Home သတင်း နှစ် ၈၅၀‌ကျော်ရှိ သက်တမ်းရင့်သစ်ပင် ထိန်းသိမ်းမှု အသိအမှတ်ပြုကြရန် KNU သ‌ဘောထား ထုတ်ပြန်

နှစ် ၈၅၀‌ကျော်ရှိ သက်တမ်းရင့်သစ်ပင် ထိန်းသိမ်းမှု အသိအမှတ်ပြုကြရန် KNU သ‌ဘောထား ထုတ်ပြန်

3203

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်။ စဖန်း‌ရှောင်း

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ၎င်းတို့နယ်‌မြေအတွင်းရှိ နှစ် ၈၅ဝ သက်တမ်းရှိ ပျဉ်းပိ ‌တောက်ပင်ကြီးကို ထိန်းသိမ်း‌စောင့်‌ရှောက်မှုနှင့်ပတ်သက်၍ အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိအ မှတ်ပြုကြရန် ဒီဇင်ဘာလ ၂၂ရက်စွဲဖြင့် သ‌ဘောထား‌ကြေညာချက် တစ်‌စောင် ထုတ်ပြန်လိုက်သည်။

တနသင်္ာရီမြစ် အ‌နောက်ဘက်ကမ်းရှိ KNU ၏ လယ်နူထီးအမျိုးသားဥယျာဉ်ဧရိယာ၊ ကယဲသူး‌ချောင်းဖျား ‌တောင် ‌ကြောတွင် ကရင်အ‌ခေါ် ‘‌နော‌ဘော‌ကော်’၊ ထိုင်းဘာသာဖြင့် ‘မိုတ်မခ’၊ မြန်မာသစ်‌တောဌာနအ‌ခေါ် ‘ပျဉ်းပိ‌တောက်’၊ အဂင်္လိပ်အ‌ခေါ် ‘Monkey Pod Tree’အမည်ရှိ အဆိုပါသက်တမ်းရင့် သစ်ပင်ကို ထိန်းသိမ်းမှုအ‌ပေါ် သတင်းထုတ် ပြန်ချက်နှင့်ပတ်သက်၍ ‌ပြော‌ရေးဆိုခွင့်ရှိသူ KNU မြိတ်-ထားဝယ်ခရိုင်မှ ဒု-ဗိုလ်မှူးကြီး ‌စောဆာပီးတုက ယခုလို‌ပြော သည်။

၎င်းက “ပထမတစ်ချက်အ‌နေနဲ့က‌တော့ အစိုးရပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့‌တွေ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ကျ‌နော်တို့ KNU က‌နေ ဒီသစ်ပင်ကြီး ထိန်းသိမ်း‌စောင့်‌ရှောက်ထားမှုကို အသိအမှတ်ပြု‌ပေး‌စေချင်ပါတယ်။ ‌နောက်တစ်ချက်က‌တော့ ဒီအပင်ကိုဆက်ပြီး ထိန်းသိမ်း‌စောင့်‌ရှောက်ဖို့အတွက် ကျ‌နော်တို့နဲ့ ပူး‌ပေါင်း တိုင်ပင်ညှိနှိုင်း လုပ်‌ဆောင်ဖို့ဖြစ်ပါတယ်။ အဲဒီလိုဆိုရင်‌တော့ ကျ‌နော်တို့က ကြိုဆိုဖို့အသင့်ပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ အသိအမှတ်ပြုခြင်းကို အ‌ခြေခံ၍ မြန်မာနိုင်ငံ အစိုးရအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိ သူများအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့အစည်းများအ‌နေဖြင့်‌သော်လည်း ‌ကောင်း ကမ်းလှမ်းလာမည့် ဝိုင်းဝန်းကူညီအား‌ပေးမှုများကို KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ချက်တွင် ကြိုဆို ထားသည်။

အဆိုပါပျဉ်းပိ‌တောက်အပင်ကြီးကို KNU က လွန်ခဲ့သည့် ၁၉၉ဝခုနှစ်တွင် စတင် ‌တွေ့ရှိခဲ့ပြီး KNU ၏ ‌လေ့လာသိရှိ ချက်များအရ ယင်းသစ်ပင်ကြီး မှာ နှစ် ၈၅၀‌ကျော် သက်တမ်းရှိပြီး ပင်စည်မှာ လုံးပတ်အားဖြင့် ၁၂မီတာ-(၃၉ ‌ပေ) ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ ထို့အတွက်‌ကြောင့် KNU အ‌နေဖြင့် ယင်းသစ်ပင်ကို ရှားပါး၍ တန်ဘိုးရှိ‌သောသစ် မျိုးဖြစ်‌ကြောင်း မှတ်တမ်းတင် အသိအမှတ်ပြုသည်နှင့်အတူ မည်သည့်အ‌ကြောင်း‌ကြောင့်ဖြစ်‌စေ ဖျက်ဆီးခြင်း၊ ဆုံး ရှုံးရခြင်း၊ အန္တရာယ်ပြုခြင်း မရှိ‌စေရန် လိုအပ်သည့် ထိန်းသိမ်းကာကွယ်မှုများကို ယ‌နေ့တိုင် ‌ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယခု‌နောက်ပိုင်းတွင် ၎င်းသစ်ပင်ကြီးမှာ လူသိများလာသည့်အတွက် အစိုးရသစ်‌တောဌာနက ယင်းသစ်ပင်ကို ထိန်း သိမ်း‌စောင့်‌ရှောက်နိုင်‌ရေး ကြိုးပမ်းမှုများရှိလာ‌ကြောင်းလည်း ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။ အစိုးရဘက်က ထို သို့ ကြိုးပမ်းမှုများ ရှိလာသည်ကို တရားဝင် ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိ‌သော်လည်း KNU မြိတ်-ထားဝယ်ခရိုင်၏ နယ် ‌မြေလုံခြုံ‌ရေး စိုးရိမ်မှုများနှင့် ဆက်စပ်နိုင်‌ကြောင်းလည်း ‌ဒေသခံများက သုံးသပ်‌ပြောဆို‌နေကြသည်။

ပြီးခဲ့သည့် ၂၀၀၄ခုနှစ်က KNU မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မ‌တော်တို့ နှစ်ဖက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ချိန်ကပင် ယင်းသက်တမ်းရင့်အပင်ကြီးအား စစ်ဖြစ်စဉ်ကာလအတွင်း ဖျက်ဆီး ခြင်းမပြုရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ကြရန် ထိုစဉ်က KNU တပ်မဟာ(၄)၊ တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စော‌အော် လစ်ဗာ၊ ခရိုင်ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းတို့က နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌ကောင်စီ အတွင်း‌ရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွှန့်ထံ စာ၊ ဓာတ်ပုံ၊ မှတ်တမ်းနှင့်တကွ ‌ရေးသား‌ပေးပို့ခဲ့ဘူး‌ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။