Home ဆောင်းပါး ‌ပေါ့ပါးစွာလွင့်‌နေတဲ့ ကဟန် – ‌ပျော်ရွှင်သံအတိနဲ့သီချင်း – ကရင်‌မော်ဒယ်

‌ပေါ့ပါးစွာလွင့်‌နေတဲ့ ကဟန် – ‌ပျော်ရွှင်သံအတိနဲ့သီချင်း – ကရင်‌မော်ဒယ်

2645

(‌မောင်‌ကျော်စွာ)

(၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ ၂၁)

နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ကရင်နှစ်သစ်ကူးမိန့်ခွန်းကို ဖတ်ပြီး‌နောက် အဲဒီမိန့်ခွန်းထဲမှာပါတဲ့ စကားလုံးများ၊ အ‌ကြောင်းအရာများက ‌ပေးတဲ့အ‌တွေးထဲမှာ နစ်‌မြောသွားပါတယ်။

“ကျွန်မတို့ ကရင်တိုင်းရင်းသား‌တွေဟာ ရိုးသားတယ်၊ သစ္စာရှိတယ်၊ ရှင်းရှင်း‌တွေးပြီး ပြတ်ပြတ်သားသား လုပ်ကိုင်တတ်ကြတဲ့ ‌ရှေးက ဘိုးဘွားဘီဘင်‌တွေရဲ့ လက်ဆင့်ကမ်းအ‌မွေကို မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းလာခဲ့တာဟာလည်း ဒီက‌နေ့ဆိုရင် ၂၇၅၇နှစ် ပြည့်‌မြောက်ခဲ့ပါပြီ”

“ကရင်ပြည်နယ်နဲ့ ကရင်တိုင်းရင်းသား‌တွေအတွက်သာမက ကမ္ဘာတစ်ဝှမ်းကို အ‌ကြောင်းအမျိုးမျိုးနဲ့ ‌ရောက်ရှိ‌နေကြတဲ့ ကရင် တိုင်းရင်းသား‌တွေအားလုံးအတွက် ကရင့်‌မျှော်လင့်ချက်‌တွေဟာလည်း ပိုမိုဝင်းလက်‌တောက်ပပြီး လှပလာခဲ့ပါပြီ။ ကရင်ပြည် နယ်ဟာ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာလှပခြင်း‌တွေကိုသာမက ကြီးမားတဲ့‌မျှော်လင့်ချက် အလင်း‌ရောင်‌တွေကို ထွန်း လင်း‌တောက်ပ‌နေခဲ့ပါပြီ။”

“ငြိမ်းချမ်း‌ရေးခရီးလမ်းကို ဖြတ်သန်း‌လျှောက်လှမ်းကြရမှာလည်း Karen Model ကရင်‌မော်ဒယ်ဆိုပြီး ‌ပြောစမှတ်တွင်ရ‌အောင် လက်‌တွေ့ကျကျ ဦး‌ဆောင်ပြခဲ့တာ‌တွေလည်း အထင်အရှားပဲဖြစ်ပါတယ်။ အခုဆိုရင် ကရင်ပြည်နယ် ‌ဒေါန‌တောင်တန်း‌မြေမှာ ‌အောင်ပွဲခံတဲ့ ဖားစည်သံ‌တွေ လွင့်ပျံ့‌နေခဲ့ပါပြီ။ ‌သေနတ်သံ‌တွေ တိတ်ဆိတ်ပြီး ငြိမ်းချမ်းခြင်းရဲ့‌မေတ္တာ‌တေးသံ‌တွေ၊ စာသင် ‌ကျောင်းက စာအံသံ‌တွေနဲ့ ‌ခေါင်း‌လောင်းသံ‌တွေ လွင့်ပျံ့လာခဲ့ပါပြီ။ ကရင်တိုင်းရင်းသား‌တွေနဲ့ ကရင်‌မြေမှာ ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်‌တွေ တဖြည်းဖြည်းချင်း ‌ဝေဆာလာခဲ့ပါပြီ။ တချို့မငြိမ်းချမ်း‌သေးတဲ့ ‌ဒေသ‌တွေဆီက ပြည်သူ‌တွေဟာ ဝမ်းသာအားရ အားကျစွာနဲ့ ‌ငေး‌မျှော်ကြည့်ခြင်းကို ခံယူ‌နေရပါပြီ။”

