Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

2387

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်အ‌ခြေစိုက်သည့် အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်း လူမှုအဖွဲ့အစည်းသည် ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုး‌ရေးလုပ်ငန်းကို အဓိကထားကာ ‌ဒေသတွင်း ရပ်ရွာအလိုက် ‌ငွေစုဘဏ်လုပ်ငန်းကို အဓိက စတင် လုပ်‌ဆောင်‌နေသည်။ အဆိုပါ‌ဖောင်‌ဒေးရှင်းကို ၂၀၀၉ခုနှစ်က ‌ဒေါက်တာဆလိုင်းခင်‌မောင်‌အေး(UNDP တွင် လုပ်ကိုင်ခဲ့သူ)က ‌ငွေစု‌ငွေ‌ချေးဆိုင်ရာ နည်းပညာများ စတင် သင်ကြား‌ပေးခဲ့သည်။ မြန်မာနိုင်ငံအတွင်း ‌နေရာ ၁၄ခုတွင် အလားတူ ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ကမကထပြု ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်ဟု သိရသည်။

ပန်းတ‌နော်မြို့နယ်ရှိ ‌ကျောင်းထားမိခင် ‌ငွေစုအဖွဲ့တွင် အများစုမှာ အမျိုးသမီးများသာဖြစ်ကြပြီး တစ်ဖွဲ့လျှင် ၁ဝဦး သို့မဟုတ် ၁၅ဦးဖြင့် တစ်ရွာလျှင် တဖွဲ့မက ဖွဲ့စည်းရင်း ဖူးသစ်စအဖွဲ့၊ ထာဝရအလင်းတန်း၊ သာယာ‌ဝေစည် ဧရာဝတီ စသည့်အမည်များ အသီးသီး‌ပေးကာ ဖွဲ့ စည်းတည်‌ထောင်လာခဲ့ကြသည်။ ယင်း‌ငွေစုဘဏ်အပြင် ‌ငွေစုကာ ဆန်များဝယ်ယူသို ‌လှောင်ထားပြီး ‌ငွေထည့်ဝင်ထားကြသူ များက ပုံမှန်‌ဈေးဖြင့် ဆန်ပြန်ဝယ်စားနိုင်သည့် ဆန်ဘဏ်ပုံစံလည်း ၄နှစ်ကြာ လုပ်‌ဆောင်လာနိုင်ခဲ့ သည်။

ပန်းတ‌နော်မြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၅၆စုတွင် ‌ကျေးရွာ‌ပေါင်း ၄၀၀‌ကျော်ရှိသည့်အနက် ‌ကျေးရွာ ၈ဝခန့်ကို အဖြူ‌ရောင်‌ဖောင် ‌ဒေးရှင်းအ‌နေဖြင့် ကိုယ်ထူကိုယ်ထစနစ် ‌ငွေစုဘဏ်လုပ်ငန်းများ လုပ်‌ဆောင်‌ပေး‌နေသည့်အပြင် ဘိုက‌လေးနှင့် ‌ဒေးဒရဲမြို့နယ် များတွင်လည်း အနည်းငယ် တိုးချဲ့လုပ်ကိုင်‌နေပြီဖြစ်သည်။

၎င်းလုပ်ငန်းနှင့်ပတ်သက်၍ ပန်းတ‌နော်မြို့နယ်၊ ‌ဒေါက်ကြီးကွက်သစ်‌ကျေးရွာရှိ အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းရုံး၌ လက်ရှိ ‌ဖောင်‌ဒေး ရှင်းတာဝန်ခံ မန်းဂီးဒီယန်ထံ ‌ကေအိုင်စီက သွား‌ရောက်‌တွေ့ဆုံ‌မေးမြန်းခဲ့သည်။

– အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းက ဘယ်လိုရည်ရွယ်ချက်နဲ့ စတင်ဖြစ်‌ပေါ်လာတာလဲ။

