Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2385

၂၀၁၈ကို မဂင်္လာနှစ်သစ် ဖြစ်‌စေလို

ရွက်‌ဟောင်း‌ကြွေစ၊ ရွက်နုဖူးစ ကြည်လင်သာယာ ‌ကောင်းကင်ပြာနှင့်အတူ ‌ဆောင်းပီသ‌နေသည့် ‌အေးမြတည်ငြိမ်မှုဖြင့် နှစ် ‌ဟောင်းကုန်ချိန် နှစ်သစ်ဦးသို့ ‌ရောက်ရှိလာ‌ချေပြီ။ ရာသီစက်ဝန်းလည်ပတ်ရင်း အချိန်‌တွေ တ‌ရွေ့‌ရွေ့ ကုန်ဆုံးကာ ‌ကောက် သစ်‌ပေါ်ချိန် နှစ်ကူးသည့် နှစ်သစ်ဦးတွင် ကရင်သတင်းဌာန၏ စာဖတ်ပရိဿတ်များ မဂင်္လာနှစ်သစ် ဖြစ်ပါ‌စေ‌ကြောင်း မိမိတို့ ဝိုင်း‌တော်သူ / ဝိုင်း‌တော်သားများက ကနဦး နုတ်ခွန်းဆက်သလိုပါသည်။

လူသားတို့မည်သည် တ‌နေ့ထက်တ‌နေ့၊ တစ်နှစ်ထပ်တစ်နှစ် ပိုမိုသာယာဝ‌ပြောသည့် လူမှုဘဝများကို တည်‌ဆောက်လိုကြရင်း ‌မျှော်လင့်ချက်များဖြင့် အသက်ရှင်‌နေသည်ဟု ‌ယေဘုယျအားဖြင့် ဆိုနိုင်သည်။ သို့‌သော် အချို့ အချို့‌သောသူများ၊ အချို့အချို့ ‌သော အဖွဲ့အစည်း၊ အသင်းအပင်းများအ‌နေဖြင့် ‌လောကပါလတရားများ ထွန်းကား‌ရေးထက် မိမိတို့ကိုယ်ကျိုးကိုသာ ပိုမိုဦးစား ‌ပေးမှုများ ရှိမြဲ၊ ရှိ‌နေ‌သေးသည်ကို ‌တွေ့ရသည်။

တိုင်းရင်းသားများ စု‌ပေါင်း‌နေထိုင်သည့် အမိနိုင်ငံ‌တော်ကြီး၏ ကုန်လွန်ခဲ့သည့် ခရစ်နှစ် ၂၀၁၇ခုနှစ် (ကရင်နှစ် ၂၇၅၆ခုနှစ်)ကို ပြန်‌ပြောင်းကြည့်မည်ဆိုလျှင် မြန်မာပြည်‌မြောက်ပိုင်း စစ်ပွဲများမရပ်စဲနိုင်‌သေးဘဲ စစ်မျက်နှာကျယ်ပြန့်လာမှု၊ ရခိုင်ပြည်နယ်၏ ‌ဒေသတွင်း ပဋိပက္ခများ‌ကြောင့် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ကာ နိုင်ငံ့ပုံရိပ်ကျဆင်းခဲ့ခြင်း၊ သျှမ်းပြည်နယ်၌ နိုင်ငံ‌ရေးလုပ် ‌ဆောင်မှုများ အဟန့်အတားဖြစ်ခြင်း၊ ကရင်ပြည်နယ်အတွင်း၌လည်း ‌သေနတ်သံ လုံးဝ မရပ်စဲ‌သေးသည့်အတွက် စစ်‌ဘေး ‌ရှောင်ဒုက္ခသည်များ၏ အနာဂတ်များ ‌ရေရာမှုမရှိခြင်း၊ မီဒီယာသမားများအတွက် အာမခံနိုင်သည့် လုံခြုံမှုမရှိခြင်းနှင့် တပ်မ‌တော် ၏ နယ်‌မြေစိုးမိုး‌ရေး တိုးချဲ့လုပ်‌ဆောင်မှု‌ကြောင့် တင်းမာမှုများ ဖြစ်‌ပေါ်ခဲ့ရသည်။

တဖန် လူထုအစိုးရ ကြီးမှူးကျင်းပခဲ့သည့် ၂၁ပင်လုံဒုတိယအကြိမ် အစည်းအ‌ဝေးတွင် ပြည်‌ထောင်စု သ‌ဘောတူညီမှုအချက် ၃၇ချက် ရလဒ်‌ပေါ်ထွက်ခဲ့‌သော်လည်း တိုင်းရင်းသားလူမျိုးများ စု‌ပေါင်း‌နေထိုင်သည့် နိုင်ငံတွင် နှစ်‌ပေါင်းခုနှစ်ဆယ်နီးပါး၌ တိုင်း ရင်းသားအ‌ရေး ‌ပြေလည်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အ‌ခြေခံဖြစ်သည့် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေးနှင့် ဆိုင်ရာ အ‌ခြေခံမူများ မပါဝင်ဘဲ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ထင်သ‌လောက် ‌ရှေ့မတိုးနိုင်သည်ကိုလည်း ဝမ်းနည်းဖွယ် ‌တွေ့ရသည်။