“ကရင်တိုင်းရင်းသားများ ကတဲ့အခါမှာ မြူးမြူးကြွကြွ၊ ကမ္ဘာ‌မြေကြီးမှာ ဆွဲအားမရှိ‌တော့သလို ‌ပေါ့ပါးစွာလွင့်‌နေတဲ့ သဏ္ဍာန် ‌ဆောင်ပါတယ်။ စိတ်ရဲ့ရွှင်လန်းမှုကို ကိုယ်အမူအရာနဲ့ ပြလိုက်တာပါပဲ။ သီဆိုတဲ့သီချင်း‌တွေကလည်း ‌ပျော်ရွှင်သံအတိနဲ့ ကရင် တိုင်းရင်းသား‌တွေ သီဆိုကခုန်တာ ကြည့်ရတဲ့အခါမှာ ကျွန်မတို့ပြည်‌ထောင်စုသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်း မာခြင်းတို့နဲ့ ပြည့်စုံဖို့ ကြိုးစားနိုင်မယ့် အင်အား‌တွေနဲ့ ပြည့်လာရပါတယ်။”

ကရင်တိုင်းရင်းသား‌တွေလိုပဲ အခြားတိုင်းရင်းသားပြည်သူ‌တွေအားလုံးမှာလည်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လိုတဲ့ ဆန္ဒ အပြည့်အဝရှိတယ်ဆိုတာကို ဘယ်သူမှ သံသယရှိလိမ့်မယ် မဟုတ်ပါဘူး။ စကားကုန်‌ပြောရရင် ငြိမ်းချမ်း‌ရေးကို အခုရရင် အခု ချက်ချင်း‌တောင် လိုချင်ကြတာပါ။

ငြိမ်းချမ်း‌ရေးရရှိဖို့ စိတ်‌ကောင်း‌စေတနာရှိဖို့လိုသလို မှန်ကန်‌ဖြောင့်မတ်တဲ့ ဦးတည်ချက်‌တွေနဲ့ လက်‌တွေ့တကယ်တမ်းလုပ် ‌ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်လမ်းစဉ်‌တွေလည်း ပီပီပြင်ပြင်ရှိဖို့ မုချ လိုအပ်ပါတယ်။ ဒီနှစ်ခု ပြည့်စုံမှန်ကန်‌နေပြီဆိုရင် ငြိမ်းချမ်း‌ရေး မုခ်နန်းကို မ‌ရောက်နိုင်စရာ မရှိပါဘူး။

နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာပါရှိတဲ့ ‌ဖြောင့်မတ်တည်ကြည်တဲ့ သ‌ဘောထားဆန္ဒနဲ့ ‌စေတနာကို ယုံမှား သံသယ မရှိပါဘူး။

ဒါ‌ပေမယ့် (NCA)‌ဘောင်ထဲက‌နေ ‌လျှောက်လှမ်း‌နေတဲ့ ငြိမ်းချမ်း‌ရေးခရီးလမ်း‌ကြောင်းက‌တော့ ‌မေးခွန်းထုတ်စရာ‌တွေ သိပ်ကို များပါတယ်။ (NCA)‌ဘောင်ထဲက‌နေ ငြိမ်းချမ်း‌ရေးမုခ်နန်းကို တကယ်တမ်း ‌ဖြောင့်‌ဖြောင့်တန်းတန်း ‌လျှောက်လှမ်းနိုင်ပါ့မလား။

