Home သတင်း မိပရံ‌ချောင်း တိမ်‌ကောလာမှု‌ကြောင့် စပါးစိုက်မရသည့်အတွက် ပြန်‌ဖော်‌ပေးရန် ‌ဒေသခံများလိုလား

မိပရံ‌ချောင်း တိမ်‌ကောလာမှု‌ကြောင့် စပါးစိုက်မရသည့်အတွက် ပြန်‌ဖော်‌ပေးရန် ‌ဒေသခံများလိုလား

2039

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ‌တောင်ဒီး‌ကျေးရွာရှိ မိပရံ‌ချောင်းတိမ်‌ကောလာမှု‌ကြောင့် စပါး စိုက်ဧက ၁ဝဝ‌ကျော် ‌ရေမရှိ‌တော့သည့် အတွက် သက်ဆိုင်ရာက ပြန်လည် တူး‌ဖော်‌ပေး‌စေလို‌ကြောင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောလှမိုးက ဒီဇင်ဘာလ ၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ချောင်း‌ကောလာတာ ၅နှစ်‌လောက်ရှိပြီး။ ‌ချောင်း‌ရေကို မှီခို‌နေရတဲ့ စပါးစိုက် ဧက ၁ဝဝ‌ကျော် ‌ရေမရှိ‌တော့ စိုက်မရ ဖြစ် ‌နေတယ်။ ‌ချောင်းရဲ့အ‌ပေါ်ဘက် လယ်‌တွေ ‌ရေစီးဆင်းဖို့လမ်း‌ကြောင်းနဲ့ တမံ‌တွေ ဖို့တာများလာ‌တော့ ‌ချောင်း‌အောက်ဘက်က လယ်‌တွေကို ‌ရေမ‌ရောက်‌တော့ဘူး‌ပေါ့‌နော်။ လယ်သမား‌တွေ အဆင်‌ပြေ‌စေဖို့ ပြန်လည်တူး‌ဖော်‌ပေး‌စေချင်တယ်”ဟု ‌ပြော သည်။

‌ဒေသခံ ‌တောင်သူများအ‌နေဖြင့် အခြားအသက်‌မွေးလုပ်ငန်း မရှိသည့်အ‌ပေါ် စပါးအစား နှမ်းကို ပြန်လည်စိုက်ပျိုးမှုများရှိသလို အချို့လယ်များ၊ ‌မြေများ ပျက်စီးမှုဖြစ်‌ပေါ်လာပြီး အမြန် ပြန်လည်တူး‌ဖော်‌ပေးပါက လယ်သမားများအတွက် ပိုအဆင်‌ပြေမည်ဟု အုပ်ချုပ်‌ရေးမှူး ‌စောလှမိုးက ဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌ကော့ကရိတ်ခရိုင်၊ ဆည်‌မြောင်းဦးစီးဌာနသို့ ‌ဒေသခံများက တင်ပြထားမှုများရှိပြီး လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြန်လည်တူး‌ဖော်ရန် အသုံးစရိတ်(ဘတ်ဂျက်) ထည့်သွင်းလျာထားမည်ဟု ခရိုင်ဦးစီးမှူး ဦးရန်‌အောင်စိုးက ဒီဇင်ဘာလ ၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ချောင်းရဲ့အ‌နေအထားက လယ်‌ရေသွင်းဖို့ တပိုင်တနိုင် ‌ချောင်းပိတ်ထားတာ‌ပေါ့‌နော်။ တချို့က ဝါးနဲ့ပိတ်တာရှိသလို ကွန်ကရစ်အမာခံ‌လေးနဲ့ ပိတ်ထားတာလည်းရှိတယ်။ ‌ချောင်းရဲ့‌အောက်ဘက်ပိုင်းမှာ ‌ရေမရ‌တော့တဲ့သ‌ဘော တင်ပြထားတယ်။ ‌ချောင်းထဲမှာ တမံ ၁၇ခု‌လောက် ပိတ်ထားတယ်။ မိရိုးဖလာ သ‌ဘောမျိုးဆို‌တော အတင်းအကြပ် မလုပ်‌သေးဘူး‌ပေါ့‌နော်။အ‌ခြေ အ‌နေ‌ပေါ် မူတည်ပြီး ‌ချောင်းပြန်လည် တူး‌ဖော်‌ပေးဖို့ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်မှာ ထည့်သွင်းလျာထား‌ပေးသွားမယ်”ဟု ‌ပြော သည်။

မိပရံ‌ချောင်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌တောင်းဒီ‌ကျေးရွာ အ‌နောက်ဘက် ‌တောင်ညို‌တောင်တန်းမှ မြစ်ဖျားခံပြီး ဝင်း‌ရော် ‌ချောင်းမကြီးသို့ စီးဆင်း‌နေပြီး ‌ချောင်းတစ်‌လျှောက်ရှိ ‌ဒေသခံများအ‌နေဖြင့် စပါးစိုက်ပျိုးနိုင်ရန် ‌ချောင်း‌ရေကိုသာ အဓိက မှီခိုအား ထား‌နေရသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။