Home သတင်း နိုင်ငံ‌ရေး သင်တန်း ‌အောင်မြင်ပြီးစီးသွားသည့် လူငယ်များ ဆင့်ပွားသင်တန်း ၄ ‌နေရာ ပြန်လုပ်မည်

နိုင်ငံ‌ရေး သင်တန်း ‌အောင်မြင်ပြီးစီးသွားသည့် လူငယ်များ ဆင့်ပွားသင်တန်း ၄ ‌နေရာ ပြန်လုပ်မည်

2637

နိုဝင်ဘာ ၆ ရက်၊ ၂ဝ၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန(DOI)က ဦး‌ဆောင်ပြီး ‌အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၃ရက်အထိ ဖွင့်လှစ်သည့် ကရင်လူငယ်နိုင်ငံ‌ရေး သင်တန်းတွင် ‌အောင်မြင်ပြီး ဆုံးသွား‌သော လူငယ်များအ‌နေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီးရှိ ‌နေရာ ၄ ‌နေရာတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချ‌ပေးမည်ဟု သိရသည်။

‌ကေအဲန်ယူ၏ ခရိုင်အသီးသီးမှ လူငယ်များနှင့် တိုင်း‌ဒေသကြီးများမှ သင်တန်းသူ၊ သင်တန်းသား စုစု‌ပေါင်း ၃၃ ဦးတက်‌ရောက်သည့် အ‌ခြေခံ နိုင်ငံ‌ရေးသင်တန်းကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ (၇)ဌာနချုပ်၌ တစ်လ‌ကျော်ကြာ သင်ကြားပို့ချကာ နိုဝင်ဘာ ၃ ရက်‌နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး‌နောက် ယခုလို တာဝန်‌ပေးလိုက်ခြင်းဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး (KYO) ဥက္ကဌ ‌စောလယ်နယ်က ‌ပြောသည်။

၎င်းက “ဒီသင်တန်းက‌နေပြီး‌တော့ရလာတဲ့ ကရင့်အမျိုးသား‌တော်လှန်‌ရေး လှုပ်ရှားမှုသမိုင်း‌တွေ၊ ‌ကေအဲန်ယူရဲ့ အ‌ခြေခံမူလမ်းစဉ်‌တွေ၊ ပြီး‌တော့ စည်းမျဉ်းစည်းကမ်းဥပ‌ဒေ‌တွေ၊ လူငယ်‌တွေသိသင့်သိထိုက်တဲ့ ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်‌လေး ‌တွေပါဝင်မှာဖြစ်ပါတယ်။ ‌နောက်ပြီး လက်ရှိလုပ်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်‌တွေ ပါဝင်သွားမယ်။ ‌ခေါင်းစဉ် ၄ ခုကို အ‌ခြေခံပြီး‌တော့ ကျ‌နော်တို့ သင်တန်း‌ပေးသွားမှာဖြစ်ပါတယ်။ ”ဟု ‌ပြောသည်။

ယခု သင်တန်းတွင် ‌အောင်မြင်ပြီးဆုံးသွား‌သော သင်တန်းသူ၊ သင်တန်းသားများအ‌နေဖြင့် ‌ရှေ့ဆက်လုပ် ‌ဆောင်ရမည် လုပ်ငန်းများများစွာ ရှိ‌နေ‌သေးသလို ယင်းဆင့်ပွားသင်တန်းများ ‌ကောင်းမွန်စွာ ပြန်လည် သင်ကြားပို့ချ‌ပေးနိုင်ရန် နိုင်ငံ‌ရေးနှင့်ပတ်သက်‌သော စာ‌ပေများကို များစွာ ဖတ်ရှု‌လေ့လာရန် လိုအပ်‌ကြောင်း ‌ကေအဲန်ယူ၏ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ပြောသည်။

အဆိုပါ သင်တန်းတွင် ‌ကေအဲန်ယူ၏ အ‌ခြေခံ မူဝါဒဆိုင်ရာ၊ ၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်မှ ချမှတ်ထားသည့် ‌ရှေ့လုပ်ငန်းစဉ်၊ ကရင့်အမျိုးသား‌တော်လှန်‌ရေးသမိုင်း၊ ဖက်ဒရယ်‌ရေးရာ၊ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များကို ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များမှ တစ်လကြာ သင်ကြားပို့ချခဲ့သည်ဟု သိရသည်။

ဒူးပလာယာခရိုင်မှ သင်တန်းသူ ‌နော်‌အေလယ်ဒယ့်က“ ပြည်သူ‌တွေ နိုင်ငံ‌ရေးနဲ့ပတ်သက်ပြီး ပိုပြီးသိရှိနားလည်လာဖို့ ပြန်လည်လုပ်‌ဆောင်‌ပေးရမှာက ကျမတို့မှာ တာဝန်ရှိတယ်‌ပေါ့‌နော်။ ကျမတို့ ကရင်ပြည်သူအများစုက အမြဲတမ်း ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရတဲ့အတွက် ဒီနိုင်ငံ‌ရေးနဲ့ပတ်သက်ပြီး သိပ်မနီးစပ်ဘူး‌ပေါ့‌နော်။ အဲဒါ‌ကြောင့် အခု ကျမတို့‌ခေါင်း‌ဆောင်‌တွေ ကြိုးစားမှုအရ ကျမတို့သွားပြီး ပြည်သူ‌တွေကို အသိပညာ‌တွေ‌ပေးဖို့။ သင်တန်း‌ပေးဖို့ဖြစ်လာတာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

၁၆ ကြိ်မ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက် ဆုံးဖြတ်ထားချက်အရ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်လူငယ် ကွန်ရက် (KYN)တို့ ပူး‌ပေါင်းပြီး ‌ကေအဲန်ယူ၏ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်ထားဝယ်၊ ဖာပွန်(မူ‌တြော်) ၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ ခုမှ ကရင်လူငယ်များနှင့် ပဲခူး၊ ရန်ကုန် ၊ ဧရာဝတီ၊ တနသင်္ာရီစသည့် တိုင်း‌ဒေသကြီးများမှ ကရင်လူငယ်များအား ပထမဆုံးအကြိမ် အ‌ခြေခံ နိုင်ငံ‌ရေးသင်တန်းကို ဖွင့်လှစ်‌ပေးခြင်းဖြစ်သည်။

ထို‌နေ့ ပြုလုုပ်သည့် သင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်း ၊ ‌ကေအဲန်ယူ ပြန်ကြား‌ရေးနှင့် စည်းရုံးဌာန အတွင်း‌ရေးမှူး ပဒို ‌စောလစ္စတန်၊ ‌ကေအဲန်ယူ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့် တပ်ဘက်ဆိုင်ရာ တပ်မှူး တပ်သားများ၊ ကရင်လူငယ်အစည်းအရုံး (KYO) မှ တာဝန်ရှိသူများနှင့် သင်တန်းသူ/သင်တန်းသားအပါအဝင် စုစု‌ပေါင်း ၅ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။