Home သတင်း ပံ့ပိုးကူညီမှုများ‌လျော့နည်းလာသည့်တိုင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုကို ဆက်လုပ်မည်ဟု ‌ဒေါက်တာစင်သီယာ‌မောင်‌ပြော

ပံ့ပိုးကူညီမှုများ‌လျော့နည်းလာသည့်တိုင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုကို ဆက်လုပ်မည်ဟု ‌ဒေါက်တာစင်သီယာ‌မောင်‌ပြော

2518

ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်၍ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုပြုလုပ်‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းအတွက် နိုင်ငံတ ကာ‌ထောက်ပံ့ကူညီမှုများ ‌လျော့နည်းလာ‌သော်လည်း နယ်စပ်‌ဒေသနှင့်ပြည်သူလူထုများအတွက် ကျန်းမာ‌ရေး ‌စောင့် ‌ရှောက်မှုလုပ်ငန်းများကို ဆက်လက် လုပ်‌ဆောင်‌ပေးသွားအုံးမည်ဖြစ်‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်က ဒီဇင်ဘာလ ၆ ရက် (ယ‌နေ့)တွင် ကျ‌ရောက်သည့် ၎င်း၏ ၅၈ နှစ်ပြည့်‌မွေး‌နေ့အခမ်းအနား၌ ‌ပြောကြားခဲ့သည်။

၎င်းက “လက်ရှိအ‌ခြေအ‌နေမှာ နိုင်ငံ‌ရေး‌ပြောင်းလဲမှုဖြစ်စဉ်‌တွေနဲ့အတူ ကျမတို့အတွက် လာမဲ့အနာဂတ်မှာ စိန်‌ခေါ်မှု‌တွေ အများကြီးကိုရင်ဆိုင်ရမယ်။ မယ်‌တော်‌ဆေးခန်းအ‌နေနဲ့ ဆက်လက်ပြီး‌တော့ ကျမတို့ပြည် သူလူထု‌တွေအတွက်ဖြစ်‌စေ၊ နယ်စပ်‌ဒေသလူထု‌တွေအတွက်ဖြစ်‌စေ မြန်မာနိုင်ငံမှာရှိ‌နေတဲ့ ကျမတို့ လုပ်‌ဖော်ကိုင်ဖက်‌တွေ ဖြစ်‌စေ‌ပေါ့။ ‌လေ့လာသင်ယူ စရာလို့‌ခေါ်တဲ့ Learner Center အ‌နေနဲ့ ဆက်လက်တည်ရှိ‌နေမယ်။ တချိန်ထဲမှာပဲ ကျန်းမာ‌ရေးဝန်‌ဆောင်မှု လက်လှမ်းမမှီ‌သေးတဲ့ ကုသမှု‌တွေကိုလည်း ဆက်လက်‌ဆောင်ရွက်သွားမယ်”ဟု ‌ပြောကြားခဲ့သည်။

ထို့အပြင် နယ်စပ်‌ဒေသနှင့် မြန်မာတစ်ပြည်လုံးတွင် ‌ရွှေ့‌ပြောင်းလူထုရှိ‌နေသမျှကာလတွင်သာမက ‌ဒေသတွင်းရှိ လူထုများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေးအကာအကွယ်‌ပေးမှုအတွက် ကွန်ရက်အ‌နေဖြင့် ပူး‌ပေါင်း ‌ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာရှိ‌နေသလို ပိုမိုကျယ်ပြန့်သည့် လူမှု‌ရေးလုပ်ငန်းများကို ‌ဆောင်ရွက်ရာတွင် လည်း ဘက်‌ပေါင်းစုံမှ‌ဆောင်ရွက်သွားနိုင်ရန် ကြိုးစားသွားမည်ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။