ကျ‌နော်တို့ ပန်းတ‌နော်မြို့နယ်ထဲက အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းက ‌ကျောင်းထားမိခင်အဖွဲ့က ဆရာ‌တွေက သင်တန်း ‌တွေ၊ နည်းပညာ‌တွေကို လာသင်‌ပေးတာက‌နေတဆင့် ကျ‌နော်တို့‌ဒေသထဲက တိုင်းရင်းသား‌တွေ ကျ‌နော်တို့လူမျိုး‌တွေ တိုး တက်ဖွံ့ဖြိုးဖို့အတွက် အဖွဲ့အစည်းနဲ့ တိုးတက်ဖွံ့ဖြိုးမှု သူတို့ရဲ့ အလုပ်အကိုင် ‌နောက်ပြီး သူတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထ ကြိုး စားလုပ်‌ဆောင်နိုင်ဖို့အတွက် ကူညီလုပ်‌ဆောင်‌ပေးနိုင်ဖို့ကို ကျ‌နော်တို့က အဲ့ဒီသင်တန်းက‌နေ လုပ်ငန်း‌တွေကို အ‌ကောင်အ ထည်‌ဖော်လုပ်‌ဆောင်‌နေရင်း အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းအဖွဲ့အ‌နေနဲ့ဖြစ်လာတယ်။
အရင်စစ်အစိုးရလက်ထက်က ‌ကျောင်းထားမိခင်အဖွဲ့အဖြစ်ပဲ အမျိုးသမီး‌တွေကို ပညာ‌ပေးစည်းရုံးလုပ်‌ဆောင်ခဲ့ရာက ‌နေ အမျိုးသမီး‌တွေပါ ပါဝင်လာကြတယ်။ ‌နောက်ပိုင်း ရွာအလိုက် ‌ငွေစုအဖွဲ့‌တွေ တည်‌ထောင်လာတယ်။ လူထုစည်းရုံးရာမှာ နည်းပညာပိုင်းပဲ ပံ့ပိုးခဲ့‌ပေမယ့် စိတ်ဝင်စားမှု‌တွေ ‌ဒေသခံ‌တွေဆီက အ‌တော်ရရှိခဲ့တယ်။ ပြီး‌တော့ ‌ငွေစု‌ငွေ‌ချေးလုပ်ငန်း‌တွေကို စပြီး‌တော့ လုပ်‌ဆောင်တယ်။ ကျ‌နော်တို့စတင်တာက ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလထဲမှာ သင်တန်း‌တွေနဲ့စတင်ပြီး‌တော့ ကျ‌နော်တို့ လူ ၇‌ယောက်က‌နေပြီး စလုပ်တာ‌ပေါ့။

– အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းက ဘာ‌တွေကို လှုပ်ရှား‌ဆောင်ရွက်သလဲ။

ကျ‌နော်တို့အဖွဲ့လုပ်ငန်း‌ဆောင်တာရဲ့ ရည်ရွယ်ချက်က ကျ‌နော်တို့ ‌ဒေသတွင်းမှာ စားဝတ်‌နေ‌ရေးဖူလုံဖို့ အချင်းချင်း ယိုင်းပင်းကူညီပြီး လူ‌နေမှုအဆင့်အတန်း မြင့်မားလာဖို့နဲ့ ‌ဒေသခံ‌တွေရဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက်‌တွေ ပြည့်ဝ‌စေဖို့ကို ရည် ရွယ်ပြီး စိတ်‌နေသ‌ဘောထားနဲ့ပတ်သက်ပြီး စားဝတ်‌နေ‌ရေးဖူလုံဖို့အတွက် ‌ငွေစုနည်းသင်တန်း‌တွေကို လိုက်‌ပေးတယ်။ ကျ‌နော် တို့ ရည်ရွယ်တာက‌တော့ ကျ‌နော်တို့ ကရင်‌တွေသာမက တစ်နိုင်ငံထဲမှာ‌နေတဲ့ ဒီက ‌ဒေသခံ တိုင်းရင်းသား‌တွေအတွက်ပါ ရည်ရွယ်ပြီး ကျ‌နော်တို့ စည်းလုံးညီညွတ်မှုရှိဖို့ ကျ‌နော်တို့ စိတ်‌နေစိတ်ထား‌တွေ တိုးတက်‌ကောင်းမွန်ဖို့နဲ့ စားဝတ်‌နေ‌ရေး ဖူလုံရုံ မက ပညာ‌ရေးမှာလည်း လက်လှမ်းမီနိုင်‌အောင် အ‌ကြွေး‌တွေမတက်‌အောင် သင်တန်း‌တွေ‌ပေးပြီး ကူညီ‌ပေးတယ်။ ကျ‌နော်တို့ အဓိကလုပ်တာက ‌ငွေစုတာပဲ။

