Home သတင်း ၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်‌လှေ‌လှော်ပြိုင်ပွဲ စတင်ကျင်းပ

၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်‌လှေ‌လှော်ပြိုင်ပွဲ စတင်ကျင်းပ

2660

နိုဝင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ‌ရှေ့ရှိ ကန်သာယာတွင် ယ‌နေ့ (နိုဝင်ဘာလ ၅ ရက်)မှ စတင်ကာ ၆ ရက် ‌နေ့အထိ ၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ရိုးရာ‌လှေ‌လှော်ပြိုင်ပွဲ စတင်ကျင်းပ‌နေပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် ၆၁ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အစိုးရမှဦးစီးကာ အဆိုပါရိုးရာ ‌လှေ‌လှော်ပြိုင်ပွဲကို စတင်ကျင်းပခဲ့ခြင်းပြီး ယခုဒုတိယအကြိမ်‌မြောက် ထပ်မံကျင်းပ‌ပေးခဲ့ခြင်း ဖြစ်သည်။

ယ‌နေ့စတင်ဖွင့်လှစ်သည့် ပြည်နယ်‌နေ့အထိမ်းအမှတ် ‌လှေ‌လှော်ပြိုင်ပွဲအခမ်းအနားသို့် ကရင်ပြည်နယ်ဝန်ကြီး ချုပ် နန်းခင်‌ထွေးမြင့် ကိုယ်တိုင် တက်‌ရောက်ခဲ့ပြီး တိုင်းရင်းသား‌ရေးရာဝန်ကြီးများ၊ အားကစားနှင့်အခြား ဌာန ဆိုင်ရာ ဝန်ထမ်းများတက်‌ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်ရိုးရာ ‌လှေ‌လှော်ပြိုင်ပွဲအတွက် အမျိုးသား ၅ တက်‌လှေပြိုင်ပွဲတွင် ၂၅ သင်း၊ အမျိုးသား ၃ တက်‌လှော်တွင် ၂၂ သင်းနှင့် အမျိုးသမီး ၅ တက်‌လှော် ၄ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

ပြိုင်ပွဲဝင်ရိုးရာ‌လှေ‌လှော်အသင်းများကို ယ‌နေ့ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်‌နေ့များတွင် အပြီး သတ်ယှဉ်ပြိုင် ‌စေမည်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်‌နေ့၊ ပြည်နယ်‌နေ့တွင် ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ပြီးမှ ဆုချီးမြှင့်မည်ဖြစ်သည်ဟု သိရသည်။

ဗိုလ်လုပွဲတက်‌ရောက်ပြီး ပ၊ ဒု၊ တ ရရှိသည့် ‌လှေ‌လှော်အသင်းများကို (၅) တက်‌လှော် ပထမဆု ကျပ် ၃ သိန်း၊ ဒုတိယ ၂ သိန်း၊ တတိယ ၁ သိန်း၊ (၃)တက်‌လှော် ပထမ ၂ သိန်း၊ ဒုတိယ ၁ သိန်းခွဲ၊ တတိယ ၇ ‌သောင်းခွဲ အသီးသီးချီးမြှင့်‌ပေးအပ်သွားမည်ဟု သိရသည်။