Home သတင်း ကရင်လူထုများကို ကူညီရန် KHKG ပြည်တွင်းရုံးဖွင့်လှစ်

ကရင်လူထုများကို ကူညီရန် KHKG ပြည်တွင်းရုံးဖွင့်လှစ်

2364

ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်‌နေကြသည့် ကရင်လူငယ်အများစုဖြင့် ဖွဲ့စည်းထား‌သော Karen Help Karen Group (KHK G)က ပြည်တွင်းရှိ ဒုက္ခ‌ရောက်‌နေသည့် ကရင်လူမျိုးများကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ၎င်းတို့၏ ယာယီရုံးကို ဖားအံမြို့နယ်၊ ထီဖိုးခလုံးရွာတွင် ဇန်နဝါရီလ ၂၅ရက်‌နေ့က စတင် ဖွင့်လှစ်လိုက်သည်။

KHKG အဖွဲ့အ‌နေဖြင့် ပြည်တွင်း၌သာမက ပြည်ပမှကူညီမှု အများဆုံးရှိသည့်အတွက် ပို့‌ဆောင်လာသည့် အစားအ‌သောက်၊ အဝတ်အစား၊ ဗလာစာအုပ်နှင့် အခြားပစ္စည်းများကို ယာယီထားရန် လိုအပ်ခြင်းနှင့် အဖွဲ့ခိုင်မြဲ‌စေရန်အတွက် ရုံးဖွင့်ရခြင်းဖြစ် သည်ဟုလည်း အဖွဲ့၏ဥက္ကဌ မန်းသမားအွာက ‌ပြောသည်။

၎င်းက “အခုကျ‌နော်တို့ အဖွဲ့ဝင်ရှိတဲ့‌နေရာမှာဆိုရင် အကူအညီလိုအပ်တဲ့လူ‌တွေက KHKG မှာ အကူအညီ လာ‌တောင်းတာ များ တယ်။ အများစုက ထိုင်းမှာအလုပ်လုပ်တဲ့လူ‌တွေ၊ ‌ကျေးရွာကလူ‌တွေ‌ပေါ့။ သိတာ‌တော့ များလာပြီး။ ဒါ‌ပေမယ့် ကျ‌နော်တို့မှာ စနစ်ကျကျ ရုံး‌တွေနဲ့မရှိ‌တော့ ကူညီ‌ပေးတဲ့ ကျ‌နော်တို့အဖွဲ့ဝင်‌တွေက တန်ဖိုးထားမှု နည်းလာတယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့အဖွဲ့ ‌ကောင်း‌အောင် ပြန်လုပ်ဖို့ ရုံးဖွင့်လိုက်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ကရင်စစ်‌ဘေး‌ရှောင်များအတွက် အစားအ‌သောက်၊ အဝတ်အစားများ ကူညီ‌ပေး‌နေသလို မြို့နှင့် အလှမ်း‌ဝေး သည့် ကရင်‌ကျေးရွာအချို့ရှိ မီး‌ဘေး၊ ‌လေ‌ဘေးခံရသည့် အိမ်အချို့အပြင် ကျန်းမာ‌ရေး၊ ပညာ‌ရေးတို့အတွက် လိုအပ်မှုများကို လည်း အဆိုပါအဖွဲ့မှ ကူညီ‌ပေး‌ကြောင်း သိရသည်။

KHKG အဖွဲ့ဝင် မန်းညိုထွန်းက “ကျ‌နော်တို့ ကရင်လူမျိုး‌တွေက ‌နေရာအနှံ့မှာရှိတယ်။ ဒုက္ခ‌ရောက်ပြီး အကူအညီလိုတဲ့ ကရင်လူ မျိုး‌တွေအတွက် တစ်‌ထောင့်တစ်‌နေရာက‌နေ အကူအညီ‌ပေးနိုင်ဖို့ ဒီအဖွဲ့နဲ့ပူး‌ပေါင်းတယ်။ ကိုယ်ကူညီနိုင်တဲ့နည်းလမ်းနဲ့ ကူညီ ‌ပေးဖို့ တတ်နိုင်တဲ့သ‌လောက်‌ပေါ့။ အဓိက‌တော့ မျိုးချစ်စိတ်နဲ့ ပါဝင်ကူညီတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၅ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်သည့် ကရင်လူမျိုးများက ပြည်တွင်းရှိ ကရင်လူမျိုးများနှင့် ကရင်အဖွဲ့ အစည်းများ သိရှိလာနိုင်ရန်အတွက် KHKG အဖွဲ့ကို စတင် ဖွဲ့စည်းထားခဲ့ပြီး လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပမှ အဖွဲ့ဝင် ၁၀ဝ ‌ကျော် ရှိပြီးဖြစ်သည်။

အဆိုပါရုံးဖွင့်ပွဲသို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၊ ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်ဘာသာ‌ရေးအဖွဲ့များနှင့် ကရင်လူ ထု အပါအဝင် လူဦး‌ရေ ၆၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။