Home သတင်း ‌ကော့ကရိတ်မြို့တွင် ဓာတ်အားလိုင်းမီး ၂၀၁၉မှာ ရရှိမည်ဟု ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး‌ပြော

‌ကော့ကရိတ်မြို့တွင် ဓာတ်အားလိုင်းမီး ၂၀၁၉မှာ ရရှိမည်ဟု ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး‌ပြော

1302

ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့တွင် အစိုးရမှ‌ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်းမီးကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ဖြည့် စွက်ရံပုံ‌ငွေ‌တောင်းခံပြီး တည်‌ဆောက်ပြီးစီးပါက ဓာတ်အားလိုင်း မီးရရှိ‌တော့မည်ဖြစ်သည်ဟု ပြည်နယ်အစိုးရ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှှိုင်က ဒီဇင်ဘာ ၆ရက်‌နေ့က ကျင်းပသည့် ကရင်ပြည်နယ်လွှတ်‌တော် ဆဌမအကြိမ် ဒုတိယ‌နေ့တွင် ‌ပြောဆိုလိုက်သည်။

အစိုးရ မီးမရရှိခင်ကြားကာလတွင် ‌ကော့ကရိတ်မြို့ ၂၄ နာရီ မီးရရှိ‌ရေးအတွက် ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် ‌ဒေါနအလင်း (ကလိုထူး‌ဘော) ကုမ္ပဏီမှဖြန့်‌ဝေ‌ပေးမည်ဖြစ်ကာ အစိုးရနှင့် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုနိုင်ရန် စာချုပ်မူကြမ်းပြင်‌နေဆဲဖြစ် သည်ဟု လျှပ်စစ်ဝန်ကြီးက ယခုလို ‌ပြောသည်။

“စီမံကိန်းက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကုန်မှ ပြီးမယ်လို့‌ပြေားထားပြီးသား၊ အဲဒီအချိန်ကျမှ ‌ကော့ကရိတ်က ‌နေ ဓာတ်အား စနစ်မီးရမှာ‌ပေါ့။ ဒီကြားထဲမှာ‌တော့ ကလိုထူး‌ဘောကလုပ်တဲ့ဒီဇယ်စက်နဲ့ ‌ပေးတဲ့ဟာ‌တော့ ကျ‌နော်တို့အစိုးရက ‌ဆောင်ရွက်‌ပေးတယ်။ ၂၀၁၉ စက်တင်ဘာလ‌လောက်မှ အပြီးလုပ်‌ပေးမယ်။ ဓာတ်အား လိုင်းပြီးရင်ဖြန့်‌ပေး‌တော့မယ်”ဟု ဝန်ကြီးက မီဒီယာများကို ‌ပြောသည်။

‌ကော့ကရိတ်မြို့‌နေပြည်သူများအ‌နေဖြင့် မီးရရှိရန်အတွက် ပြီးခဲ့သည့် သုံးလခန့်က တစ်အိမ်လျှင် ကျပ် ၃ သိန်းမှ ၅သိန်း အထိ ‌ပေးသွင်းထားရပြီး အဆိုပါ ကုမ္ပဏီမှ ‌နေအိမ်များတွင် မီးကြိုးများတပ်ဆင်ခြင်း၊ မီတာ‌ဘောက်များ တပ်ဆင်ခြင်းနှင့် မီးကြိုးသွယ်တန်းခြင်းများပြုလုပ်‌နေပြီဖြစ်‌ကြောင်းလည်း သိရသည်။

ကုမ္ပဏီမှ ‌ဆောင်ရွက်‌ပေးမည့် ၂၄ နာရီ မီးလင်း‌ရေးလုပ်ငန်းများ စတင်‌နေပြီဖြစ်‌သော်လည်း လက်ရှိအချိန်ထိ မီးရရှိခြင်းမရှိ ‌သေးသည့်အပြင် ကြားကာလတွင် အသုံးပြုရန် စီစဉ်ထားသည့် ကုမ္ပဏီမှ ‌ကောက်ခံမည့် မီတာခနှုန်းထားအ‌ပေါ် ‌သေချာစွာမသိရှိရ‌သေးသည့်အတွက် စိုးရိမ်မှုဖြစ်‌ပေါ်‌ကြောင်းလည်း ‌ကော့ကရိတ်မြို့ ခံများက ‌ပြောဆိုသည်။

“မီးလိုချင်လို့ ပိုက်ဆံသွင်းရမယ်ဆိုပြီးသွင်းလိုက်ပြီး မီတာလည်း လာလုပ်ပြီးပြီ။ လမ်းမီးကြိုးနဲ့ မဆက်‌သေးဘူး။ မီးက ဒီဇင်ဘာလမှာရမယ်လို့‌ပြောတာဘဲ ။ တစ်လပြီးတစ်လ‌ပေါ့ ။ မီးရတဲ့အချိန်ကျမှ မီတာခက‌တော့ ကိုယ်သုံးရတာနဲ့ ‌ပေးရတာနဲ့ တန်မတန်သိရမှာ‌ပေါ့”ဟု ‌ကော့ကရိတ်တွင် ‌နေထိုင်သည့် ‌နော်မူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းကပင် ‌ကော့ကရိတ်မြို့အတွက် ‌မော်လမြိုင်-‌ကော့ကရိတ်-မြဝတီ မ ဟာဓာတ်အားလိုင်းမှ မီးရရှိမည်ဟုဆိုခဲ့ရာမှာ ယခု သမ္မတ ဦးထင်‌ကျော် အစိုးရလက်ထက်ထိ ‌ရောက်ရှိသည့်တိုင် အသုံးပြုနိုင်ခြင်းမရှိ‌သေးသည့်အ‌ပေါ် ‌ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် နန်းသူဇာဝင်းက ပြည်နယ်လွှတ်‌တော်တွင် တင်ပြထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင်စတင်ကာ ‌ကော့ကရိတ်မြို့အစိုးရမီးရရှိရန် ၆၆KV မြဝတီ-‌ကော့ကရိတ် ဓာတ်အားလိုင်း ၁၇ မိုင် တည်‌ဆောက်ခြင်းလုပ်ငန်းကို စတင်‌ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် ၆၆/၁၁KV ၁၀MPA ‌ကော့ကရိတ် ဓာတ်အားခွဲစက်ရုံ တည်‌ဆောက်‌ရေးလုပ်ငန်းကိုလည်း ၂၀၁၄ ခုနှစ်တွင် စတင်‌ဆောင်ရွက်ရာ တည်‌ဆောက်‌ရေး လုပ်ငန်းအားလုံး ၉၉ ရာခိုင်နှုန်း ပြီးစီး‌နေပြီဟု ပြည်နယ်လျှပ်စစ်က ဆိုသည်။

‌ကော့ကရိတ်မြို့သည် ခရိုင်အဆင့်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့‌နေလူထုများအ‌နေဖြင့် လက်ရှိအချိန်တွင် ဒီဇယ်အင်ဂျင် စက်ဖြင့် မီးဖြန့်‌ဝေသည့်မီးကို တစ်ရက်လျှင် ၃နာရီ အထိသာ လျှပ်စစ်မီးအသုံးပြုရ‌သော‌ကြောင့် လုံ‌လောက်မှုမရှိသည့်အတွက် ဆိုလာမီးနှင့် ဖြည့်စွက် အသုံးပြုရသည့် မြို့တစ်မြို့လည်း ဖြစ်သည်။