– ဒီလို‌ငွေစုလုပ်ငန်းကို လုပ်‌ဆောင်ဖို့အတွက် ဘယ်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ လုပ်‌ဆောင်‌နေပါသလဲ။

‌ငွေစုတာက ကျ‌နော်‌ပြောခဲ့သလိုပဲ ကျ‌နော်တို့ တတ်နိုင်တဲ့အင်အား‌လေးနဲ့ ကိုယ်ထူကိုယ်ထ လုပ်တာပါ။ ဘယ်သူ့ဆီ မှာမှ အကူအညီမယူဘူး။ ကျ‌နော်တို့‌ဒေသခံက လူ‌တွေနဲ့ပဲစပြီး‌တော့ အဖွဲ့အစည်း ဖွဲ့ပြီး‌တော့ ‌ငွေစုတယ်။ ကျ‌နော်တို့ စုနိုင်သ ‌လောက် စုတယ်။ တချို့ အများကြီးစုတယ်၊ တချို့ကျ‌တော့လည်း နည်းနည်း‌လေးပဲ စုကြတယ်။ လူဆင်းရဲ၊ လူချမ်းသာ အကုန် လုံး ပါဝင်နိုင်ဖို့ တတ်နိုင်သ‌လောက် စုကြတယ်။ ‌နောက်ပြီး အဖွဲ့အစည်းက‌နေမှ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ စား‌သောက်‌ရေး၊ ‌ဒေသ ဖွံ့ဖြိုး‌ရေး‌တွေအတွက်ကို အသုံးပြုတယ်။

