Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် JMC-S နှင့် ‌ဒေသခံလူထု ‌တွေ့ဆုံ

‌ကော့ကရိတ်မြို့နယ်တွင် JMC-S နှင့် ‌ဒေသခံလူထု ‌တွေ့ဆုံ

2053

ဒီဇင်ဘာ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင့်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား လတ်တ‌လော ‌ဖော်‌ဆောင်‌နေသည့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ကိစ္စများကို သိရှိနိုင်ရန် ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာပူးတွဲ‌စောင့်ကြည့် ‌ရေး‌ကော်မတီ(JMC-S) နှင့် ‌ဒေသခံလူထုတို့ ‌တွေ့ဆုံပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁ဝ ရက်(ယ‌နေ့)တွင် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် အံဖကြီး‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ‌တွေ့ဆုံရာတွင် ပြည်နယ်အဆင့် JMC-S ဒု-ဥက္ကဌ(၁) ဗိုလ်မှူးကြီး ‌စော‌ဖောဒို၊ ဒုဥက္ကဌ(၂) ‌စောဘိုးနီ၊ အတွင်း‌ရေး မှူး(၁) ပဒို ‌စော‌ရွှေ‌မောင်း၊ အတွင်း‌ရေးမှူး(၂) ဒု-ဗိုလ်မှူးကြီး ရဲထွဋ် နှင့် ‌ကော်မတီဝင်အချို့ တို့သည် JMC ဖွဲ့စည်းပုံ၊ NCA စာချုပ်အရ နှစ်ဘက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်၊ အရပ်သားပြည်သူနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများ၊ တိုင်ကြားမှုနှင့် အငြင်းပွားဖွယ်ကိစ္စများအ‌ပေါ် ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည်တို့ကို ‌ဒေသခံများအား ရှင်းပြခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့ လာ‌ရောက်တာဟာ JMC-S ရဲ့ လုပ်ငန်း‌တွေကို ရှင်းပြခြင်းပဲဖြစ်ပါတယ်။ ဒီ‌ကော်မတီဟာ ‌ခြောက် ဆယ်ခုနှစ်တာ ‌လောင်ကျွမ်း‌နေတဲ့ ပြည်တွင်း စစ်မီးကို ‌စောင့်ကြည့်ထိန်းသိမ်း‌နေရတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခု (အစိုးရနဲ့ ကရင်တပ်ဖွဲ့များ)အပစ်အခတ် ရပ်စဲထားပါတယ်။ ဒီရပ်စဲထားတဲ့ စစ်ကို ဒီ‌ကော်မတီက တာဝန်အရှိဆုံး ဖြစ်တယ်။ ဒါကို ပြည်သူလူထုတစ်ရပ်လုံးကလည်း တာဝန်ရှိတယ်ဆိုတာ ‌ပြောကြားချင်ပါတယ်”ဟု JMC-S ဒု-ဥက္ကဌ(၁) ဗိုလ်မှူးကြီး ‌စော‌ဖောဒို ‌ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုုပ်-NCA အရ လုပ်ငန်း‌ဖော်‌ဆောင်‌နေသည့် ကာလအတွင်း လုပ်ငန်းကြန့်ကြာ‌စေမည့် ကိစ္စများကို JMC-S အ‌နေဖြင့် တာဝန်‌ဆောင်ရွက်ရမည် ဖြစ်သလို အပစ်ရပ်နယ်‌မြေအတွင်း ဖြစ်ပွား‌နေသည့် မည်သည့်အ‌ကြောင်းအရာမဆို JMC-S သို့ ပို့‌ဆောင်ပြီး တစ်လတစ်ကြိမ်အစည်းအ‌ဝေးတွင် ‌ပြောဆို‌ဆွေး‌နွေး‌နေ‌ကြောင်းနှင့် မိမိတို့ လုပ်ငန်းများကို လူထုသိ‌စေရန် ဆက်လက်‌ဆောင်ရမည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲအတွင်း ‌ဒေသခံများလူထုများ သိလိုသည့် အ‌ကြောင်းအရာများကို နားလည်သ‌ဘော ‌ပေါက်‌စေရန် ပြည်သူလူထုများ တင်ပြချက်များ၊ ‌မေးမြန်းချက်များ ပြန်လည်ရှင်းလင်းခြင်းဟူ၍ အစီအစဉ် တစ်ခုပါဝင်ပြီး အထူးသဖြင့် လူထုက ‌ကော့ကရိတ်မြို့နယ်အတွင်း အစိုးရတပ်များ ဝင်ထွက်သွားလာမှု၊ ဘုန်းကြီး‌ကျောင်းတွင် သွားလာဝင်‌ရောက် တပ်စွဲထားမှု၊ လူထုပိုင်နယ်‌မြေများအတွင်း တပ်စွဲထားမှု၊ ‌ပေါ်တာဆွဲမှု၊ လယ်ယာ‌မြေသိမ်းဆည်းမှု အပါအဝင် JMC လုပ်‌ဆောင်များကို ‌မေးမြန်းခဲ့ကြသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ‌ဒေသခံတစ်ဦးဖြစ်သူ မန်းမြ‌အေးက “ကျ‌နော်တို့ ‌ဒေသမှာ နှစ်ဖက်တပ်‌တွေက သွားလာမှုကိစ္စ‌တွေ ကျ‌နော်တို့ကို ပြန်‌မေးတာ ရှိတယ်။ ဒီကိစ္စဟာ သက်ဆိုင်ရာနှစ်ဘက်အဖွဲ့ကသာ အသိဆုံးဖြစ်တဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်။ တခါတ‌လေ (တပ်မ‌တော်)တပ်က ဒီရွာကို လာမယ်ဆိုပြီး တကယ်‌တော့ အခြားရွာကို ‌ရောက်သွားတယ်။ ဒါဟာ ကျ‌နော်တို့ လူထုအတွက် စိုးရိမ်စရာဖြစ်ပါတယ်”ဟု ‌တွေ့ဆုံပွဲတွင် တင်ပြခဲ့သည်။

