Home သတင်း ‌ဒေသအသီးသီးရှိ အမျိုးသမီးများပါဝင်သည့် ဖိုရမ်ကို ဖားအံတွင် သုံးရက်တာ ကျင်းပပြုလုပ်

‌ဒေသအသီးသီးရှိ အမျိုးသမီးများပါဝင်သည့် ဖိုရမ်ကို ဖားအံတွင် သုံးရက်တာ ကျင်းပပြုလုပ်

1799

ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာပြည်တစ်ဝှမ်းလုံးရှိ ‌နေရာ‌ဒေသအသီးသီးမှ အမျိုးသမီးကိုယ်စားလှယ်များပါဝင်ပြီး ရပ်ရွာလူမှုဝန်းကျင် တိုးတက်ဖွံ့ဖြိုး မှုအတွက် အမျိုးသမီးများပါဝင်ခြင်း အစီအစဉ်အရ ပြုလုပ်သည့် GRASSROOTS WOMEN FORUM (အ‌ခြေခံလူထုအ တွင်းရှိ အမျိုးသမီးများ‌တွေ့ဆုံပွဲ)ကို ဒီဇင်ဘာ ၆ရက်မှ ၈ ရက်‌နေ့အထိ ဖားအံမြို့ တွင် ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသမီး‌တွေ့ဆုံပွဲကို ကရင်ဖွံ့ဖြိုးတိုးတက်‌ရေးအသင်း -KDN အဖွဲ့မှဦး‌ဆောင်ကာ ကရင်ပြည်နယ် ဖားအံမြို့ရှိ ကြား‌တောရ‌ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ KDN မှ CMP Coordinator ‌ဒေါက်တာ ‌နော်‌မေရှီးရှိုက ယခုလို‌ပြောသည်။

၎င်းက “အရင်ဆုံး ဒီအမျိုးသမီး‌တွေကို ကျမတို့စွမ်းရည်မြှင့်တင်‌ရေး သင်တန်း‌ပေးပါတယ်။ ပြီး‌တော့အကုန်လုံး စုပြီး‌တော့မှ ဒီလိုအမျိုးသမီးဖိုရမ်တစ်ခုတည်လိုက်တာဖြစ်ပါတယ်။ သူတို့လူမှုဝန်းကျင်မှာ၊ ဆုံးဖြတ်ချက် ချတဲ့ ‌နေရာမှာ ပါဝင်‌နေရာယူတတ်‌အောင်၊ အများ‌ရှေ့မှာ စကား‌ပြောတတ်‌အောင်၊ သူတို့ခံစားချက်‌တွေ ရပိုင်ခွင့် ‌တွေရ‌အောင် ‌ဖော်ထုတ်‌ပေးခြင်းပဲဖြစ်ပါတယ် ” ဟု‌ပြောသည်။

ထို့အပြင် ‌ဒေသအသီးသီးအ‌ခြေအ‌နေများနှင့် အမျိုးသမီးများ၏ဘဝအ‌ခြေအ‌နေများအား ဖလှယ်နိုင်ရန်၊ ‌ဒေသဖွံ့ဖြိုး‌ရေးနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် အမျိုးသမီးများ သဟဇာတရှိစွာဖြင့် ပါဝင်မှုရှိ‌စေရန်အပြင် အမျိုးသမီးများရင်းနှီးမှုအ‌ခြေခံပြီး အချင်းချင်း ချိတ်ဆက်‌ဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များလည်း ပါဝင်‌ကြောင်းလည်း ‌နော်‌မေရှီးရှိုက ဆက်‌ပြောသည်။

‌တွေ့ဆုံပွဲတက်‌ရောက်လာသည့် အမျိုးသမီးကိုယ်စားလှယ်များအ‌နေဖြင့် ၎င်းတို့၏‌ဒေသအ‌ခြေအ‌နေများ၊ ဘဝအ‌ခြေ အ‌နေများ၊ ‌ဒေသန္တရဗဟုသုတ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများနှင့်နိုင်ငံ‌ရေး၊ ‌ဒေသအလိုက် ကျား၊မ‌ရေးရာ အ‌ခြေပြုအကြမ်းဖက်မှုအ‌ခြေအ‌နေများ၊ တက်ကြွလှုပ်ရှားသူအမျိုးသမီးများမှ ၎င်းတို့၏ အ‌တွေ့အကြုံ ဖလှယ်ခြင်း များပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

