Home သတင်း မြို့နယ်အလိုက် နှစ်သစ်ကူးပွဲ‌တော်များအတွက် မွန်ပြည်နယ်အစိုးရ ကျပ် ၄၉၅သိန်းသုံးစွဲမည်

မြို့နယ်အလိုက် နှစ်သစ်ကူးပွဲ‌တော်များအတွက် မွန်ပြည်နယ်အစိုးရ ကျပ် ၄၉၅သိန်းသုံးစွဲမည်

2031

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်တွင် ကျင်းပသွားမည့် ၂၇၅၇ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ ‌တော်အခမ်းအနားများအတွက် မွန်ပြည်နယ် အစိုးရက ကျပ် ၄၉၅ သိန်း သုံးစွဲသွားမည်ဟု မွန်ပြည်နယ်၊ ကရင် လူမျိုးတိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ နိုဝင်ဘာ ၂၂ ရက်‌နေ့တွင် ‌ပြောသည်။

မွန်ပြည်နယ် ၁ဝ မြို့နယ်တွင် မြို့နယ်အဆင့် ကျင်းပသည့် နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားများကို တစ်မြို့နယ်လျှင် ကျပ် ၄ဝ သိန်းစီ ‌ထောက်ပံ့ သွားမည်ဖြစ်ပြီး အစဉ်အလာအရ နှစ်သစ်ကူးပွဲ‌တော်ကျင်းပသည့် ရွာများ၊ မြို့ ပြနှင့် အလှမ်း‌ဝေးသည့် ‌ကျေးရွာများတွင် ကျင်းပသည့် နှစ်သစ်ကူးပွဲ‌တော်အခမ်းအနားများ စုစု‌ပေါင်း ၁၉ ရွာ အတွက် တစ်‌နေရာလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ကျပ် ၉၅ သိန်းပံ့ပိုးသွားမည်ဖြစ်ပြီး စုစု‌ပေါင်း ၄၉၅ သိန်း ပံ့ပိုး ‌ပေးမည်ဟု ဝန်ကြီးက ‌ပြောသည်။

“မနှစ်တုံးက အစိုးရတက်ခါစဆို‌တော့ နှစ်သစ်ကူးပွဲအတွက် ဘတ်ဂျက်လျာထားတာလည်း မရှိဘူး။ ပြည်နယ် အစိုးရရဲ့ သာမန်အသုံးစရိတ် လက်ကျန်‌ငွေထဲက‌နေ ကျပ် ၁၅ဝ သိန်းထုတ်‌ပေးတယ်။ ဒီနှစ်‌တော့ ပြည်နယ် သာမန်အသုံးစရိတ်၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန အသုံးစရိတ်‌တွေထဲက‌နေပြီး‌တော့ ဘတ်ဂျက်‌ရေးဆွဲ ထားပြီး သားဆို‌တော့ အဲ့ထဲက ထုတ်သုံးတာပါ” ဟု ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ပြောသည်။

၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော် မြို့နယ်အဆင့် ကျင်းပနိုင်‌ရေးအတွက် မြို့နယ်အသီးသီးရှိ ကရင်စာ‌ပေနှင့်ယဉ်‌ကျေး မှု‌ကော်မတီတို့က ဦး‌ဆောင်ကာ နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်သလို ‌ကော်မတီအလိုက် လုပ် ငန်းစီမံချက်များကိုလည်း ကရင်‌ရေးရာဝန်ကြီးထံ တင်ပြထားပြီးဖြစ်သည်ဟု မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ အတွင်း‌ရေးမှူး ‌စောဆန်းဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ကျ‌နော်တို့‌ပေါင်မှာဆို မြို့နယ်အဆင့် နှစ်သစ်ကူးပွဲကို မီးကျိရွာမှာ ကျင်းပမယ်။ အားကစားပွဲ၊ ‌ဖျော်‌ဖြေ‌ရေးကဏ္ဍ ‌တွေပါတယ်။ အသုံးစရိတ်အားလုံးဆို တပွဲကို သိန်း ၇၀၊ ၈ဝ ထက်‌အောက်မကျဘူး တကယ်ကျ‌တော့။ သိန်း ၄ဝ နဲ့‌တော့မ ‌လောက်ဘူး။ မြို့နယ်အလိုက်လုပ်‌နေကြဆို‌တော့ ကရင်လူထုရဲ့ အလှူ‌ငွေ ထည့်ဝင်မှု‌တွေနဲ့ လုပ်တာဘဲ။ အစိုးရအဖွဲ့‌ပေးနိုင် ‌လောက်မယ်ထင်သ‌လောက်ပဲ တင်‌တောင်းတယ်။ ဟိုတုန်းက မရခဲ့တာနဲ ့စာရင်သက်သာသွားတာ‌ပေါ့” ဟု ‌ပေါင်မြို့နယ် လုံးဆိုင်ရာနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ‌ကော်မတီဝင် တစ်ဦးဖြစ်သူ ‌စောဆန်းဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မွန်ပြည်နယ် အစိုးရအ‌နေဖြင့် ၂၇၅၆ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်အတွက် ကျပ်သိန်း ၁၅ဝ ပံ့ပိုး‌ပေးခဲ့ဖူးသလို ပြည်နယ် အဆင့် စာယဉ်သင်တန်းဆင်းပွဲ၊ တက္ကသိုလ် စာယဉ်များအတွက် တူရိယာ ပစ္စည်းများ ပံ့ပိုးမှုများကို ပြုလုပ်ထားသည်ဟု ပြည်နယ် အစိုးရထံမှ သိရသည်။