Home သတင်း ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် လူထု‌တွေ့ဆုံပွဲပြုလုပ်

ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် လူထု‌တွေ့ဆုံပွဲပြုလုပ်

2365

ဒီဇင်ဘာ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် အစိုးရတာဝန်ယူသည့် သက်တမ်းတစ်‌လျှောက် ဖားအံမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ပြည်သူ လူထုနှင့်အစိုးရ၊ လွှတ်‌တော်ကိုယ်စားလှယ်များ ‌တွေ့ဆုံပွဲကို ဒီဇင်ဘာ ၉ ရက်‌နေ့က ဖားအံမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃) အ‌ခြေခံပညာအထက်တန်း‌ကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ‌တွေ့ဆုံမှုမှာ မဲဆန္ဒရှင်ပြည်သူများ ‌တွေ့ကြုံခံစား‌နေသည့် အခက်အခဲများ၊ လိုအပ်ချက်ချက်များကို ပြည်နယ် အစိုးရအပါအဝင် လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် သိရှိပြီး ကူညီ‌ဖြေရှင်း‌ပေးနိုင်‌ရေး ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းလည်းဖြစ်‌ကြောင်း ‌တွေ့ဆုံပွဲသို့ တက်‌ရောက်သည့် လွှတ်‌တော်ကိုယ်စားလှယ်များက ‌ပြောဆိုသည်။

ပြည့်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်းသန်းသန်းလွင်က “ ကျမတို့ကို‌ရွေး‌ကောက်ထားတဲ့ပြည်သူ‌တွေရဲ့ လိုအပ် ချက်‌တွေကို ဘယ်‌ထောင့်၊ ဘယ်‌နေရာက‌နေ ဘယ်လိုပံ့ပိုးဖြည့်ဆည်း‌ပေးရမလဲဆိုတဲ့ ‌စေတနာနဲ့အခု လိုလာ ‌ရောက်‌တွေ့ ဆုံတာဖြစ်ပါတယ်။ အခုလို လာ‌ရောက်‌တွေ့ဆုံခိုက်မှာ အစိုးရကို ကိုယ်‌ပြောချင်တာပဲဖြစ်ဖြစ်၊ ကျမတို့ကိုယ် စားလှယ်‌တွေရဲ့ လိုအပ်ချက်‌တွေကို ‌ပြောချင်တာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ‌ပြောကြပါ။ ဒါမှလည်း ကျမတို့ လိုအပ်ချက်‌တွေကို ပြုပြင်လို့ရ တယ်။ ‌နောက်ပြီး အစိုးရ အဖွဲ့‌တွေဆီပြန်ပြီး ညှိနှိုင်း‌ဖြေရှင်း‌ပေးလို့ရမယ်” ဟု ‌တွေ့ဆုံပွဲတွင် ‌ပြောကြားသွားသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်၊ ဗမာတိုင်းရင်းသား‌ရေးရာဝန်းကြီးများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ အပါအဝင် ရပ်ကွက် ‌နေပြည်သူ ၁ဝဝ ဦးခန့် တက်‌ရောက်ခဲ့ပြီး ၎င်းတို့မှ အစိုးရလုပ်‌ဆောင်ချက်များ၊ လွှတ်‌တော် ‌ဆောင် ရွက်ချက်များအား ချပြ ရှင်းလင်းမှုများပြုလုပ်ခဲ့ကြပြီး ရပ်ကွက်‌နေပြည်သူများ သိရှိလိုသည်များကို ပြန်လည် ‌ဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အတူ ရပ်ကွက်‌နေပြည်သူများကြုံ‌တွေ့ခံစား‌နေရသည့် မီးပြတ်သည့်ကိစ္စ၊ ရပ်ကွက်‌ရေ‌မြောင်းတူး‌ဖော်‌ရေးကိစ္စ၊ မီတာခ ‌ကြွေးကျန်ပြဿနာများ၊ ‌ကျောင်းသား‌ဘော်ဒါ‌ဆောင် အခွန်‌ကောက်သည့်ကိစ္စများ၊ ‌အောင်သံလွင်‌ဘောလုံးကွင်းအား အ များပြည်သူ အားကစားပြုလုပ်နိုင်‌ရေးကိစ္စစသည့် ၎င်းတို့‌တွေ့ကြုံ‌နေရသည့် အ‌ခြေအ‌နေများနှင့် လိုလားချက်များကို တင်ပြခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတက်‌ရောက်သူ ဖားအံမြို့၊ အမှတ် ၅ ရပ်ကွက်‌နေပြည်သူတစ်ဦးဖြစ်သည့် ‌စောစိန်‌ထွေးက “ဒီလိုလုပ်‌ပေးတဲ့အ ‌လေ့အထက ‌ဒေသခံ‌တွေအတွက် အရမ်း‌ကောင်းပါတယ်။ ဒီလိုပုံမှန်လုပ်ဖြစ်သွားရင်‌တော့ လွှတ်‌တော်အမတ်‌တွေ ‌မျှော် လင့်တဲ့အ‌နေအထားကို ‌ရောက်လာမှာ‌ပေါ့‌လေ။ သူတို့လည်း တတ်နိုင်သ‌လောက်‌တော့ ပြန်လည်‌ဖြေကြား‌ပေးကြပါတယ်။ ဒီထက်အချိန်ပို‌ပေးနိုင်ရင်‌တော့ ပိုအဆင်‌ပြေပါတယ်” ဟု ‌ပြောသည်။

ထို့အပြင် ယခုပြုလုပ်သည့် အလားတူ‌တွေ့ဆုံပွဲများကို ပုံမှန်ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း တိုင်းရင်းသား‌ရေးရာဝန်ကြီးတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။