မယ်‌တော်‌ဆေးခန်းသည် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များ၊ နယ်စပ်‌ဒေသတစ်‌လျှောက်ရှိ တိုင်းရင်းသားများနှင့် ပြည်တွင်းရှိ နွမ်းပါးသူများအတွက် အခမဲ့ကျန်းမာ‌ရေးနှင့်ပညာ‌ရေး ဝန်‌ဆောင်မှုများကို အားကိုးအားထားပြု‌နေရဆဲဖြစ်သည့် အဖွဲ့အစည်းဖြစ်‌သော်လည်း လက်ရှိတွင် နိုင်ငံတကာ၏ အကူအညီအ‌ထောက်အပံ့ အခက်အခဲများနှင့် ရင်ဆိုင်‌နေရသည့်အ‌ခြေအ‌နေတွင်ရှိ‌နေသည်။

ထိုသို့ နိုင်ငံတကာ၏အကူအညီအ‌ထောက်အပံ့များ‌လျော့နည်းလာမှု‌ကြောင့် ယခုနှစ်‌အောက်တိုဘာလမှစ၍ မယ်‌တော်‌ဆေးခန်း၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး ဝန်ထမ်းလစာအပါအဝင် ‌ဆေးခန်း၏ အသုံးစရိတ်ကို ၂ဝ ရာခိုင်နှုန်း‌လျှော့ချထားရသည်ဟုလည်း မယ်‌တော်‌ဆေးခန်းတာဝန်ရှိသူများက ဆိုသည်။

‌ဒေါက်တာစင်သီယာ ‌မွေး‌နေ့ပွဲသို့ တက်‌ရောက်လာသူ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန-KDHW မှ ‌စောအယ်ဖိုးက
“လက်ရှိနိုင်ငံ‌ရေး‌ပြောင်းလဲမှုဖြစ်စဉ်‌တွေ‌ကြောင့် ကူညီ‌ထောက်ပံ့မှု‌တွေက ပြည်တွင်းထဲကို ဆင်းသွားတာ အများကြီး‌တွေ့ရတယ်။ ကျ‌နော်တို့ကျန်းမာ‌ရေးအဖွဲ့အစည်းမြင်တာက မယ်‌တော်‌ဆေးခန်းက ထိုင်းနိုင်ငံထဲကို ‌ရွှေ့‌ပြောင်းသူ‌တွေအတွက် အများကြီးအ‌ရေးကြီး‌သေးတယ်။ ဘာဖြစ်လဲဆို‌တော့ နိုင်ငံ‌ရေး တည်ငြိမ်မှုမရှိ‌သေးသ၍ ‌ရွှေ့‌ပြောင်းသူ‌တွေက ဒီမှာဆက်ရှိ‌နေအုံးမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ကျန်းမာ‌ရေးစနစ်ကလည်း အဆင်မ‌ပြေ‌သေးတာ‌ကြောင့် ဒီက ကုသမှုစနစ်က ဆက်ရှိ‌နေရအုံးမယ်” ဟု ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်ဦးစီးပြီး အခမဲ့ ‌ဆေးကုသ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းကို ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် မြန်မာဒုက္ခသည်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်းမာ‌ရေးဆိုင်ရာ အကူအညီများ ‌ပေးနိုင်ရန် ရည်ရွယ်၍ ၁၉၈၉ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ တစ်ရက်ပျမ်းမျှ လူနာဦး‌ရေ ၃၀ဝ ‌ကျော်ကို ပုံမှန် ကုသ‌ပေးလျှက်ရှိသည်။

ယ‌နေ့ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်ခန်းမ၌ ကျင်းပသည့် ‌ဒေါက်တာ စင်သီယာ ‌မောင်၏ ၅၈ နှစ်ပြည့် ‌မွေး‌နေ့ပွဲသို့ သူမ၏ အသိမိတ်‌ဆွေများ၊ လုပ်‌ဖော်ကိုင်ဖက်များနှင့် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် စုစု‌ပေါင်း ၅၀ဝ နီးပါးတက်‌ရောက်ခဲ့ကြပြီး ကရင်ရိုးရာဒုံးအက၊ ကဗျာ၊ စာစီစာကုံး၊ အားကစားနှင့်ပန်းချီပြိုင်ပွဲဆုရရှိသူများအား ဆု‌ပေးခြင်းနှင့် ‌မွေး‌နေ့ဆု‌တောင်း‌ပေးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။