Home သတင်း ကရင်ပြည်နယ်၏ ဒုတိယအကြိမ် ဂျပန်နိုင်ငံ‌ကျောက်မီး‌သွေးစက်ရုံ‌လေ့လာ‌ရေးခရီး TTCL ကုမ္ပဏီဦး‌ဆောင်

ကရင်ပြည်နယ်၏ ဒုတိယအကြိမ် ဂျပန်နိုင်ငံ‌ကျောက်မီး‌သွေးစက်ရုံ‌လေ့လာ‌ရေးခရီး TTCL ကုမ္ပဏီဦး‌ဆောင်

2101

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် အ‌ကောင်အထည်‌ဖော်ရန်လျာထားသည့် ‌ကျောက်မီး‌သွေးဓာတ်အား‌ပေး စက်ရုံစီမံကိန်းနှင့် ပတ်သက်သည့် ‌ကောင်းကျိုး၊ဆိုးကျိုးများအား ‌လေ့လာနိုင်ရန်အတွက် TTCL ကုမ္ပဏီဦး‌ဆောင်သည့် အဖွဲ့ဝင် ၁၈ဦးပါ ‌လေ့လာ‌ရေးအဖွဲ့သည် ဒီဇင်ဘာလ ၁ဝရက်(ယ‌နေ့)တွင် ဒုတိယအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်‌ကြောင်း သိရသည်။

လွှတ်‌တော်ကိုယ်စားလှယ်အချို့ အပါအဝင် TTCL ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆရာ‌တော်သံဃာ‌တော်များ၊ ‌ဒေသခံ KNU နှင့် သတင်းသမားများ ပါဝင်သည့် အဆိုပါ‌လေ့လာ‌ရေး ခရီးစဉ်နှင့်ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ‌ပြောခွင့်ရသူ ဗမာတိုင်း ရင်းသား‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ယခုလို ‌ပြောသည်။

၎င်းက “ကုမ္ပဏီက အစိုးရအဖွဲ့ကိုတင်ပြပါတယ်။ ဆန့်ကျင်တဲ့သူ‌တွေ‌ရော၊ ‌လေ့လာချင်တဲ့သူ‌တွေ‌ရောကို ဂျပန်နိုင်ငံက သူတို့ တည်ထားတဲ့ စက်ရုံကို သွား‌ရောက်‌လေ့လာ‌စေချင်တယ်‌ပေါ့။ အဲဒါနဲ့အားလုံးကို ဖိတ်တယ်‌ပေါ့။ အစိုးရအဖွဲ့က‌တော့ မပါဘူး။ အစိုးရအဖွဲ့ဝန်ကြီး‌တွေ လိုက်လို့မရဘူး၊ ခွင့်လည်းခွင့်မပြုပါဘူး။ အခု‌လေ့လာ‌ရေး ခရီးစဉ်မှာ‌တော့ အဖွဲ့ဝင် ၁၈ဦးပါဝင်ပါတယ်” ဟု ‌ပြောသည်။

ယခု ဒုတိယအကြိမ်သွား‌ရောက်သည့် ‌လေ့လာ‌ရေးခရီးစဉ်တွင် စီမံကိန်း‌နေရာဝန်းကျင်‌ကျေးရွာများရှိ ‌ကျောင်းတိုက်များနှင့် ဖားအံမြို့ရှိ ‌ကျောင်းတိုက်တစ်ခုမှ ‌ဒေသခံဆရာ‌တော်များနှင့် ကပ္ပိယအပါအဝင် ၈ဦး၊ သတင်းမီဒီယာ ၃ဦး၊ လွှတ်‌တော်ကိုယ်စား လှယ် ၁ဦး၊ TTCL ကုမ္ပဏီမှ တာဝန်ရှိသူ ၄ဦး၊ KNU- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)မှ ကိုယ်စားလှယ် ၂ဦး စုစု ‌ပေါင်း ၁၈ဦးဖြစ်‌ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့သွား‌ရောက်သည့် ‌လေ့လာ‌ရေးအဖွဲ့ဝင်များအ‌နေဖြင့် ဂျပန်နိုင်ငံတွင် TTCL ကုမ္ပဏီမှ လည်ပတ်‌နေသည့် ‌ကျောက် မီး‌သွေးသုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများအား ‌လေ့လာမည်ဖြစ်ပြီး ခရီးစဉ်အသွားအပြန် ၇ရက် ကြာမြင့်မည်ဖြစ်‌ကြောင်း သိရ သည်။

