Home ထိပ်တန်းသတင်း NCA ထိုးပြီး‌နောက်ပိုင်း လူ့အခွင့်အ‌ရေးလုပ်ငန်းကို ပိုလုပ်‌ဆောင်လာနိုင်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ ‌ပြော

NCA ထိုးပြီး‌နောက်ပိုင်း လူ့အခွင့်အ‌ရေးလုပ်ငန်းကို ပိုလုပ်‌ဆောင်လာနိုင်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ ‌ပြော

3679

နိုဝင်ဘာ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများအား ‌ဖော်ထုတ်မှတ်တမ်းတင်သည့် လုပ်ငန်းကို တစိုက်မတ်မတ်လုပ်‌ဆောင်‌နေသည့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ အ‌နေဖြင့် NCA လက်မှတ်‌ရေး ထိုးပြီး‌နောက်ပိုင်း လုပ်ငန်းပိုမိုလုပ်‌ဆောင်လာနိုင်‌ကြောင်း ‌ပြောဆိုသည်။

KNU ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်အတွင်းရှိ နယ်‌မြေတစ်‌နေရာတွင် ‌အောက်တိုဘာလ ၃၁ ရက် ‌နေ့က ကျင်းပပြုလုပ်ခဲ့သည့် KHRG ၏ ၂၅ နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အခမ်းအနားအပြီးတွင် KHRG ၏ Program Director ‌နော်ထူးထူးက ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ကျမတို့ KHRG ဖြတ်သန်းလာရတဲ့ ၂၅ နှစ်အတွင်းမှာ လူ့အခွင့်အ‌ရေးချိုး‌ဖောက်တဲ့ သူ‌တွေကိုယ်တိုင် က စာပို့ပြီးခြိမ်း‌ခြောက်တာ၊ ဟိုဟာမ‌ရေးနဲ့ဒီဟာမ‌ရေးနဲ့ မသွားနဲ့စတဲ့ တားဆီးပိတ်ပင်ခံရတာ ‌တွေအများကြီး ကြုံ‌တွေ့ခဲ့ရ တယ်။ အခု‌နောက်ပိုင်း ခြိမ်း‌ခြောက်ခံရတာ‌တွေမရှိ‌တော့ဘူး။ လုပ်ငန်းလုပ် ‌ဆောင်ရာမှာ ကျမတို့ ဝန် ထမ်း‌တွေ လွတ်လွတ်လပ်လပ် နဲ့သွားလာနိုင်တယ်။ လုပ်ငန်းပိုလုပ်လာနိုင်တယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် နှစ်ပတ်လည်‌နေ့ အခမ်းအနားတွင် ပြည်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နယ်စပ်နှင့် ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ ‌ကျေးရွာလူထုများအပါအဝင် လူဦး‌ရေ ၅၀ဝ ခန့် တက်‌ရောက်ခဲ့ကြပြီး လူ့အခွင့်အ ‌ရေးဆိုင်ရာ အသိပညာ‌ပေးမှုများနှင့်ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ အ‌မေးအ‌ဖြေကဏ္ဍ စသည့် အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။

KHRG အ‌နေဖြင့် မြန်မာအစိုးရ တပ်မ‌တော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့တို့ ကရင်ပြည် နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်‌ရေးပဋိပက္ခများမှစတင်ကာ ယခုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် ကာလအတွင်း ဖြစ်ပွားသည့် လူအခွင့်အ‌ရေးချိုး‌ဖောက်မှုကိစ္စရပ်များကို အများပြည်သူနှင့်နိုင်ငံတကာ သိ‌အောင် ‌ဖော်ထုတ်‌နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ယခင်က ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်ပြီး စစ်မက်ဖြစ်ပွားရာ‌ဒေသတွင်း လူအခွင့်အ‌ရေး ချိုး‌ဖောက် မှုများကို မှတ်တမ်းတင်ခြင်း များပြုလုပ်ရာတွင် နယ်စပ် ကရင်လူမှုအဖွဲ့အစည်းများနှင့်ပူး‌ပေါင်းလုပ်‌ဆောင် မှုများ ရှိခဲ့ရာမှ ယခု‌နောက်ပိုင်း ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ လူအခွင့်အ‌ရေးဆိုင်ရာ လှုပ်ရှားသည့် အဖွဲ့များ နှင့်ပါ ပူး‌ပေါင်းလုပ်‌ဆောင်လာနိုင်ခဲ့သည်။

ကရင်အမျိုသမီးအစည်းအရုံး-KWO (ဗဟို) မှ လူမှု‌ရေးတာဝန်ခံ‌နော်ဒါးမူက “ ကျမတို့အ‌နေနဲ့ သတင်းအချက် အလက် ဖလှယ်တာမျိုး၊ ကျား၊ မ တန်းတူအခွင့်အ‌ရေး၊ က‌လေးသူငယ်အခွင့်အ‌ရေး‌တွေအတွက် အသိပညာ‌ပေးတာမျိုးကို KHRG နဲ့ပူး‌ပေါင်း လုပ်‌ဆောင်တာမျိုးရှိပါတယ်။ ကျမတို့ ကရင်လူမှုအဖွဲ့အစည်း‌တွေထဲမှာ လူ့အခွင့်အ‌ရေးဆိုင်ရာ‌တွေ ပိုသိလာဖို့၊ ရရှိလာဖို့၊ အခွင့်အ‌ရေးချိုး‌ဖောက်ခံရတာ‌တွေ ပ‌ပျောက်သွားဖို့ KHRG နဲ့လက်တွဲလုပ်‌ဆောင်သွားမှာဖြစ်တယ်” ဟု‌ပြော သည်။

KHRG ကို ၁၉၉၂ ခုနှစ်က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယင်းအဖွဲ့၏ ‌ပြောဆိုချက်အရ ယခုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေစဉ်ကာလ စစ်မက်ဖြစ်ပွားခြင်းမရှိ‌တော့‌သော်လည်း ‌ဒေသခံများ၏ အဓမ္မ‌မြေယာ သိမ်းဆည်းခံရမှုနှင့် အသက်အန္တရာယ် ခြိမ်း‌ခြောက်ခံရမှု စသည့်လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများရှိ ‌နေ‌သေး‌ကြောင်းလည်း သိရသည်။