– ‌ငွေစုတဲ့ လုပ်ငန်းက ‌ဒေသခံ‌တွေအတွက် ဘယ်လိုအကျိုးပြုပါသလဲ။

‌ငွေစုတာကို အရင်က ကျ‌နော်တို့ ဘယ်လိုမှမထင်ဘူး။ အခုဆိုရင် ပန်းတ‌နော်မြို့နယ်ထဲမှာ ‌ကျေးရွာ‌ပေါင်း ၈၆ရွာအ ပြင် ကျုံ‌ပျော်မြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊‌ညောင်တုန်းမြို့နယ်ကပါ ကျ‌နော်တို့ကိုဖိတ်‌ခေါ်ပြီး သူတို့အ‌နေနဲ့ ကျ‌နော် တို့ ပန်းတ‌နော်မြို့နယ်က အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းလုပ်သလိုမျိုး ‌ငွေစုချင်ကြတယ်ဆိုပြီး ကျ‌နော်တို့က သွားပြီး သင်တန်း‌လေး ‌တွေ ‌ပေးတယ်။ ‌နောက်ပြီး အဖွဲ့အစည်းအ‌နေနဲ့ ဖြစ်လာတဲ့အခါ ကျ‌နော်တို့‌တွေ့ရတာက ‌ဒေသခံ‌တွေအ‌နေနဲ့ အမြင်ပွင့်လာကြ တယ်။ သူတို့ ‌ပြောရဲဆိုရဲလာကြတယ်၊ သူတို့ရဲ့လိုအပ်ချက်ကိုလည်း ‌ပြောဆိုရဲလာကြတယ်။ အခု ‌ငွေစုတာ‌ကြောင့် တခြားလူ ‌တွေဆီက‌နေ ‌ငွေ‌ချေးစရာမလို‌တော့ဘူး။ သူတို့ရဲ့လုပ်ငန်း‌တွေ ‌အောင်မြင်ဖို့အတွက် အဖွဲ့အစည်းထဲမှာပဲ ‌ငွေ‌ချေးပြီး လုပ်‌ဆောင် နိုင်တာ‌ကြောင့် အပြင်မှာအတိုးနဲ့ ‌ငွေ‌ချေးစရာမလို‌တော့ဘူး။ ‌နောက်ပြီး သူတို့‌ဒေသထဲမှာ ဖွံ့ဖြိုး‌ရေးလုပ်ချင်ရင် သီးသန့်‌ငွေစုစရာ မလို‌တော့ဘဲ အဖွဲ့အစည်းထဲမှာပဲ စု‌ငွေက ရှိထားပြီးသားဖြစ်တဲ့အတွက် လုပ်ငန်းကို ‌ကောင်း‌ကောင်း မွန်မွန် လုပ်‌ဆောင်နိုင် တယ်။ ‌နောက်ပြီးအိမ်မှာ အပူအပင် မရှိ‌နေထိုင်စား‌သောက်နို်င်ပြီး သူတို့ရဲ့က‌လေး‌တွေ ‌ကျောင်းကို ပြည့်ပြည့်စုံစုံ၊ ကျကျနန တက်ရတဲ့ အကျိုး‌ကျေးဇူးကို‌တွေ့ရတာ‌ပေါ့။
ဒီအဖွဲ့‌တွေကို အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းက ‌ငွေစာရင်းပိုင်း နည်းပညာများ သင်ကြား‌ပေးလာခဲ့ရင်း တစ်အိမ်စီမှာ ဝင်‌ငွေ နဲ့ ထွက်‌ငွေကို သူတို့ ချိန်ဆသုံးစွဲတတ်လာတယ်။ ‌နောက်ပြီး တနှစ်တစ်ကြိမ် ‌ငွေစုအဖွဲ့‌တွေ စုဆုံကြရင်း လုပ်ငန်းအခက်အခဲ ‌တွေ၊ ‌အောင်မြင်မှု‌တွေ ဖလှယ်ကြ၊ ရှင်းလင်း‌ပြောဆိုတာ‌တွေ လုပ်နိုင်ခဲ့ကြတယ်။

– ဒီလုပ်ငန်း‌တွေအတွက် ဘယ်လို စိန်‌ခေါ်မှု အခက်အခဲ‌တွေ ကြုံ‌တွေ့ရတာမျိုးရှိလဲ။ အခက်အခဲစိန်‌ခေါ်မှု‌တွေကို‌ကော ဘယ်လို‌ဖြေ ရှင်းရတာ ရှိပါသလဲ။