ယခုအကြိမ် သွား‌ရောက်သည့်‌လေ့လာ‌ရေးခရီးစဉ်တွင် ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး အဓိက ကန့်ကွက်လှုပ်ရှား‌နေသူများ မပါဝင်သဖြင့် ‌ဝေဖန်‌ပြောဆိုမှုများရှိခဲ့သလို ‌လေ့လာ‌ရေးခရီးစဉ်တွင် လိုက်ပါသွားသူများအား ‌ခေါ်ယူရာတွင်လည်း ပွင့်လင်းမြင်သာမှုအားနည်း‌ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)မှ သတင်းထုတ်ပြန်ပြီး ‌ထောက်ပြ‌ပြောဆိုမှုများလည်း ရှိခဲ့သည်။

အဆိုပါကိစ္စအ‌ပေါ် ဦး‌တေဇထွဋ်လှိုင်‌ထွေးက “ဒီခရီးစဉ်ပါသွားသူ‌တွေကို‌တော့ အစိုးရအဖွဲ့ကလည်း မ‌ရွေးဘူး။ ‌အောက်က အုပ် ချုပ်‌ရေးအဖွဲ့အစည်း‌တွေကို ဘယ်သူ‌တွေလိုက်မလဲအ‌ကြောင်းကြားတယ်၊ ကန့်ကွက်‌နေတဲ့ သူ‌တွေ‌ရော ‌နောက်ပြီးဆရာ‌တော် ‌တွေကိုလည်း ‌လျှောက်ပါတယ်။ ဘယ်သူ‌တွေလိုက်မလဲ ဆရာ‌တော်တို့‌ရွေး‌ပေးပါ‌ပေါ့။ ကုမ္ပဏီကိုလည်း အ‌ကြောင်းကြားပါ တယ်။ အခု ‌ကျောက်မီး‌သွေးကိစ္စ အဓိကကန့်ကွက်‌နေသူအချို့က‌တော့ ကြားသိရတာက‌တော့ သူတို့အ‌နေနဲ့ ဒီခရီးစဉ်မှာ လိုက် ပါမသွားဖို့ အစည်းအ‌ဝေးတစ်ခုလုပ်ပြီး ဆုံးဖြတ်ကြတယ်လို့‌တော့ သိရပါတယ်။ အစိုးရအဖွဲ့အ‌နေနဲ့က‌တော့ ပွင့်လင်း‌ပြောရရင် ဒီခရီးစဉ်မှာလိုက်ပါတဲ့သူ‌တွေ လိုအပ်တဲ့ အိမ်‌ထောင်စုစာရင်း‌တွေ၊ ပတ်စ်ပို့‌တွေ လုပ်‌ပေးတာ‌တော့ ရှိတာ‌ပေါ့။ ဒီလူပါရမယ်၊ ဘယ်သူ‌တွေပါရမယ်ဆိုပြီး အစိုးရအဖွဲ့က ‌ရွေး‌ပေးလိုက်တာမျိုး‌တော့ မရှိပါဘူး”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း၊ ပညာရှင်၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ စာ‌ရေးဆရာနှင့် သတင်းမီဒီယာစသည့် ကိုယ်စားလှယ်(၁၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံသို့ ‌ကျောက်မီး‌သွေးသုံးစွမ်းအင်ဆိုင်ရာ ‌လေ့လာ‌ရေးခရီးစဉ်တစ်ခုကို ပြီးခဲ့သည့် ‌မေလအတွင်းက ပထမအကြိမ် သွား‌ရောက်ခဲ့ပြီးဖြစ်သည်။