‌ဒေသခံလူထုများ၏ တင်ပြချက်နှင့် ‌မေးမြန်းချက်အ‌ပေါ် JMC-S က ဆက်လက်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှင့် NCA သ‌ဘောတူညီချက်အရ နှစ်ဘက်လိုက်နာရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ချိုး‌ဖောက်မှုများရှိ‌ကြောင်း ‌တွေ့ရှိပါက JMC-S သို့ မပျက်မကွက် တင်ပြ‌စေလို‌ကြောင်းနှင့် တင်ပြသူများအတွက် လုံခြုံ‌ရေးမထိခိုက်‌အောင် ‌ဆောင်ရွက်‌နေ‌ကြောင်း ‌ဒေသခံလူထုများအား ‌ပြောကြားခဲ့သည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် JMC-S ‌ကော်မတီဝင်နှင့်အဖွဲ့များ၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌ဒေသခံ တာဝန်ရှိသူနှင့် ရပ်မိရပ်ဖိများ၊ ‌ကျေးရွာများမှ ‌ဒေသခံများအပါအဝင် စုစု‌ပေါင်း ၄၀ဝ ဝန်းကျင် တက်‌ရောက်ခဲ့ပြီး ‌တွေ့ဆုံပွဲကို နံနက် ၉ နာရီ၌ စတင်ကာ ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

ကရင်ပြည်နယ် JMC-S သည် ပြီးခဲ့သည့် နိုဝင်ဘာလက လှိုင်းဘွဲမြို့နယ်ရှိ ‌ဒေသခံထုများကို ပထမအကြိမ် ‌တွေ့ဆုံခဲ့‌နောက် ယခုဒုတိယအကြိမ်အဖြစ် ‌ကော့ကရိတ်မြို့နယ်ရှိ လူထုများအား ‌တွေ့ဆုံခြင်းဖြစ်ကာ လာမည့် တတိယအကြိမ်‌တွေ့ဆုံပွဲအတွက် မြဝတီမြို့နယ်တွင် လျာထား‌ကြောင်း သိရသည်။