို တရားဝင်စတင်ခန့်အပ်

ကရင်ပြည်နယ်အတွင်း တိုင်းရင်းစာ‌ပေသင် အကူ ဆရာ/ဆရာမ ၅၅ဝ ဦးကို တရားဝင်စတင်ခန့်အပ်

2586

ဇန်နဝါရီ ၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်းရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများ၌ တိုင်းရင်းစာ‌ပေသင်ကြား‌ရေးတွင် အ‌ထောက် အကူပြု‌ရေး အတွက် ဆရာ/ ဆရာမ ၅၅ဝ ဦးကို တရားဝင် အစိုးရဝန်ထမ်း ‌နေ့စား၊ လ‌ပေးဆရာများအဖြစ် ဇန်နဝါရီလတွင် စတင်ခန့် အပ်လိုက်သည်ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးစိုးမြင့်က ဇန်နဝါရီ ၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီဇင်ဘာ ၃၁ ရက်‌နေ့က ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းစာ‌ပေသင် ဆရာ/ဆရာမ ၅၅ဝ ဦး ‌နေ့စားလ‌ပေး အဖြစ် ခန့်စာ‌ရောက်လာတယ်။ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ခန့်အပ်တယ်။ ‌လျှောက်ထားတာ ၁,၂ဝဝ ‌လောက်ရှိတယ်။ အ သက် ၁၈ နှစ်မပြည့်တဲ့သူ‌တွေ အလုပ်သမား ဥပ‌ဒေအရခန့်လို့ မရဘူး‌လေ။ အသက် ၃၅ နှစ် အထက်‌ကျော်လွန်တာ ‌လော‌လောဆယ်မပါ‌သေးဘူး။ ‌နေ့စားလ‌ပေးအ‌နေနဲ့ အလုပ်ဝင်လို့ရပြီး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ခန့်အပ်လိုက်သည့် ဆရာ/ဆရာမများကို တိုင်းရင်းစာ‌ပေ သင်ဆရာများဟု သီးသန့်‌ခေါ်ယူ ခန့်အပ်ခြင်း မဟုတ်သလို ‌ဒေသခံက‌လေးများ ဗမာစာသင်ကြားရာတွင် နားမလည်ပါက ဘာသာပြန်ရှင်းပြရန်နှင့် သင်ကြား ‌ရေးအ‌ထောက် အကူပြုနိုင်ရန် သင်ကြားချိန်တွင် လိုအပ်သလို ဝိုင်းကူညီနိုင်ရန် ခန့်အပ်ခြင်းဖြစ်သည်ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးစိုးမြင့်က ဆက်‌ပြောသည်။

လက်ရှိ ‌နေ့စားလ‌ပေး ဆရာ/ ဆရာမ (Teaching Assistant) များအဖြစ် ခန့်အပ်ရာတွင် ‌လျှောက်ထားသူ ၁,၂၀ဝ ဦး‌ကျော်အနက်မှ အနိမ့်ဆုံးအ‌ခြေခံ ပညာ ၉ တန်း‌အောင်သူများပါဝင်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကို ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု ပညာ‌ရေးဌာနမှ သိရသည်။

ပိုးကရင်စာ‌ပေသင်ကြားသူ ‌နောင်အိမ်မှုဟီက “ ‌ဒေသအတွင်း က‌လေး‌တွေကို စာ‌ပေတတ်‌မြောက်‌စေလိုတဲ့ ရည်ရွယ် ချက်နဲ့ ‌စေတနာ‌ရှေ့ထားပြီး သင်‌ပေးလာတာပါ။ အခု ‌နေ့စား၊ လ‌ပေးခန့်အပ်တဲ့ အထဲမှာ ကိုယ့်နာမည်ပါ‌တော့ အရမ်း‌ပျော်တာ‌ပေါ့‌နော်။ တာဝန်တစ်ခုလို တိတိကျကျဖြစ်လာ‌တော့ ကိုယ့်ရဲ့ စာ‌ပေ၊ ယဉ်‌ကျေးမှု၊ သမိုင်း‌တွေ ယခင်ကထက် ပိုပြီးသင်ကြားလာနိုင်မယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ခန့်အပ်ရာတွင် ‌ဒေသတွင်းအ‌ခြေအ‌နေအရ အစိုးရ‌ကျောင်းများ ပြည့်စုံမှုမရှိခြင်း၊ အချို့‌နေရာများတွင် ဘုန်း‌တော်ကြီး သင်ပညာ‌ရေး‌ကျောင်းများကိုသာ အားထားခဲ့ရခြင်း စသည့် အ‌ခြေအ‌နေ‌ကြောင့် အစိုးရ အတန်းပညာ‌ရေး မရှိ‌သော်လည်း မိခင်တိုင်းရင်းသား ဘာသာ စကားကို ‌ကောင်းမွန်စွာ တက်ကျွမ်းသူများရှိ‌နေသည့်အ‌ပေါ် ခန့်အပ်သည့် စည်းမျဉ်းများကို ပြန်သုံးသပ်‌စေလိုသည်ဟု စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီ တာဝန်ရှိသူများက ‌ပြောဆိုသည်။

တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာနနှင့် ပညာ‌ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းကာ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် လက်ရှိ
တိုင်းရင်းသား စာ‌ပေ ဘာသာစကား သင်ကြား‌ပေး‌နေ‌သော တိုင်းရင်းသားဘာ သာသင် ဆရာ/ဆရာမများ (‌ထောက်ပံ့‌ကြေး တစ်လကျပ် ၃၀၀၀ဝ/- ရရှိ‌နေသူ)ကို ‌နေ့စားလ‌ပေး ဆရာ/ ဆရာမ (Teaching Assistant) များအဖြစ် ခန့်အပ်ရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက တရားဝင် ‌ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင်စတင်ခန့် အပ်ခြင်းဖြစ်သည်။