Home သတင်း ၇ ကြိမ်‌မြောက် မျိုးဆက်သစ်လူငယ်သင်တန်း‌ကျောင်းဆင်းပွဲ ပြုလုပ်

၇ ကြိမ်‌မြောက် မျိုးဆက်သစ်လူငယ်သင်တန်း‌ကျောင်းဆင်းပွဲ ပြုလုပ်

1959

ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်အမျိုးသားများ၏ အခွင့်အ‌ရေးကို ‌တောင်းဆို‌ပေးမည့် မျိုးချစ်‌ခေါင်း‌ဆောင်များအား ‌မွေးထုတ်‌ပေးရန် ရည်ရွယ် ချက်ဖြင့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနမှ ဦး‌ဆောင်ဖွင့်လှစ်သည့် ၇ ကြိမ်‌မြောက် မျိုးဆက်သစ်လူငယ်သင်တန်း‌ကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ ရက်‌နေ့ (ယ‌နေ့) တွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

KNU ထိန်းချုပ်နယ်‌မြေမှ ခရိုင် ၇ ခုအပြင် မြစ်ဝကျွန်း‌ပေါ်‌ဒေသများမှ ‌ပေးပို့လာသည့် ‌ကျောင်းသား ၂၁ ဦးနှင့် ‌ကျောင်းသူ ၁၃ ဦး၊ စုစု‌ပေါင်း ၃၄ ဦး တက်‌ရောက်‌အောင်မြင်သည့် ယခု ‌ကျောင်းဆင်းပွဲကို KNU ဖားအံခရိုင်၊ ‌သေ့‌ဘေ့ထာ့စခန်း၏ ခန်းမ‌ဆောင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‌ကျောင်းအုပ်ဖြစ်သူ ပဒို‌စောလစ္စတန်က “ဒီ‌ကျောင်းဆင်းပြီးတဲ့ လူငယ်‌တွေဟာ ‌တော်လှန်‌ရေး ‌အောင်မြင်သည်အထိ စွမ်း‌ဆောင်‌ပေးမှာ ဖြစ်သလို ‌တော်လှန်‌ရေး‌အောင်မြင်ပြီး‌တောင်မှ ဆက်ပြီး အရည်အချင်းရှိရှိ ဦး‌ဆောင်နိုင်တဲ့ ‌ခေါင်း‌ဆောင် ‌တွေ ဖြစ်လာနိုင်ဖို့အထိ ရည်မှန်းထားပါတယ်”ဟု ‌ပြောသည်။

မျိုးဆက်သစ်‌ကျောင်းသည် မိမိတို့ကဲ့သို့ ‌တော်လှန်‌ရေးလုပ်‌ဆောင်‌နေ‌သော လူမျိုးမတူသည့် အင်အားစုများနှင့် ပူး‌ပေါင်း လုုပ်‌ဆောင် တတ်ရန်၊ ‌တော်လှန်‌ရေး အ‌ခြေခံစိတ်ဓာတ် မြင့်မြင့်မားမားထား ရှိရန်၊ စီမံခန့်ခွဲ အုပ်ချုပ်တတ်‌သော ‌ခေါင်း ‌ဆောင်များဖြစ်ရန်အတွက် မျိုးဆက်များကို ‌ဖော်ထုတ်‌ပေးရခြင်းဖြစ်သည်ဟု ပဒို ‌စောလစ္စတန်က ဆက်‌ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လ မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ အ‌ခြေခံစစ်သင်တန်းအပါအဝင် KNU ၏ အ‌ခြေခံ လမ်းစဉ်၊ လုပ်ငန်း စဉ်၊ ဖွဲ့စည်းပုံဥပ‌ဒေ၊ နည်းဥပ‌ဒေ၊ ကရင်‌တော်လှန်‌ရေးသမိုင်း၊ ‌ခေါင်း‌ဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ ဖက်ဒရယ်ဆိုင်ရာ စသည့် ဘာသာရပ်များကို KNU (ဗဟို) ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နို်င်ငံခြား သင်တန်း ဆရာတို့က ၁ နှစ်နှင့် ၆ လတာ ကူညီ ပံ့ပိုး သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ ပြုလုပ်သည့် ‌ကျောင်းဆင်းပွဲ အခမ်းအနားသို့ KNU ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း၊ KNU တွဲ ဘက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်း၊ KNU ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ‌ကေအဲန်ယူ၏ မျိုးဆက်သစ်‌ကျောင်းမှ ‌ကျောင်းတာဝန်ရှိသူများ၊ ‌ကျောင်းသား၊ ‌ကျောင်းသူများအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၅ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယခုနှစ် မျိုးဆက်သစ်‌ကျောင်းတွင် တက်‌ရောက်‌အောင်မြင်ခဲ့‌သော ဒူးပယာလာခရိုင်၊ ဝင်း‌ရေးမြို့နယ်မှ ‌ကျောင်းသူ ‌နော်ပန်းရီက “‌ကျောင်းမှာ ‌ခေါင်း‌ဆောင်မှုနဲ့ စီမံခန့်ခွဲမှုပညာ‌တွေ ရလိုက်တယ်။ ‌ကျောင်းပြီးပြီဆို ‌တော့ ကိုယ့်မြို့နယ်မှာ ကျရာတာဝန်ပြန်ထမ်း‌ဆောင်သွားမယ်။ တရား‌ရေးဌာနမှာ ပိုလုပ်ချင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မျိုးဆက်သစ်လူငယ်သင်တန်း‌ကျောင်းကို၂၀၀၁ ခုနှစ်တွင် ‌ဝေါ်‌လေခီး၌ KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌ဟောင်း ပဒို မန်းရှာလားဖန်းမှ ဦး‌ဆောင်စီစဉ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် သင်တန်း‌ကျောင်းဖြင့် စနစ်တကျပြန်လည် ဖွင့်လှစ်ခဲ့သည်မှာ ယ‌နေ့ထိတိုင်ဖြစ်သည်။