၂၀၁၇နှစ်‌ဟောင်းမကုန်မှီ ကြားသိမြင်‌တွေ့‌နေရသည့် ဆိုးသတင်းများ၊ စိန်‌ခေါ်မှုများ လာမည့်နှစ်သစ်သို့ မပါလာ‌စေရန်အတွက် တဦးချင်း၊ တစ်အိမ်‌ထောင်ချင်း၊ ရပ်ရွာတစ်ခုချင်း၏ အ‌ရေးအရာတိုင်းသည် တိုင်းပြည်အ‌ရေးအရာ ဖြစ်သည့်အတွက် သခွပ်ပင် က မီးတကျီကျီကဲ့သို့ နှစ်သစ်တွင် မဖြစ်‌စေရန် ကရင်သတင်းဌာနက နှစ်သစ်ဆု‌တောင်းစကား ပါးလိုပါသည်။ လာမည့်နှစ်သစ် တွင် ထပ်မံ ကျင်းပသွားမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ပင်လုံအစည်းအ‌ဝေးများ၌လည်း အ‌ခြေခံကျ‌သော၊ အနှစ် သာရပြည့်ဝသည့် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွက်လာ‌ရေးအတွက် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြင့် နိုင်ငံ‌ရေးအရ ‌သော်လည်း‌ကောင်း၊ အခြား‌သောမျက်နှာစာအသီးသီးတို့မှ‌သော်လည်း‌ကောင်း ဆက်လက် ကြိုးပမ်းသွားရမည်သာ ဖြစ်သည်။

ထို့အပြင် ‌ခေတ်အဆက်ဆက် နိုင်ငံ့အ‌ရေးအရာ၌ ထဲထဲဝင်ဝင် ပါဝင်ခဲ့သည့် တပ်မ‌တော်အ‌နေဖြင့်လည်း သမိုင်းသင်ခန်းစာများ ကို ဆင်ခြင်ကာ သာတူညီမျှ မဖြစ်‌သော၊ လက်‌တွေ့မကျ‌သော၊ မည်သည့် ငြိမ်းချမ်း‌ရေးမူများကိုမဆို စွန့်လွှတ်ပြီး ပကတိ အ‌ခြေ အ‌နေများနှင့် ကိုက်ညီသည့် ငြိမ်းချမ်း‌ရေးဆိုင်ရာ မူဝါဒများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ပြန်လည် ညှိနှိုင်း တိုင်ပင် ‌ရေးဆွဲချမှတ်ပြီး သမိုင်းမှတ်တိုင်သစ်တစ်ရပ် စိုက်ထူသွားရန် ရိုးသားစွာ တိုက်တွန်း‌မျှော်လင့်လိုပါသည်။

အလားတူ လူထုအစိုးရအ‌နေဖြင့်လည်း စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ကဏ္ဍအသီးသီးဖွံ့ဖြိုး‌ရေးအတွက် လူထု‌ပေးအပ်ထားသည့် တာ ဝန်ကို‌ကျေပြွန်ရန် ထင်ရှားသည့်သက်‌သေ ပြချိန်တန်ပြီးဖြစ်သည်။ ထုထည်ကြီးမားလှသည့် တိုင်းရင်းသားပြည်သူများ၏ ‌မျှော် လင့်ချက်များကို တစ်ဦးတ‌ယောက်၊ တစ်ဖွဲ့တည်းဖြင့် လုပ်‌ဆောင်ခြင်းထက် နိုင်ငံ‌ရေးအကျိုးတူ မဟာမိတ်များနှင့် လက်တွဲလုပ် ‌ဆောင်ရင်း သမိုင်း‌ပေးတာဝန်အဖြစ် ခံယူကာ နှစ်သစ်တွင် ‌အောင်ပွဲဆီသို့ တက်လှမ်းသွားကြ‌စေချင်ပါသည်။

ထို့‌ကြောင့် ယခုကဲ့သို့ ‌ကောက်သစ်‌ပေါ်စ နှစ်ကူးကာလ အခါသမယတွင် ပြီးခဲ့သည့် အတိတ်သမိုင်း‌ကြောင်းကို ‌လေ့လာပြီး သင် ခန်းစာယူသင့်သည်ကိုယူ၍ အတုယူသင့်သည်ကို ဆက်လက်သယ်‌ဆောင်ကာ လက်ရှိအ‌ခြေအ‌နေမှန်ကို စဉ်းစားသုံးသပ် ချင့် ချိန်ကာ လာမည့်နှစ်သစ်ဆီသို့ ‌လျှောက်လှမ်းရင်း တိုင်းရင်းသားပြည်သူအားလုံးအတွက် မဂင်္လာနှစ်သစ်ဖြစ်‌စေ‌ကြောင်း ကရင် သတင်းဌာနက ‌မျှော်လင့်ဆု‌တောင်းအပ်ပါသည်။