ကျ‌နော်တို့ ဒီအလုပ်လုပ်တာက တခြားအဖွဲ့အစည်း‌တွေနဲ့ဆိုရင် ဆန့်ကျင်ဘက်လို ဖြစ်‌နေတာ။ တခြားအဖွဲ့အစည်း‌တွေ က ‌ချေးတာ‌လေး။ ကျ‌နော်တို့အဖွဲ့ကျ‌တော့ စုတာကို။ တချို့ကျ‌တော့ ‌ချေးဖို့‌လောက်ပဲမြင်‌တော့ ကျ‌နော်တို့အဖွဲ့က စု‌ဆောင်းတာ ဆို‌တော့ တခါတ‌လေ အခက်အခဲ‌တွေ့တာ‌ပေါ့။ ဒါ‌ပေမဲ့ သူတို့ တစ်လ နှစ်လ စမ်းလုပ်သွား‌တော့ ဒီလိုအဖွဲ့အစည်းမျိုးက ‌ကောင်း တယ်ဆိုတာမျိုး သိလာကြတယ်။ ‌နောက်တစ်ခု‌တွေ့ရတာက အရင်က တစ်‌ယောက်နဲ့တစ်‌ယောက်က မယုံကြည်ကြဘူး။ ဒါ‌ပေမဲ့ လုပ်တဲ့အခါကျ‌တော့ ယုံကြည်မှု‌တွေ ‌ပေးကြတယ်။ ယုံကြည်လာကြတယ်။
ကျ‌နော်တို့ ကြုံ‌တွေ့ရတဲ့ အခက်အခဲအ‌ပေါ်မှာ ‌ဖြေရှင်းရတာ‌တော့ တခါတ‌လေ ခက်ခဲတယ်။ဒါ‌ပေမဲ့ သူတို့တစ်‌ယောက် နဲ့တစ်‌ယောက် ယုံကြည်လာကြတယ်။ အဖွဲ့အစည်းထဲမှာ အမြဲဆုံ‌တွေ့‌နေကြရတာဆို‌တော့ စိတ်ထဲရှိတဲ့အတိုင်း ‌ဖြေရှင်းကြ တယ်။ သူတို့ကို ကနဦး တစ်‌ယောက်နဲ့တစ်‌ယောက်ကို အစမ်းယုံကြည်ခိုင်းပြီး‌တော့မှ ကြာလာ‌တော့ သူတို့အချင်းချင်း ယုံကြည် လာကြပြီး ‌ဖြေရှင်းတတ်လာကြတဲ့အ‌ပေါ်မှာ အခက်အခဲကို ဒီလိုနည်းနဲ့ပဲ ‌ကျော်လွှားလာခဲ့ကြတာ‌ပေါ့။

– အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းအ‌နေနဲ့ ဘယ်အဖွဲ့အစည်း‌တွေနဲ့‌ကော ပူး‌ပေါင်းလုပ်‌ဆောင်တာမျိုးရှိလဲ။

အရင်တုန်းက ဒီအဖွဲ့အစည်းကို ကိုယ်ထူကိုယ်ထအ‌နေနဲ့ လုပ်လာတာ‌ပေါ့။ ‌နောက်ပိုင်း ‌ကျောင်းထားမိခင်အဖွဲ့က ဆရာ‌တွေက NGO အဖွဲ့‌တွေနဲ့ ချိတ်ဆက်‌ပေးတယ်။ အဲ့မှာ HOPE international နဲ့တစ်နှစ် ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင် တယ်။ အဲ့ဒီမှာ ကျ‌နော်တို့က ‌ဒေသခံအမြင်ဖွင့်သင်တန်း‌တွေကို HOPE အစီအစဉ်နဲ့လုပ်ဖြစ်တယ်။ ‌နောက်ပိုင်း ၂၀၁၂ခုနှစ် ‌လောက်မှာ ပညာ‌ရေးဆိုင်ရာပံ့ပိုးမှု၊ လက်မှုပညာလုပ်ငန်းပံ့ပိုးမှု လုပ်‌ပေးတဲ့ The Promise Myanmar ကိုရီးယား အဖွဲ့အစည်းနဲ့ ကျ‌နော်တို့ အချိတ်အဆက်ထပ်ရတယ်။ သူတို့လာချိတ်ဆက်ပြီး‌တော့ စာသင်‌ကျောင်း‌တွေလာလှူ‌တော့ ကျ‌နော်တို့က လိုက် ‌ဆောက်‌ပေးတယ်။ က‌လေး‌တွေ ပညာ‌ရေးတိုးတက်ဖို့ ကျ‌နော်တို့က စာဖတ်ဝိုင်း‌တွေ၊ ည‌ကျောင်း‌တွေ လုပ်‌ပေးတယ်။ ‌နောက် ‌တော့ ၂၀၁၃‌လောက်မှာ PCF အဖွဲ့ကို ‌ကျောင်းထားမိခင်က ကျ‌နော် တို့နဲ့ ချိတ်ဆက်ပြီး ကျ‌နော်တို့ ဘာလုပ်လဲဆို‌တော့ မိဘ ‌တွေကို သူတို့သားသမီး‌တွေ ပညာ‌ရေးကိုအား‌ပေးဖို့အတွက် အလုပ်ရုံ‌ဆွေး‌နွေးပွဲ၊ အမြင်ဖွင့်သင်တန်း‌တွေ ၂၀၁၅၊၂၀၁၆အထိ လုပ်‌ပေးတာ‌ပေါ့။
‌နောက်‌တော့ ဒီ ၂၀၁၇ခုနှစ်မှာ The Promise Myanmar က‌နေ လက်မှုပညာကို လုပ်ချင်‌တော့ ကျ‌နော်တို့က တူး ‌ချောင်းရွာမှာ သင်ဖြူးဖျာလုပ်ငန်းကို လုပ်‌ပေးတယ်။ ယက်လုပ်နည်း၊ ထုတ်လုပ်နည်း စီမံကိန်းကို လုပ်တာ‌ပေါ့။ အဲ့မှာ ဘာကို ‌တွေ့ရလဲဆို‌တော့ ‌ဒေသခံ‌တွေက အ‌ကြွေးယူစရာမလို‌တော့ဘူး။ လူငယ်‌တွေ မြို့တက်ပြီး အလုပ်လုပ်လို့ပြန်လာရင် လက်မှုလုပ် ငန်း‌တွေကို ပြန်လာလုပ်နိုင်ကြတာ အခုချိန်ထိ ‌တွေ့‌နေရတယ်။ ‌နောက်နှစ်‌တွေကျရင် ‌လေးရွာ‌လောက်လုပ်သွားဖို့ ကျ‌နော်တို့ စီစဉ်ထားတယ်။ အဲမှာက ဂျာမဏီနိုင်ငံက‌နေ လာပြီး‌တော့ လယ်သမား‌တွေနဲ့ပူး‌ပေါင်းပြီး စိုက်ပျိုး‌ရေးနည်းပညာ‌တွေကို သင် တန်း‌ပေးသွားမယ်။

