Home ထိပ်တန်းသတင်း ကရင်ပါတီ ၃ ပါတီပူး‌ပေါင်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)အမည်ဖြင့် မှတ်ပုံတင်မည်

ကရင်ပါတီ ၃ ပါတီပူး‌ပေါင်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)အမည်ဖြင့် မှတ်ပုံတင်မည်

5514

ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်ပါတီ ၃ ပါတီ ပူး‌ပေါင်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(Karen National Democratic Party-KNDP) ဟူ‌သော အမည်သစ်ဖြင့် မှတ်ပုံတင်သွားမည်ဖြစ်‌ကြောင်း ပါတီတာဝန်ရှိ သူများက ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ပါတီများမှာ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ၃ ပါတီ ‌ပေါင်းစည်း‌ရေး ဖြစ်‌ပေါ်လာသည့် အ‌ကြောင်းရင်းများနှင့် လက်ရှိအ‌ခြေအ‌နေများအ‌ပေါ် KSDDP ဒုဥက္ကဌ မန်း‌အောင်တင်မြင့်က ယခုလိုရှင်းပြသည်။

̏ ကရင်ပြည်သူ‌တွေရဲ့ လိုလားချက်အရ ၂၀၁၂ ခုနှစ်ကတည်းက ကရင်ပြည်နယ်ထဲက ပါတီ ၄ ပါတီ‌ပေါင်းမယ်လို့ သ‌ဘော ထားရှိထားပြီးသားပါ။
အခု‌ပေါင်းစည်း‌ရေး‌တော့ ကျလာပြီ။ မှတ်ပုံသွားတင်ရအုံးမယ်။ မှတ်ပုံ တင်ကျလာပြီးမှ KNDP ပါတီဆိုပြီးတရားဝင်ဖြစ်လာမယ်။ ပြည်နယ်ထဲမှာ ၄ ပါတီဆို‌ပေမယ့် အမှန်က ၃ ပါတီပဲ‌ပေါင်း‌သေးတာပါ” ဟုဆိုသည်။

မြန်မာနိုင်ငံ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ဒီဇင်ဘာ ၂၅ ရက်‌နေ့တွင် ကရင်ပါတီများ ‌ပေါင်းစည်း‌ရေးအတွက် ခွင့်ပြုစာ ‌ရောက်ရှိခဲ့ပြီး‌နောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ‌နေပြည်‌တော်သို့ ပါတီ မှတ်ပုံတင်‌ရေးအတွက် သွား‌ရောက်မည်ဖြစ်‌ကြောင်းလည်း မန်း‌အောင်တင်မြင့်က ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်းအ‌ခြေစိုက်သည့် ကရင်ပါတီ ၄ ပါတီရှိသည့်အနက် ၃ ပါတီသာ‌ပေါင်းစည်းနိုင်‌သေးပြီး ကျန်ရှိသည့် ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် လတ်တ‌လောပါတီသစ်တွင် ပူး‌ပေါင်းနိုင်မည့် အ‌ခြေအ‌နေ မရှိ‌သေး‌သော်လည်း ပါဝင်ကူညီသွားရန်ရှိ‌ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦး၏ ထုတ်‌ဖော်‌ပြောဆိုချက် အရ သိရသည်။

ပါတီသစ်တစ်ခုဖြစ်လာမည့် KNDP မှတ်ပုံတင် ရရှိပြီးပါက KDP၊ KSDDP၊ စည်းလုံးညီညွတ်‌သော ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ နှင့် PSDP (၄) ပါတီမှ လူ ၈ ဦးစီ ‌ရွေးပြီး ၃၂ ဦးကို KNDP ၏ ဗဟို‌ကော်မတီ (EC)ပြန်ဖွဲ့ မည်ဖြစ်‌ကြောင်းနှင့် ထိုအထဲမှ ၁၅ ဦးအား ဆန်ခါတင်ပြန်‌ရွေးမည်ဟု ကရင်ပါတီ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

