Home သတင်း ကရင်‌ကျောင်းသား စုံညီပွဲ‌တော်တွင် အစိုးရ စာသင်‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသားများ ပူး‌ပေါင်းပါဝင်

ကရင်‌ကျောင်းသား စုံညီပွဲ‌တော်တွင် အစိုးရ စာသင်‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသားများ ပူး‌ပေါင်းပါဝင်

2707

ဇန်နဝါရီ ၁၉ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ပိုင်ကျုံမြို့နယ် ဝါ့မီကလားအုပ်စု၊ တာအူခီးထာ့‌ကျေးရွာတွင် မြို့နယ်အဆင့် ကရင်ပညာ‌ရေးဌာန (KED) ဦး‌ဆောင်ပြီး ယမန်‌နေ့( ဇန်နဝါရီ ၁၈) စတင်ကျင်းပသည့် ‌ကျောင်းသားစုံညီပွဲ ‌တော်တွင် အစိုးရ ပညာ‌ရေးဝန်ကြီးဌာန၏ စာသင်‌ကျောင်းနှစ်‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသားများ ပါဝင် ပူး‌ပေါင်းခဲ့ကြသည်ဟု သိရသည်။

‌ဒေသတွင်း စာသင်‌ကျောင်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ‌စေရန် ရည်ရွယ်ပြီး ပွဲ‌တော် ကျင်းပ‌ရေး ‌ကော်မတီမှ အစိုးရ စာသင်‌ကျောင်း နှစ်‌ကျောင်းဖြစ်သည့် ‌ကျော်‌ကေ့ထာ့နှင့် တာလယ် (ကာတဲ) အ‌ခြေခံ ပညာအလယ်တန်း‌ကျောင်းတို့မှ ဆရာ၊ ဆရာများနှင့် ‌ကျောင်းသူ ‌ကျောင်းသားတို့အား လာ‌ရောက် ပူး‌ပေါင်းပါဝင်‌စေခြင်းဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်သူ ဆရာ‌စောရိန်းဘိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီနှစ်ရဲ့ထူးခြားချက်က‌တော့ အစိုးရ စာသင်‌ကျောင်း ပါလာတယ်‌ပေါ့။ ‌နောက်ပြီး ‌ကျောင်းအ‌ရေ အတွက် လည်း များလာတယ်။ အရင်က ကျ‌နော်တို့‌တွေ အဆက်အသွယ်မရှိလို့ သူတို့မပါဝင်တာပါ။ အခု ကျ‌နော်တို့ရဲ့အစီအစဉ်ကို သူတို့‌တွေက ကြားသိရပြီး‌တော့ လာပြီး ဆက်သွယ်လာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ဘက်ကလည်း ဖိတ်‌ခေါ်ပြီး ပူး‌ပေါင်း‌စေတာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ယခုလို အစိုးရ စာသင်‌ကျောင်းများမှ ‌ကျောင်းဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ ပါဝင် ပူး‌ပေါင်း လာခြင်းသည် စီမံအုပ်ချုပ်မှု မတူညီသည့် စာသင်‌ကျောင်း အချင်းချင်း၏ ပူး‌ပေါင်းလုပ်‌ဆောင်မှုကို ထုတ်‌ဖော်ပြသလိုက်ခြင်းဖြစ်သည်ဟု ဆရာ ‌စောရိန်းဘိုးက ဆက်‌ပြောသည်။

အဆိုပါ ‌ကျောင်းသား စုံညီပွဲ‌တော်ကို KED လမ်းညွှန်မှု ‌အောက်ရှိ တာအူခီးထာ့၊ က‌လေ့မို့ခီး၊ မဲ့လာအားခီး၊ မဲ့လာအားထာ့၊ ‌စေဖိုးခီး၊ မဲ့ကဲ၊ ဝါ့မီကလား၊ ထီးက‌ဟော၊ မယ်ဖိုးခီး၊ ‌ဝေါ်‌ကျော်၊ ‌မောဖိုး‌ကေ့ စသည့် မူလတန်းမှ အလယ်တန်းအထိ စာသင်‌ကျောင်းများ နှင့် အစိုးရ လမ်းညွှန်မှု‌အောက်ရှိ စာသင်‌ကျောင်း နှစ်‌ကျောင်းအပါအဝင် ‌ကျောင်း‌ပေါင်း ၁၆ ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသားများနှင့် ဆရာ၊ ဆရာမအားလုံး စုစု‌ပေါင်း ၄ဝဝ ဦး‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။

