Home သတင်း ၁၃ခု‌မြောက် ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တောကို ‌ကေအဲန်ယူ သတ်မှတ်အတည်ပြုခဲ့

၁၃ခု‌မြောက် ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တောကို ‌ကေအဲန်ယူ သတ်မှတ်အတည်ပြုခဲ့

2752

ဒီဇင်ဘာ ၂၄ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောဒီကိုးဒီ၊ ‌စောသိန်းမြင့်

‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေအတွင်း ၁၃ခု‌မြောက် ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တောအဖြစ် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ‘‌ကေးဒိုမဲ့‌ညော’ ‌ဘေးမဲ့‌တော(ကြိုးဝိုင်း)ကို ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနက ဒီဇင်ဘာလ ၁၉ရက်‌နေ့တွင် သတင်းစာရှင်းလင်းပွဲ အခမ်းအနားပြုလုပ်ကာ သတ်မှတ် အတည်ပြုလိုက်သည်။

ကရင်ပြည်နယ်အတွင်း ‌တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း‌ရေးကို ကြိုဆိုအား‌ပေး‌သော သ‌ကေင်္တတစ်ခုအ‌နေဖြင့် အဆိုပါ ‘‌ကေးဒိုမဲ့ ‌ညော’ ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တောကို သတ်မှတ် အတည်ပြုလိုက်‌ကြောင်း ဒီဇင်ဘာ ၁၉ရက်‌နေ့ကထုတ်ပြန်သည့် ‌ကေအဲန် ယူသစ်‌တောဌာန၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက်(KESAN)၊ ကရင်‌တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း‌ရေး (KWCI)တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

“ကျ‌နော်တို့နယ်‌မြေအတွင်းမှာ ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တောပဲဖြစ်ဖြစ်၊ သဘာဝကြိုးဝိုင်းပဲဖြစ်ဖြစ် သိပ်မရှိ‌တော့ဘူး။ အခု ကျ‌နော်တို့ ‌ကော်သူး‌လေနယ်‌မြေအတွင်းမှာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်အဖွဲ့က အသိအမှတ်ပြုတဲ့ ရှားပါးသားရဲတိရိစ္ဆာန် ‌တွေရှိတဲ့အတွက် ကျ‌နော်တို့ မိမိကိုယ်မိမိ အင်မတန်မှ ဂုဏ်ယူမိပါတယ်။”ဟု ‌ကေအဲန်ယူ ဗဟို သစ်‌တောဌာနတာဝန်ခံ ပဒိုမန်း ဘထွန်းက ရှင်းလင်းပွဲ အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

‘‌ကေးဒိုမဲ့‌ညော’ ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တောသည် ‌ကေအဲန်ယူ ဖာပွန်ခရိုင် အ‌ရှေ့‌တောင်‌ထောင့်၌ တည်ရှိပြီး အကျယ်အဝန်း ဧရိယာအားဖြင့် ဧက ၉၁,၅၉၉ (ကိုး‌သောင်း‌ကျော်)ရှိကာ ကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ မျိုးစိတ် ၆၄မျိုး၊ ငှက်မျိုးစိတ် ၁၂၂မျိုး၊ ကုန်း‌နေ၊‌ရေ‌နေသတ္တဝါ ၁၂မျိုးနှင့် တွားသွားသတ္တဝါ ၂ဝမျိုး အသက်ရှင်ကျက်စား‌နေထိုင်ကြသည်ဟု ၎င်းတို့ပြုလုပ်ထားသည့် သု‌တေသနအချက်အလက်များအရ သိရသည်။

‌ကေအဲန်ယူ သစ်‌တောဌာနမှ ‌ကေးဒိုမဲ့‌ညော ‌ဘေးမဲ့‌တောကို အတည်ပြု သတ်မှတ်နိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်ရာတွင် လိုအပ် သည့် အ‌ထောက်အပံ့များကို နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေးအဖွဲ့ဖြစ်သည့် Rainforest Trust အပါအဝင် KESAN, KWCI အဖွဲ့တို့က ‌ငွေ‌ကြေးနှင့် နည်းပညာများကို ကူညီ‌ဆောင်ရွက်‌ပေးခဲ့သည်ဟု ‌ကေအဲန်ယူ ဗဟိုသစ် ‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက ဆက်‌ပြောသည်။

KWCI ၏ အလုပ်အမှု‌ဆောင်ဒါရိုက်တာ Clare Campbell က “အခုလို ‌ကေးဒိုမဲ့‌ညော တိရိစ္ဆာန်‌ဘေးမဲ့‌တောကို တရားဝင် သတ် မှတ်လိုက်တာဟာ အရမ်းကို စိတ်လှုပ်ရှားစရာ‌ကောင်းသလို ကမ္ဘာတဝှမ်းမှာ အ‌ရေးကြီးပြီး မျိုးသုဉ်းမယ့်‌ဘေးသင့်‌နေပြီဖြစ်တဲ့ သက်ရှိမျိုးစိတ်‌တွေကို ကရင်ပြည်နယ်ထဲမှာ ထိန်းသိမ်း‌စောင့်‌ရှောက်ဖို့အတွက် အခရာကျတဲ့ ‌ခြေလှမ်းဖြစ်တယ်။ ကရင်ပြည် နယ်မှာ KWCI ရဲ့ကင်မရာမှတ်တမ်း‌တွေက ရိုက်ကူးနိုင်ခဲ့တဲ့ ကျား‌တွေရှိသလို ဒီလိုအ‌ရေးကြီးတဲ့ သစ်‌တော‌တွေကို ထိန်းသိမ်း ‌စောင့်‌ရှောက်ခြင်းအားဖြင့် ကျားအ‌ရေအတွက် ပြန်လည်များပြားဖို့ အခွင့်အ‌ရေး ဖန်တီး‌ပေးရာကျပါတယ်”ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ပြောဆိုထားသည်။