PSDP၏ ဒုဥက္ကဌဖြစ်သူ မန်း‌အောင်ပြည်စိုးက ̏ ဖလုံ-စ‌ဝေါ် ပါတီ(PSDP) က‌တော့ မပျက်ဘူး။ ဆက်ရှိ‌နေမယ်။ ဒါ‌ပေမယ့် (KNDPကို) သွားချင်တဲ့လူ သွားလို့ရတယ်။ ကရင်တစ်ပါတီတည်း မ‌ပေါင်းစည်းဖြစ်‌သေးတာက မူဝါဒပိုင်းနဲ့ နယ်‌မြေအ‌နေအထား အခက်အခဲ‌တွေ‌ကြောင့်ပါ။ ဒါ‌ပေမယ့် ‌ပေါင်း စည်းဖို့က သိပ်မကြာ‌တော့ပါဘူး↔ဟု‌ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက် ၄ ပါတီ ဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ကရင်ဒီမို ကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) စည်းလုံးညီညွတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အပြင် ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ဧရာဝတီတွင် ကရင် အမျိုးသားပါတီ (KNP) စသည့် ကရင်နိုင်ငံ‌ရေးပါတီစုုစု‌ပေါင်း ၆ ပါတီရှိသည်။

ကရင်ပြည်သူ့ပါတီ (KPP) အတွင်း‌ရေးမှူး ‌စော‌စေးဝါးကလည်း ̏ ကရင်ပြည်နယ်မှာ ၄ ပါတီ အကုန် ‌ပေါင်းရင်‌တော့ အ‌ကောင်းဆုံးပဲ‌ပေါ့ ‌နော့။ ဘာလို့ဆို‌တော့ ပါတီများ‌တော့ ကရင်ပြည်သူလူထုက ကွဲပြဲပြီး ဘယ်သူ့ကို မဲ‌ပေးရမလဲ ခက်တာ‌ပေါ့။ ရှုပ်တာ‌ပေါ့။ ကရင်ပါတီ ၆ ပါတီလုံး‌ပေါင်းစည်းဖို့ကလည်း ‌လော‌လောဆယ် မဖြစ်နိုင်‌သေးပါဘူးဗျာ။ ပူး‌ပေါင်း‌ဆောင်ရွက်တဲ့ အဆင့်‌လောက်ပဲရမှာပါ”ဟု ‌ပြောသည်။

ပါတီတစ်ခုတည်း‌ပေါင်းစည်း‌ရေး၊ ‌နောက်ဆုံး မ‌ပေါင်းစည်းနိုင်သည့်တိုင် ‌ရွေ‌ကောက်ပွဲ မဲဆန္ဒနယ်များတွင် ကရင်ပါတီများ မထပ်‌ရေးတို့အတွက် အားလုံး‌တွေ့ဆုံပြီး မကြာခဏညှိနှိုင်းကာ အ‌ကျေအလည်‌ဆွေး‌နွေးရ မည်ဖြစ်‌ကြောင်းလည်း ကရင်ပါတီများ၏ ‌ခေါင်း‌ဆောင်များက မှတ်ချက်ပြုကြသည်။

ကရင်နိုင်ငံ‌ရေးပါတီများ တစ်စုတစ်စည်းတည်းဖြစ်‌ပေါ်ပြီး ပါတီတစ်ခုတည်း ဖြစ်‌ပေါ်ရန် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲအပြီး နိုဝင်ဘာ ‌နောက်ဆုံးအပတ်တွင် ပူး‌ပေါင်း‌ရေးအတွက်မူအားဖြင့် သ‌ဘောတူခဲ့ကြပြီး ‌နောက် ကရင်ပါတီ အချင်းချင်း ‌တွေ့ဆုံညှိနှိုင်းမှုများ မကြာခဏ ပြုလုပ်လာခဲ့သည်မှာ ယ‌နေ့တိုင်ဖြစ်သည်။