မြစ်ကြီးနားမြို့မှ ကိုယ်စားလှယ်အဖြစ်တက်‌ရောက်သူ ‌ဒေါ်နန်စီက “ကျမအ‌နေနဲ့ ဖိုရမ် တစ်ခုလုံး‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီးမှာ အများဆုံး‌တွေ့ရတာက အမျိုးသမီး‌တွေအ‌နေနဲ့ ‌နေရာတိုင်းပါဝင်ခွင့်မရှိ‌သေးဘူး။ ‌နောက်တန်း မှာပဲ ထားခံ‌နေတုန်း အ‌ခြေအ‌နေရှိ‌နေပါ‌သေးတယ်။ ကျမတို့တစ်‌ဒေသတည်း မဟုတ်ပဲနဲ့ မြန်မာပြည်တစ်ဝှမ်းလုံးအဲဒီလိုဖြစ်‌နေတာမြင်ရတယ်။ အုပ်ချုပ်မှုအပိုင်းမှာ ‌နေရာ‌ဒေသအသီးသီးအ‌ခြေအ‌နေအရ အမျိုးသမီးပါဝင်မှု အရမ်းနည်း‌နေ‌သေးတယ်” ဟု သုံးသပ်‌ပြော ဆိုသည်။

သုံးရက်တာပြုလုပ်သည့် အမျိုးသမီး‌တွေ့ဆုံပွဲတွင် ကချင်၊ ကရင်၊ ချင်း၊ မွန် နှင့် သျှမ်း(ရှမ်း)စသည့်ပြည်နယ်များအပြင် ပဲခူးတိုင်း‌ဒေသကြီး ၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီးတို့မှ အမျိုးသမီးအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နယ်ပယ်‌ဒေသအသီးသီးတွင် လုပ်‌ဆောင်‌နေသည့် အမျိုးသမီးကိုယ်စားလှယ်များစသည့် အလွှာ ‌ပေါင်းစုံမှ အမျိုးသမီး ကိုယ်စားလှယ် ၉ဝ ဦးခန့်တက်‌ရောက်ခဲ့ကြသည်။

သံ‌တောင်‌မြောက်ပိုင်းအ‌ခြေစိုက် ဆာက‌ပေါ်အဖွဲ့မှ ‌နော်ရှဲလာ‌ဖောက“ကျမတို့အရပ်‌ဒေသမှာ ဒီလိုမျိုးမရှိဘူး။ ကျမ‌တောင်မှ အမျိုးသားက တိုက်တွန်းလို့‌ရောက်လာတာဖြစ်ပါတယ်။ ကျမတို့ ဒီပွဲမှာက တစ်‌ဒေသနဲ့ တစ်‌ဒေသရဲ့ အ‌နေအထိုင်၊ အ‌ပြောအဆိုကအစ ဗဟုသုတအများကြီးရ‌စေပါတယ်။ စကား‌ပြောဆိုတာကအစ ‌ပေါ့။ အမြင်လည်းကျယ်‌စေတယ်” ဟု ‌ပြောသည်။

ယခုပြုလုပ်သည့် အမျိုးသမီး‌တွေ့ဆုံပွဲမှာ ဒုတိယအကြိမ်‌မြောက်ပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသမီးဖိုရမ်တက်‌ရောက်သူများမှ ဒီဇင်ဘာ ၈ ရက်‌နေ့(ယ‌နေ့) ည‌နေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့အစီအစဉ်နှင့်တကွ တိုင်းရင်းသား ယဉ် ‌ကျေးမှုဖလှယ်မှုအစီအစဉ်များကိုပါ ဖားအံမြို့ရှိ ကန်သာဦးခန်းမ၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။