Home သတင်း ကန့်ကွက်ခံရသည့် ‌စောဘဦးကြီးရုပ်ထုကို ‌ကေအဲန်ယူမြို့နယ်ရုံးတွင် ယာယီထားရှိပြီး စိုက်ထူခွင့်ရရန် ဆက်ကြိုးစားမည်

ကန့်ကွက်ခံရသည့် ‌စောဘဦးကြီးရုပ်ထုကို ‌ကေအဲန်ယူမြို့နယ်ရုံးတွင် ယာယီထားရှိပြီး စိုက်ထူခွင့်ရရန် ဆက်ကြိုးစားမည်

2328

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ဘုရားသုံးဆူ၊ ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ အကြိမ် ၈၀‌မြောက် ကရင်နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုစိုက်ထူရန် ကနဦးစီစဉ်ထားသည့် အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးရုပ်ထုကို တပ်ဖက်နှင့် ပြည်နယ်အပစ်ရပ် ‌စောင့်ကြည့်‌ရေး ပူးတွဲ‌ကော်မတီ JMC-S တို့က ကန့်ကွက်သည့်အတွက် ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ရုံး၌ ယာယီ ထားရှိမည်ဟု အဆိုပါ နှစ်သစ်ကူး‌နေ့ကျင်းပ‌ရေး‌ကော်မတီက ဆုံးဖြတ်လိုက်သည်။

ဒီဇင်ဘာ ၁ရက်‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ‌ထော့မဲပါဓမ္မဗိမာန်၌် ကျင်းပခဲ့သည့် ဝင်း‌ရေးမြို့နယ်လုံး ဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့ ကျင်းပ‌ရေး‌ကော်မတီ အစည်းအ‌ဝေးတွင် ‌စောဘဦးကြီးရုပ်ထုကို ယခင် စီစဉ်ထား‌သော်လည်း နှစ် သစ်ကူးကျင်းပမည့်‌နေရာ၌ စိုက်ထူရန် ကန့်ကွက်ခံရသည့်အတွက် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ထိုကိစ္စကို ‌ကေအဲန်ယူ (ဗဟို)နှင့် ပြည်နယ်အပစ်ရပ် ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီတို့ထံ တင်ပြပြီး စိုက်ထူခွင့်ရ‌ရေးအတွက် ဆက်လက် ကြိုးပမ်းသွား မည်ဟု ‌ကော်မတီ ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌ပြောသည်။

ပဒို‌စော‌မောင်‌ရွှေက “ကျ‌နော်တို့ ရည်ရွယ်ထားမယ့်‌နေရာမှာ ‌လော‌လောဆယ် မစိုက်ထူ‌သေးဘူး။ KNU ဒူးပလာယာခရိုင်မှာ ‌ရော၊ ဗဟိုမှာ‌ရော တင်ပြမယ်။ JMC ကိုလည်း ပြန်လည်တင်ပြမယ်။ ရပ်တန့်လို့‌တော မရဘူး။ ဆက်လက် ကြိုးစားသွားမယ်”ဟု အဆိုပါနှစ်သစ်ကူး ကျင်းပ‌ရေး‌ကော်မတီ အစည်းအ‌ဝေးတွင် ‌ပြောသည်။

ယင်းသို့ ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ရုံးတွင် ပထမအဆင့် ယာယီ ထားရှိသွားမည့် ‌စောဘဦးကြီးရုပ်ထုကို စိုက်ထူခွင့်ရလာသည့် အထိ ဆက်ကြိုးစားမည်ဖြစ်‌ကြောင်းနှင့် ယခုလို ဖြစ်ရပ်ကို ‌နောင်မျိုးဆက်သစ်လူငယ်များလည်း သိရှိနိုင်‌အောင် သမိုင်းမှတ် တမ်းအဖြစ် ‌ရေးသားပြုစုသွားမည်ဟုလည်း ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ‌စော‌မောင်‌ရွှေက ဆက်‌ပြောသည်။

‌စောဘဦးကြီး ရုပ်ထုဂုဏ်ပြု စိုက်ထူးနိုင်ရန် ကျင်းပ‌ရေး‌ကော်မတီအ‌နေဖြင့် ‌ကေအဲယူ (ဗဟို)၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် အပစ်ရပ် ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီတို့ထံ တင်ပြခဲ့‌သော်လည်း အစိုးရအ‌နေဖြင့် လွတ်လပ်‌ရေး ရရှိ‌အောင် ‌ဆောင်ရွက်ခဲ့ သည့် နိုင်ငံ့‌ခေါင်း‌ဆောင်များနှင့် ပြည်‌ထောင်စု တိုင်းရင်းသားအားလုံး ကိုယ်စားပြုသည့် အာဇာနည်ပုဂ္ဂိုလ်များ၏ ရုပ်ထုများကို သာ ခွင့်ပြုချက်ဖြင့် စိုက်ထူ‌စေခဲ့ခြင်းဖြစ်သည်ဟု စာဖြင့် အ‌ကြောင်းပြန်ခဲ့သည်။

