Home သတင်း ‌ကေအဲန်ယူ၏ ‌တော‌နော်သင်ကြား‌ရေး‌ဆေးရုံတွင် သင်ကြား‌ရေးစင်တာတစ်ခု ဖွင့်လှစ်

‌ကေအဲန်ယူ၏ ‌တော‌နော်သင်ကြား‌ရေး‌ဆေးရုံတွင် သင်ကြား‌ရေးစင်တာတစ်ခု ဖွင့်လှစ်

1869
Learning and Performance Improvement Center ဖွင့်လှစ်ပွဲ ( Photo_KIC)

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကျန်းမာ‌ရေးဆိုင်ရာ သင်တန်းများကို အ‌ထောက်အကူပြု‌စေရန် ရည်ရွယ်ပြီး ‌ကော့ကရိတ်မြို့နယ် အံဖကြီး ‌ကျေးရွာ အုပ်စု နန်း‌ရွှေမှုံ‌ကျေးရွာရှိ ‌ကေအဲန်ယူ လက်‌အောက်ခံ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)၏ ‌တော ‌နော်သင်ကြား‌ရေး ‌ဆေးရုံ၌ နိုဝင်ဘာ ၁၇ ရက်‌နေ့(ယ‌နေ့) တွင် Learning and Performance Improvement Center စင်တာတစ်ခု ဖွင့်လှစ်လိုက်သည်။

အဆိုပါ စင်တာ၌ ကျန်းမာ‌ရေးဆိုင်ရာ သင်တန်းအတွက် လက်‌တွေ့အကူပစ္စည်းဖြစ်သည့် လူနာအရုပ်တုနှင့် သားဖွား ခြင်းဆိုင်ရာ ပစ္စည်းအ‌ထောက်အကူများကို ထားရှိပြီး NGOs အဖွဲ့များဖြစ်သည့် USAID နှင့် Maternal and Child Survival Program တို့က ယင်းသင်တန်းအကူပစ္စည်းများ ‌ထောက်ပံ့‌ပေးခဲ့ခြင်းဖြစ် သည်။

စင်တာဖွင့်လှစ်ခြင်းအ‌ပေါ် (KDHW) တာဝန်ခံ ‌စောအဲ့ကလူ‌ရွှေဦးက “ဒီဖွင့်ပွဲ ဖြစ်လာဖို့ ကျ‌နော်တို့ကို လာ‌ရောက် ကူညီ‌ပေးတဲ့ သူ‌တွေအားလုံးကို ‌ကျေးဇူးတင်‌ကြောင်း ‌ပြောကြားလိုပါတယ်။ ကျ‌နော်တို့ ‌တော‌နော်‌ဆေးရုံကိုလည်း ဒီထက်မက တိုးတက်‌အောင် တဆင့်ပြီးတဆင့် ဆက်လက်လုပ်‌ဆောင်သွားပါ့မယ်”ဟု အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ‌ပြောကြားသည်။

Learning and Performance Improvement Center ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ KDHW တာဝန်ခံ ‌စောအဲ့ကလူ‌ရွှေဦး အပါအဝင် ကျန်းမာ‌ရေးဆိုင်ရာ တာဝန်ရှိသူ အချို့တို့က နံနက် ၉ နာရီ‌ကျော်အချိန်တွင် ဖဲကြိုးဖြတ်အခမ်းအနားနှင့်အတူ ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်သည်။

ယင်းစင်တာ ဖွင့်လှစ်ခြင်းအခမ်းအနား၌ (KDHW)၊ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရဘက်မှ ကျန်းမာ‌ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များ၊ ကျန်းမာ‌ရေးဆိုင်ရာ လူထုအ‌ခြေပြုအဖွဲ့ အစည်း များနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၁၀ဝ ‌ကျော်တက်‌ရောက်ခဲ့ကြသည်။

“လူထုတစ်‌ယောက်အ‌နေနဲ့ ဒီလို ကူညီမှုလာ‌ပေးတာ အကုန်လုံး‌တော့ မသိဘူး‌ပေါ့။ ဘာပဲဖြစ်ဖြစ် ကူညီ‌ပေးမှုအ‌ပေါ် ဝမ်းသာပါတယ်။ ကျ‌နော်တို့ရဲ့ ဆန္ဒက‌တော့ ကိုယ့်‌ဒေသမှာ ကျန်းမာ‌ရေးဆိုင်ရာကိစ္စ‌တွေ ဒီထက်မက ပိုမို‌ကောင်းမွန် လာချင်တာ‌တော့ အမှန်ပါပဲ”ဟု ‌ဒေသခံတစ်ဦးဖြစ်သူ မန်းနိုင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တော‌နော်သင်ကြား‌ရေး‌ဆေးရုံသည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ်တွင် တည်ရှိပြီး က‌နေဒါနိုင်ငံမှ Global Neighbors အဖွဲ့၏ အကူအညီဖြင့် တည်‌ဆောက်ခဲ့ကာ ယခုနှစ် ၂၀၁၇၊ ‌မေလ ၁၃ ရက်‌နေ့က ဖွင့်လှစ်ခဲ့ပြီး ‌နောက် ယခုလို Learning and Performance Improvement Center ကို ဖွင့်လှစ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်ကြား‌ရေး ‌ဆေးရုံကို ‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီခဲ့သည့် ကာလအတွင်း ပထမဦးဆုံး တည်‌ဆောက်ဖွင့်လှစ်နိုင်ခဲ့‌သော ‌ဆေးရုံဖြစ်သည်ဟု (KDHW)က ‌ပြောဆိုထားသည်။