ပထမအချက်က (NCA)‌ဘောင်ထဲက လမ်း‌ကြောင်းဆိုတာ ဒီချုပ်ပါတီအစိုးရရဲ့ ကိုယ်ပိုင်လမ်း‌ကြောင်း မဟုတ်ပါဘူး။ (အခမဲ့ ကူလီထမ်းသလို ထမ်းထားရတဲ့) ယခင်အစိုးရထံက‌နေ “ဆက်ခံထားတဲ့လမ်း‌ကြောင်း” ဖြစ်ပါတယ်။ အစိုးရတစ်ရပ်ဟာ ကိုယ် ပိုင်လမ်း‌ကြောင်း၊ ကိုယ်ပိုင်‌ပေါ်လစီနဲ့ လွတ်လပ်မှု မလွဲမ‌သွေရှိဖို့ လိုအပ်ပါတယ်။

ဒုတိယအချက် (NCA)‌ဘောင်ထဲက လမ်း‌ကြောင်းဟာ ငြိမ်းချမ်း‌ရေးမုခ်ဦးဆီကို ‌လျှောက်လှမ်းတဲ့ “တစ်ခုတည်း‌သော လမ်း ‌ကြောင်း မဟုတ်ဘူး” ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကို ‌မြောက်ပိုင်းမဟာမိတ်များလို့ဆိုတဲ့ အင်အားစုများရဲ့ လှုပ်ရှားမှုနဲ့ ‌တောင်း ဆိုမှု၊ (NCA)စာချုပ်ထဲ ပါဝင်လက်မှတ်‌ရေးထိုးခြင်း မရှိ‌သေးဘဲ ဆက်လက်ညှိနှိုင်း‌နေတဲ့ (UNFC)ထဲက (DPN)ဆိုတဲ့ စုဖွဲ့မှု‌တွေ က သက်‌သေခံ‌နေပါတယ်။

တတိယအချက်က (NCA) လမ်း‌ကြောင်းအတိုင်း ကာချုပ်ရဲ့ “တပ်ငြိမ်းမူ ၆ရပ်” အတိုင်း) လိုက်ပါ ‌လျှောက်လှမ်းရမယ်လို့ စစ် တပ်က တွင်တွင်‌ပြောဆို‌နေတဲ့အချက်။

ဒီအချက် ၃ချက်ဟာ ငြိမ်းချမ်း‌ရေးခရီးစဉ်ကို ‌လျှောက်လှမ်းရာမှာ မလိုအပ်ဘဲ ‌ကွေ့‌ကောက်ခက်ခဲရှည်ကြာ‌စေတဲ့ အ‌ကြောင်း တရားအ‌ခြေခံ‌တွေ ဖြစ်‌နေပါတယ်။ ဒီသုံးချက်ထဲမှာ ပင်မနဲ့အ‌ခြေခံက ယခင်အစိုးရ ချန်ထားခဲ့တဲ့ (NCA)လမ်း‌ကြောင်းကို ပြင် ဆင်ချက်မရှိဘဲ ဒီတိုင်းလက်ခံ‌နေတာနဲ့ ဒီစာချုပ်နဲ့ ကာချုပ်ရဲ့ “တပ်ငြိမ်းမူ ၆ရပ်”အတိုင်း မလွဲမ‌သွေ လိုက်ပါ‌လျှောက်လှမ်းရမယ် လို့ တဖက်သတ် ‌တောင်းဆို‌နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ (NCA)မှာ အရင်ပထမဆုံးလက်မှတ်ထိုးမှသာ (UPDJC)ထဲ ပါဝင်နိုင်ပြီး နိုင်ငံ‌ရေးမူ‌ဘောင်‌တွေ သုံးသပ်နိုင်မယ်ဆိုတာမျိုး‌ပေါ့။