တာလယ်(ကာတဲ) အလယ်တန်း‌ကျောင်းမှ ဆရာမ ‌နော်‌ဖောလူးလူက“ ကျမတို့ကို ဖိတ်လို့လာတာဖြစ်သလို ကျမတို့ကိုယ်တိုင်ကလည်းပဲ လာချင်တာ ပါတယ်။ ‌ကျောင်းသား‌တွေ အချင်းချင်း အခုလို ရင်းနှီးခွင့်ရတာ တခါမှ မရှိ‌သေးဘူး‌လေ။ ကျမတို့ ပညာ‌ရေးကို ချစ်မြတ်နိုးကြသူ‌တွေ အချင်းချင်း လာ‌ရောက်ဆုံ ‌တွေ့ခွင့်ရ တာ အရမ်းကို ဝမ်းသာတယ်။ ပညာ‌ရေးပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကြံ‌ပေးတာ‌တွေရှိ တာကိုလည်း ‌ကျေနပ်မိပါတယ်။ ”ဟု ‌ပြောသည်။

ဇန်နဝါရီ ၁၈ ရက်မှ ၂ဝ ရက်‌နေ့အထိ ပြုလုပ်ကျင်းပမည့် ၎င်း ‌ကျောင်းသားစုံညီပွဲ‌တော်တွင် ‌ဘောလုံး၊ ချဲ‌ဘော (ကုလားထိုင်‌ပေါ် ‌ဘောလုံးပစ်နည်း) ၊ အ‌ပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများအပြင်၊ ညဘက်တွင် ရိုးရာအက ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ၊ ပြဇာတ်ပြိုင်ပွဲ၊ ရိုးရာ ယက်ကန်းယက်ပြိုင်ပွဲနှင့် ပန်းချီ‌ရေးဆွဲမှုပြိုင်ပွဲများ ပါဝင်သည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

‌စေဖိုးခီး‌ကျောင်းမှ ‌ကျောင်းသား ‌စောဆာကူးကူက “ ကျ‌နော်က‌တော့ ‌ဘောလုံးကစားတယ်။ ရိုးရာ အကပြိုင်ပွဲမှာလည်း ဝင်ပြိုင်ပါတယ်။ ဆရာသမား‌တွေ၊ သူငယ်ချင်း‌တွေနဲ့ လာ‌ရောက် ဆုံ‌တွေ့ခွင့်ရတာ ‌ပျော်တယ်။ ဒီလိုပွဲ‌တော်မျိုး ကျင်းပပြုလုပ်‌ပေးတာ အရမ်း‌ပျော်ပါတယ်။ ဒါ‌ကြောင့် ‌နောင်နှစ်‌တွေမှာလည်း ဒီလို ပွဲမျိုးကို ပုံမှန် စီစဉ်ကျင်းပ‌ပေးဖို့ ‌မျှော်လင့်ပါတယ်။”ဟု ‌ပြောသည်။

ပိုင်ကျုံမြို့နယ်၊ ဝါ့မီကလား ‌ကျေးရွာအုပ်စုတွင်း ‌ကျောင်းသားပွဲ‌တော်ကို ‌ကျောင်းသူ ‌ကျောင်းများ မိမိကိုယ်ကို ယုံကြည်မှု ရှိ‌စေရန်၊ ပညာ‌ရေးကို ချစ်မြတ်နိုးတတ်ရန်နှင့် ဓ‌လေ့ရိုးရာ ယဉ်‌ကျေးမှုကို တန်ဘိုးထားတတ်ရန် ရည်ရွယ်ကာ ပိုင်ကျုံမြို့နယ် ကရင်ပညာ‌ရေးဌာန(KED)မှ တစ်နှစ်တစ်ကြိမ် ကျင်းပလာမှုမှာ ယခု အကြိမ်အပါအဝင် ၁၆ ကြိမ်‌မြောက်ပြီဖြစ်ပြီး အစိုးရ စာသင်‌ကျောင်းအ‌နေဖြင့် ပထမဆုံးအကြိမ် လာ‌ရောက် ပူး‌ပေါင်း ပါဝင်လာခြင်းဖြစ်သည်ဟု သိရသည်။