ထို့အပြင် အဆိုပါ‌ဘေးမဲ့‌တောထဲတွင် ဌာ‌နေ ကရင်တိုင်းရင်းသား‌ကျေးရွာ ၂ရွာနှင့် ‌ဘေးမဲ့‌တော၏ အနီးဝန်းကျင်တစ်ဝိုက်၌ ‌ကျေးရွာ‌ပေါင်း ၄၃ရွာမှ စုစု‌ပေါင်း လူဦး‌ရေ တစ်‌ထောင်‌ကျော် အ‌ခြေချ‌နေထိုင်လျှက်ရှိကြသည်။

ဘူးသိုမြို့နယ်‌ဒေသခံ ‌စောလယ်ထူးကလည်း “အခု ဗဟို သစ်‌တောဌာနက လာပြီးသတ်မှတ်‌ပေးတဲ့အတွက် ကျ‌နော်တို့ အင်မ တန်မှ ဝမ်းသာကြိုဆိုပါတယ်။ ဒီ‌နေရာက ကျ‌နော်တို့ ကရင်လူမျိုးအတွက် အရမ်းကို အ‌ရေးကြီးတဲ့ ‌နေရာဖြစ်ပါတယ်။ ကျ‌နော် တို့ ဌာနပြည်သူ အများစုက‌တော့ ‌တောရိုင်းတိရိစ္ဆာန်‌တွေနဲ့ မှီတည်ပြီး‌တော့ အသက်ရှင်ရပ်တည်ခဲ့ကြတယ်။ ကျ‌နော်တို့ ‌တော ရိုင်းတိရိစ္ဆာန်‌တွေဟာ ကျ‌နော်တို့ဘဝအတွက် အမှတ်ရစရာ‌တွေ ဖြစ်‌စေပါတယ်။”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင် သစ်‌တောဌာနမှူး ပဒို‌စောကလိုထူးကလည်း ယခု သတ်မှတ်လိုက်သည့် ‌ကေးဒိုမဲ့‌ညော ‌ဘေးမဲ့‌တောတွင် မျိုးပျက်သုဉ်းလုနီးပါးဖြစ်သည့် ရှားပါး ‌တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်း‌စောင့်‌ရှောက်သွားမည်ဖြစ်သလို ‌မြေ‌ပေါ်‌မြေ‌အောက် ရှိ သဘာဝအရင်းအမြစ်နှင့် စိမ်းလန်းစို‌ပြေ‌သော ‌တော‌တောင်‌ရေ‌မြေ သဘာဝအလှတရားများကို ထိန်းသိမ်းကာကွယ်‌စောင့် ‌ရှောက်ရန် လိုအပ်‌ကြောင်း ‌ပြောကြားခဲ့သည်။

‌ကေအဲန်ယူနယ်‌မြေတွင် ယခုအသစ် သတ်မှတ်လိုက်သည့် ‌ကေးဒိုမဲ့‌ညော‌ဘေးမဲ့‌တော အပါအဝင် ဖားအံခရိုင်၌ ၄ခု၊ ဒူးပလာ ယာခရိုင် ၄ခု၊ ဖာပွန်ခရိုင် ၄ခုနှင့် ‌ညောင်‌လေးပင်ခရိုင်တွင် ၁ခု စုစု‌ပေါင်း ‌တောရိုင်းတိရိစ္ဆာန် ‌ဘေးမဲ့‌တော ၁၃ခုကို သတ်မှတ်အ တည်ပြု ထားပြီး အချို့‌သော ခရိုင်များတွင် ‌ဘေးမဲ့‌တောကြိုးဝိုင်း သတ်မှတ်နိုင်ရန် ကြိုးစား‌နေဆဲဖြစ်‌ကြောင်းလည်း ‌ကေအဲန်ယူ ဗဟို သစ်‌တောဌာန၏ ‌ပြောပြချက်အရ သိရှိရသည်။

ထို‌နေ့က ပြုလုပ်သည့် ‌ကေးဒိုမဲ့‌ညော ‌တောရိုင်းတိရိစ္ဆာန်‌ဘေးမဲ့‌တော အတည်ပြု သတ်မှတ်မှု သတင်းစာရှင်းလင်းပွဲ အခမ်းအ နားသို့ ‌ဒေသခံလူထု၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌ကော်သူး‌လေသစ်‌တောဌာနနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့များ အပါအဝင် လူဦး‌ရေ‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။