Home သတင်း ပထမဦးဆုံးအကြိမ် ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့ အလွှာစုံလူထုပါဝင်ဆင်နွှဲ

ပထမဦးဆုံးအကြိမ် ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့ အလွှာစုံလူထုပါဝင်ဆင်နွှဲ

1993

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယ‌နေ့ ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပသည့် ဝင်း‌ရေးမြို့ နယ်လုံးဆိုင်ရာ နှစ် (၈၀)ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်သို့ အလွှာစုံလူထု ၅ဝဝဝ(ငါး‌ထောင်)‌ကျော် ပါဝင်တက် ‌ရောက်ဆင်နွှဲခဲ့သည်။

ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု‌ပေါင်း (၄၁) အုပ်စုမှ ‌ဒေသခံလူထုများအပါအဝင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေ၊ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်အချို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်‌တော်အမတ်အချို့နှင့် ပါတီဝင်ကိုယ်စားလှယ်များ၊ နယ်ခြား‌စောင့်တပ်(BGF)၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA –PC (ငြိမ်းချမ်း‌ရေး ‌ကောင်စီ)မှ တပ်မှူး၊ တပ်ဗိုလ်များနှင့်တပ်သားများ၊ မြို့ခံလူထုနှင့် ထိုင်းနိုင်ငံသားဧည့်သည်များလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။

ပွဲ‌တော်ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “ဝင်း‌ရေးတစ်မြို့နယ်လုံးနဲ့ တစ်ခါမှကျင်းပခဲ့ဖူးတာမရှိဘူး။ ဒီနှစ်မှာ ဝင်း‌ရေးမြို့နယ်တစ်ခုလုံးအတိုင်းအတာနဲ့ကျင်းပလာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ရဲ့ မိမိဝင်း ‌ရေးမြို့နယ်ရဲ့ လူငယ်‌တွေ၊ လူကြီး‌တွေ အုပ်စုမှူးက အစ‌ပေါ့‌နော် ကရင်အချင်းချင်း‌တွေ့ကြပြီး‌တော့ စည်းလုံးမှု၊ ညီညွတ်မှုရရှိ‌အောင် ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်” ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ကျင်းပသည့် နှစ်သစ်ကူး‌နေ့ အခမ်းအနားတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ကရင်ပြည် နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး စသည့်‌ခေါင်း ‌ဆောင်များ‌ပေးပို့လာ ‌သော နှစ်သစ်သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးမှ ဖတ်ကြားခဲ့ကြသည်။

ထို့အပြင် ကရင်နှစ်သစ်ကူးပွဲ‌တော်၏ ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို ဝင်း‌ရေးမြို့နယ်လုံးရှိ ဒုံးအဖွဲ့ (၁၅)ဖွဲ့နှင့် ‌ဖျော်‌ဖြေ‌ရေးဒုံး(၅)ဖွဲ့မှ ‌ဖျော်‌ဖြေကပြပြိုင်ဆိုင်ခြင်း၊ ထိုင်း-မြန်မာနှစ်နိုင်ငံ ရိုးရာ လက်‌ဝှေ့ စိန်‌ခေါ်ပွဲ အပါအဝင် ဖီ့ဘူး‌ယော် (စပါး‌စောင့်နတ်)အား ပူ‌ဇော်ပသခြင်းစသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ‌နော်ဆဲခူ့ဝါး က “ ဒီ‌နေ့ နှစ်သစ်ကူးပွဲကို တစ်ဖက်နိုင်ငံက ဧည့်သည်‌တွေ၊ တခြား‌ဒေသက ဧည့်သည်‌တွေလာတာ‌တွေ့ရတယ်။ ဒီလိုနှစ်သစ်ကူး‌နေ့မှာ ကျမတို့ရဲ့ ရိုးရာယဉ်‌ကျေး မှု‌တွေကို ‌ဖော်ပြနိုင်တဲ့အတွက်လည်း အရမ်း‌ပျော်ရွှင်မိတယ်။ ကျမတို့လူငယ်အပါအဝင် ကျမတို့ ကရင်တစ်မျိုးသားလုံးအ‌နေနဲ့ ကိုယ့်ရဲ့ရိုးရာယဉ်‌ကျေးမှု မပ‌ပျောက်ဖို့နဲ့ ကျမတို့ကရင်‌တွေရဲ့ ရိုးရာယဉ်‌ကျေးမှုက အခုထိရှိ‌နေတုန်းဆိုတာ တခြားလူ‌တွေသိဖို့ ပြန်လည်စုစည်း‌ဖော်ပြရမယ်” ဟု ‌ပြောသည်။

ဘုးရားသုံးဆူမြို့တွင် ယ‌နေ့ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၇ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ အထိမ်း အမှတ်အ‌နေဖြင့် ‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း ‌စောဘဦးကြီး ရုပ်ထုကိုစိုက်ထူရန် နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ မှ စီစဉ်ခဲ့‌သော်လည်း တပ်ဖက်နှင့် ပြည်နယ်အဆင့် အပစ်ရပ်‌စောင့်ကြည့်‌ရေး ပူးတွဲ‌ကော်မတီ (JMC-S) တို့မှ ကန့်ကွက်ခဲ့မှု‌ကြောင့် ၎င်းရုပ်ထုကို ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်ရုံးတွင် ယာယီ ထားရှိခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် လွတ်လပ်‌ရေးမရမီ ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့ကို တစ်နိုင်ငံလုံး အစိုးရရုံး ပိတ်ရက်( Gazetted Holiday) အဖြစ်အဂင်္လိပ်အစိုးရက သတ်မှတ်‌ပေးခဲ့ပြီး နိုင်ငံအနှံ့သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ‌နေထိုင်ကြ သည့် ကရင်တိုင်းရင်းသားများက သ‌လေးထိုင်ခုတ်ဖိုး(‌ခေါ်) ပြာသိုလဆန်း တစ်ရက်‌နေ့တွင် နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ကြ သည်။