‌ဒေါ်‌အောင်ဆန်းစုကြည်ကသာ “Karen Model ကရင်‌မော်ဒယ်ဆိုပြီး ‌ပြောစမှတ်တွင်ရ‌အောင် လက်‌တွေ့ကျကျ ဦး‌ဆောင်ပြခဲ့ တာ‌တွေလည်း အထင်အရှားပဲ ဖြစ်ပါတယ်”လို့ ရည်ညွန်း‌ပြောဆို‌နေ‌သော်လည်း တကယ်တမ်းလက်‌တွေ့မှာ (KNU)က ဦး‌ဆောင်တဲ့ (UNFC)ဆိုတဲ့ တပ်‌ပေါင်းစုဟာ တစုတစည်းထဲ (NCA)‌ဘောင်ထဲကို (Karen Model)အတိုင်း ပါဝင် မလာနိုင်ခဲ့ပါ ဘူး။

(DPN)ဆိုတဲ့ စုဖွဲ့မှုနဲ့ အလွတ်‌ရော၊ တရားဝင်ပါ အကြိမ်ကြိမ် ညှိနှိုင်း‌နေရတယ် မဟုတ်ပါလား။ ဒါ့အပြင် (KNU)အတွင်းမှာ ဒီလမ်း‌ကြောင်း‌ရွေးချယ်မှုနဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်မှုဟာ အကြီးအကျယ် ယိမ်းခါသွားတာကို ပြီးခဲ့တဲ့ (KNU) (၁၆)ကြိမ် ‌မြောက် ကွန်ဂရက်မှာ ‌တွေ့မြင်ခဲ့ကြရတယ် မဟုတ်ပါလား။ ညီညွတ်‌ရေးဟာ အနံ့‌တွေထွက်ပြီး အက်‌ကြောင်း‌တွေထ‌နေတဲ့ ဒူးရင်းသီးကို နှီးနဲ့စည်း ချည်ထားရတာမျိုးပါ။

ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းကို ‌လျှောက်တဲ့အခါတိုင်း (KNU)က ‌ပေးရတဲ့တန်ဖိုးကို အစိုးရအဆက်ဆက်နဲ့ ငြိမ်းချမ်း‌ရေးလုပ်ခဲ့တဲ့ သမိုင်း‌ကြောင်းဖြစ်စဉ်‌တွေကို ပြန်လည်‌လေ့လာသုံးသပ်ကြည့်ရင် အထင်အရှား‌တွေ့နိုင်ပါတယ်။ ကွဲအက်သွားတာ၊ ခွဲထွက်သွား တာ၊ အသက်‌ပေးသွားရတာ စသဖြင့် တန်ဖိုး‌တွေ များလှပါတယ်။

ဒါ‌ကြောင့် “Karen Model ကရင်‌မော်ဒယ်”ဆိုတာ “အတုယူ‌လျှောက်လှမ်းရမယ့် ‌မော်ဒယ်လား/ သတိကြီးကြီးထားပြီး သင်ခန်း စာယူရမယ့် ‌မော်ဒယ်လား” ဆိုတာ ခွဲခြားဖို့ လိုပါ‌သေးတယ်။

ဒီလိုခွဲခြားနိုင်ဖို့ အချိန်တချို့‌တော့ လိုပါလိမ့်မယ်။ သမိုင်းမှာ‌တော့ ‌ကော်ကဆာ ‌စောဟန်တာသာ‌မွှေးရဲ့ “(KRC)‌မော်ဒယ်” ရှိခဲ့ဖူး တယ် မဟုတ်ပါလား။

လက်‌တွေ့ဖြစ်ရပ်‌တွေထဲက‌နေ ထုတ်နုတ်‌ပြောရမယ်ဆိုရင် (DKBA)၊ ‌စောသမူဟဲ၊ ‌စောဖယ်ရီမို၊ ရှမ်းလယ်ပြင်ကိုကိုကြီး၊ ပဒို ‌အောင်ဆန်းအဖွဲ့၊ ‌စောထိန်‌မောင်ရဲ့ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ(PC) စတာ‌တွေဟာ (နဝတ-နအဖ) စစ်အစိုးရရဲ့ အပစ် အခတ်ရပ်စဲ‌ရေးမှာ “ကရင်‌မော်ဒယ်ကြီး”‌တွေ မဟုတ်‌တောင် “ကရင်‌မော်ဒယ်‌လေး” လို့ ‌ပြောမယ်ဆိုရင် ‌ပြောလို့ရတာပါပဲ။