– ‌ရှေ့ဆက်ပြီး‌တော့ အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းအ‌နေနဲ့ ဘာ‌တွေကိုဆက်လုပ်သွားဖို့ရှိလဲ။

ကျ‌နော်တို့ အဖြူ‌ရောင်‌ဖောင်‌ဒေးရှင်းအ‌နေနဲ့ ကရင်လူမျိုးလူငယ်‌တွေ၊ ‌ဒေသခံ တခြားတိုင်းရင်းသားလူငယ်‌တွေကို ပညာ‌ရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖွံ့ဖြိုးဖို့ကို အသက်‌မွေးဝမ်း‌ကျောင်းသင်တန်း‌ကျောင်းကို လုပ်‌ပေးဖို့ ရည်ရွယ် ထားတယ်။ ဘွဲ့ရ၊ဘွဲ့မရတဲ့သူ‌တွေ၊ အတန်းပညာမြင့်မြင့်‌တွေ မတက်နိုင်‌တော့တဲ့ လူငယ်‌တွေကို ဒီသင်တန်း‌ကျောင်းကို တက်‌စေ ပြီး‌တော့ သူတို့အ‌နေနဲ့ စွန့်ဦးတီထွင်မှု‌တွေ ပြန်လုပ်နိုင်ပြီး ဘက်စုံထူးချွန်နိုင်‌အောင် သင်တန်း‌ကျောင်းလုပ်သွားဖို့ကို ရည်ရွယ် ချက် ရှိပါတယ်။
ဒါ့အပြင် လာမယ့်နှစ်‌တွေကျရင် ‌ဖောင်‌ဒေးရှင်းအ‌နေနဲ့ လက်မှုလုပ်ငန်းအပြင် အိမ်‌မွေးတိရိစ္ဆာန် ‌မွေးမြူ‌ရေးနည်းပညာ ပိုင်းလည်း ဆက်လက် ‌ဆောင်ရွက်သွားဖို့ ရှိပါတယ်။