Home သတင်း ပြည်နယ်အရပ်ဖက်လူ့အဖွဲ့အစည်းများ ဖိုရမ်ပြုလုပ်

ပြည်နယ်အရပ်ဖက်လူ့အဖွဲ့အစည်းများ ဖိုရမ်ပြုလုပ်

2235

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

အ‌ကြောင်းအရာအလိုက် ပြည်‌ထောင်စုအမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ကရင် ပြည်နယ်အရပ်ဖက် လူ့အဖွဲ့အစည်းများဖိုရမ်ကို ယ‌နေ့ ဒီဇင်ဘာ ၄ရက်မှစ၍ ကရင်ပြည် နယ်၊ မြဝတီမြို့တွင် ကျင်းပလျက်ရှိ သည်။

ကရင်ပြည်နယ်အတွင်း ပြန်လည် ‌နေရာချထား‌ရေး၊ ပြန်လည်ထူ‌ထောင်‌ရေးနှင့် လူမှုဖွံ့ဖြိုး‌ရေးဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ်စနစ် ဆိုင်ရာ စီးပွား‌ရေးနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာကိစ္စရပ်များ စသည့်စာတမ်းနှစ်‌စောင်ကို အ‌ကြောင်းအရာလိုက် ပြည်‌ထောင်စုအမျိုး သားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် တင်သွင်းနိုင်ရန်အတွက် ပြုလုပ်သည့်ဖိုရမ်ဖြစ်‌ကြောင်း ကရင်‌ရေးရာ‌ကော်မတီ အတွင်း ‌ရေးမှူး ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီဇင်ဘာလ ၆ရက်‌နေ့အထိ သုံးရက်တာပြုလုပ်မည့် အဆိုပါအရပ်ဘက်အဖွဲ့ဖိုရမ်သို့ ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ မြဝတီ၊ ‌ကော့ကရိတ်၊ ဖာပွန် ခရိုင်‌လေးခု၊ မြို့နယ် ၇ခုမှ အရပ်ဘက်ကိုယ်စားလှယ်‌ပေါင်း ၂၀၀‌ကျော်တက်‌ရောက်ခဲ့ကြပြီး စာတမ်းနှစ် ‌စောင်အတွက် ခရိုင်အလိုက် ခွဲ၍ ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

‌နောက်ဆုံးရက်တွင် ‌ဆွေး‌နွေးချက်များကို ပြန်လည်စုစည်း၍ ပြည်‌ထောင်စုတွင် ပြုလုပ်မည့် အ‌ကြောင်းအရာအလိုက် အမျိုးသား အဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ၌ ကရင်ပြည်နယ်မှ ကိုယ်စားလှယ် ၃၅ဦးကိုလည်း ‌ရွေးချယ်‌စေလွှတ်သွားမည်ဟု ‌စော‌ကျော်စွာက ဆက်‌ေ ပြာသည်။