ဒီအဖွဲ့‌တွေ၊ ဒီ‌မော်ဒယ်‌လေး‌တွေဟာ သူတို့မိခင်အဖွဲ့အစည်းဖြစ်တဲ့ (KNU)ကရင်အမျိုးသားအစည်းအရုံးဆိုတဲ့ ဝမ်းဗိုက်ကိုခွဲပြီး ‌မွေးလာတဲ့ “ကရင်‌မော်ဒယ်‌တွေ”လို့‌ပြောရင် ရနိုင်ပါတယ်။

ဒါ‌တွေဟာ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို ဦးတည်‌လျှောက်လှမ်း‌နေတဲ့ (KNU)ကရင်အမျိုးသား အစည်းအရုံးအတွက် နာကျင်ခါးသီးစရာ သမိုင်းဆိုင်ရာ သင်ခန်းစာ‌တွေဖြစ်ပါတယ်။

‌သေနတ်သံ‌တွေတိတ်ဆိတ်ပြီး လွင့်ပျံ့‌နေတဲ့‌အောင်ပွဲခံတဲ့ ဖားစည်သံ‌တွေ၊ ငြိမ်းချမ်းခြင်းရဲ့‌မေတ္တာ‌တေးသံ‌တွေ၊ စာသင်‌ကျောင်း က စာအံသံ‌တွေနဲ့‌ခေါင်း‌လောင်းသံ‌တွေ၊ ကမ္ဘာ‌မြေကြီးမှာ ဆွဲအားမရှိ‌တော့သလို ‌ပေါ့ပါးစွာလွင့်‌နေတဲ့ ကဟန်‌တွေ၊ ‌ပျော်ရွှင်သံ အတိနဲ့ သီဆို‌နေတဲ့သီချင်းသံ‌တွေဟာ အခမ်းအနားစင်မြင့်‌ပေါ်မှာ၊ သတင်းစာ စာမျက်နှာ‌ပေါ်မှာ၊ နှစ်သစ်ကူး‌နေ့၊ ပြည်နယ်‌နေ့ ‌တွေမှာသာ ကြားရမြင်ရတတ်တဲ့ စကားလုံးသက်သက်၊ ဧည့်ခံမှုသက်သက်၊ အခမ်းအနားဆန်ဆန်မဟုတ်ဘဲ ကရင်ပြည်နယ်၊ ‌ဒေါန‌တောင်တန်းမှာသာ ကွက်ပြီး ပြည့်‌နေ၊ သာ‌နေတာမျိုးမဟုတ်ဘဲ “မ‌နော်‌မြေ၊ ရှမ်းရိုးမ၊ ‌တောင်ဇလပ်ပွင့်‌သော ချင်း‌မြေမြင့်၊ ဧရာဝတီမြစ်ဝကျွန်း‌ပေါ်” စတဲ့ မြန်မာပြည်တစ်ပြည်လုံးအနှံ့ ငြိမ်းချမ်း‌ရေးလမင်း ပြည့်ဝန်း၊ ရွှန်းလက်၊ သာယာဝင်းပနိုင်ပါ‌စေ။ လက်‌တွေ့ဖြစ်‌ပေါ်နိုင်ပါ‌စေ။ လက်‌တွေ့ အ‌ကောင်အထည်‌ပေါ်လာသမျှ‌တွေလည်း အဓွန့်ရှည်တည်တံ့ပြီး ခိုင်မြဲပါ‌စေလို့ ကရင်နှစ် သစ်ကူး(၂၇၅၇)အခါသမယမှာ လှိုက်လှိုက်လှဲလှဲ ဆုမွန်‌ကောင်း ‌တောင်းလိုက်ပါတယ်။

ညွန်း – မြန်မာ့အလင်းသတင်းစာ( ၁၉-၁၂-၂၀၁၇)