ထို့အပြင် စာထဲတွင် ‌ကေအဲန်ယူအ‌နေဖြင့် ‌စောဘဦးကြီးရုပ်ထုကို ထားရှိလိုပါက ‌လေးဝါးစခန်းတွင်သာ ထားရှိနိုင်ပြီး ကျန်‌နေရာ များတွင် အစိုးရနှင့် တပ်မ‌တော်တို့မှ စိုက်ထူခွင့်မပြု‌ကြောင်း၊ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည့်အတွက် ဥပ‌ဒေနှင့် မညီသည့်လုပ်ရပ်များကို လုပ်‌ဆောင်ခြင်းမပြုရန် နိုဝင်ဘာ ၂၆ရက် ‌နေ့စွဲဖြင့် ကျင်းပ‌ရေး‌ကော်မတီထံသို့ ကရင်ပြည်နယ်အဆင့် အပစ်ရပ် ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S)၏ ပြန်ကြားသည့် စာတွင် ‌ဖော်ပြပါရှိသည်။

JMC-S ၏ အစိုးရဘက်မှ အရပ်သားကိုယ်စားလှယ် နန်းမြင့်တင်က “ကရင်‌ခေါင်း‌ဆောင်‌တော့ ဟုတ်ပါတယ်။ တစ်နိုင်ငံလုံး ‌ခေါင်း‌ဆောင် မဟုတ်ဘူးဆို‌တော့ ဒီကြားကာလမှာ ခဏ‌နေအုံးလို့‌တော့ ‌ပြောတယ်။ ‌စောဘဦးကြီးက ဝန်ကြီး ဖြစ်ခဲ့ဖူးတယ်။ လူကြီး‌တွေ အမြင်ရှင်း‌အောင် အ‌တော် ပြန်‌ပြောယူရမယ်။ ရုပ်ထုနဲ့ပတ်သက်ပြီး NCA မှာ‌ရော၊ JMC စည်းမျဉ်းထဲမှာ‌တော့ မပါ ပါဘူး။ NCA ထိုးထားတာ တန်းတူညီတူ ‌ပြောနိုင်ခွင့်ရှိတဲ့အ‌ပေါ် ကိုင်စွဲပြီး ‌ပြောရမှာ‌ပေါ့။ ‌ပေးဖြစ်‌စေချင်တယ်။ ဒီမိုက‌ရေစီဖယ် ဒရယ် အမြန်ရမှပဲ ‌အောင်မြင်စွာ လုပ်နိုင်မယ်”ဟု ‌ကေအိုင်စီသို့ ဒီဇင်ဘာလ ၂ရက်‌နေ့က ‌ပြောသည်။

‌ကော်မတီ အစည်းအ‌ဝေးတက်‌ရောက်လာသည့် ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်၊ ‌ကျောက်တန်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌သော ‌စေးက နှစ်သစ်ကူး‌နေ့တွင် ‌စောဘဦးကြီးရုပ်ထုကို ဂုဏ်ပြုစိုက်ထူရန် ကရင်ပြည်သူများ ဆန္ဒရှိ‌သော်လည်း လက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေကို ပြန်ကြည့်ရန်လိုပြီး လတ်တ‌လော ဆိုင်းငံ့ထားသည့် သ‌ဘောထားရှိကာ သူတစ်ပါး၏ အမှားကို မိမိအမှား မဖြစ် ‌အောင် ဂရုပြုသင့်သည်ဟု ဆိုသည်။

‌စောဘဦးကြီးသည် အဂင်္လန်တွင် ဥပ‌ဒေပညာ သင်ကြားခဲ့ပြီး အဂင်္လန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ဥပ‌ဒေပညာရှင်ဖြစ်ကာ လွတ် လပ်‌ရေးမရမှီ ၁၉၄၅ခုနှစ်၊ ဩဂုတ်လ ၁၉ရက်‌နေ့၊ ‌နေသူရိန်လူထု အစည်းအ‌ဝေးတွင် ပြန်လည်ဖွဲ့စည်းသည့် ဖဆပလ ဗဟိုဦးစီး အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၄၆ခုနှစ် ဖဆပလ ကိုယ်စားလှယ်များနှင့် ဆာဟူးဘတ်ရန့်စ် ဦး‌ဆောင်သည့်အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦး ဖြစ်ခဲ့သည်။

၁၉၄၇ ‌ကေအဲန်ယူ အ‌ရေး‌ပေါ်ညီလာခံတွင် ‌စောဘဦးကြီးကို ဥက္ကဌအဖြစ် ‌ရွေးချယ်ခဲ့ပြီး ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်‌နေ့တွင် စတင်သည့် ကရင့်‌တော်လှန်‌ရေးကို ဦး‌ဆောင်ခဲ့ကာ ၁၉၅ဝခုနှစ်၊ ဩဂုတ် ၁၂ရက်‌နေ့တွင် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး ‌ကျေးရွာ၌ ကရင့်‌တော်လှန်‌ရေးအတွက် အသက်စွန့်ခဲ့သဖြင့် သူ့ကို ကရင့်အမျိုးသားအာဇာနည်အဖြစ် သတ်မှတ်ခဲ့ကြသည်။