Home သတင်း အ‌မေရိကန်‌ရောက် ကရင်များ သမ္မတအိမ်ဖြူ‌တော်‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်မည်

အ‌မေရိကန်‌ရောက် ကရင်များ သမ္မတအိမ်ဖြူ‌တော်‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်မည်

3833

နိုဝင်ဘာ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

အ‌မေရိကန် ကရင်အဖွဲ့အစည်း-Karen Organization of the United States of America (KOUSA) မှ ဦး‌ဆောင်ကာ အ‌မေရိကသို့ ‌ရောက်ရှိ‌နေထိုင်‌နေကြ‌သော ကရင်လူမျိုးများသည် နိုဝင်ဘာလ ၆ ရက်‌နေ့တွင် အ‌မေရိကန်နိုင်ငံ၏ မြို့‌တော် ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူ‌တော်‌ရှေ့၌ ဒုတိယအကြိမ် ဆန္ဒထုတ်‌ဖော်သွားမည်ဖြစ်သည်ဟု ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောမူးက‌ပေါ်က ‌ပြောသည်။

အ‌မေရိကန်အစိုးရအ‌နေဖြင့် မြန်မာပြည်ရှိ ကရင်အပါအဝင် တိုင်းရင်းသားပြည်သူများဘက်မှ ရပ်တည်ကာ စစ်မှန်‌သော မြန်မာ့နိုင်ငံ‌ရေးအ‌ပြောင်းအလဲများ မြန်မြန်ဆန်ဆန် ဖြစ်‌ပေါ်လာ‌အောင် မြန်မာအစိုးရအားဖိအား‌ပေး တိုက်တွန်းနိုင်ရန် ရည်ရွယ်ပြီး လူဦး‌ရေ ၃,ဝဝဝ ခန့် ပါဝင်မည့် ဆန္ဒထုတ်‌ဖော်ပွဲပြုလုပ်ခြင်းဖြစ်သည်ဟု KOUSA ဆိုသည်။

KOUSA ‌ပြောခွင့်ရသူ ‌စောမူးက‌ပေါ်က “မြန်မာနိုင်ငံမှာကြုံ‌တွေ့‌နေရတဲ့ ကရင်‌တွေရဲ့ အခက်အခဲ၊ ပြဿနာရပ်‌တွေ လက်ပိုက်ကြည့်မ‌နေဖို့၊ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေရဲ့ လုပ်‌ဆောင်ချက်‌တွေချည်း ‌မျှော်ကိုး‌စောင့်ကြည့်‌နေမယ့်အစား ကရင်ဖြစ်တဲ့ အ‌မေရိကန်‌ရောက် ကရင်‌တွေက ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေကို ‌ထောက်ပံ့ကူညီမှုတစ်ရပ်အ‌နေနဲ့ ဆန္ဒထုတ်‌ဖော်ဖို့ အခွင့်‌ရေးရှိတဲ့အ‌ပေါ်မှာ ကျ‌နော်တို့စုရုံးပြီး‌တော့ ဆန္ဒထုတ်‌ဖော်ဖို့ စီစဉ်‌နေတာဖြစ်ပါတယ်။ ”ဟု‌ပြောသည်။

ယခင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် အိမ်ဖြူ‌တော်‌ရှေ့ ဆန္ဒ‌ဖော်ထုတ်မှုအစီအစဉ်သည် သာမန် ဆန္ဒထုတ်‌ဖော် ခြင်းသာဖြစ်ပြီး ယခုအကြိမ် ပြုလုပ်မည့် ဆန္ဒထုတ်‌ဖော်မှုမှာ ‌တောင်းဆိုချက် ၃ ချက်ကို အ‌ခြေခံကာ အ‌မေရိ ကန်အစိုးရတာဝန်ရှိသူများနှင့်ပါ ‌တွေ့ဆုံရန်စီစဉ်ထား‌ကြောင်း KOUSA တာဝန်ရှိသူများက ‌ပြောသည်။

၎င်း‌တောင်းဆိုချက် ၃ ချက်မှာ မြန်မာတပ်မ‌တော်သည် တိုင်းရင်းသားလူမျိုးစုများအား လူမျိုးတုံး သတ်ဖြတ်ရန် နှင့် မိမိတို့၏ အခွင့်အ‌ရေးများကို ‌တောင်းဆို‌နေကြသူများကို ပ‌ပျောက်သွား‌အောင် လုပ်‌ဆောင်‌နေခြင်းအား ရပ်တန့်‌ပေးရန်၊ စစ်မှန်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) ဖြစ်လာ‌စေ‌ရေးနှင့်
စစ်မှန်သည့် ဖက်ဒရယ် ပြည်‌ထောင်စု ဖြစ်‌ပေါ်လာ ‌ရေးအတွက် အ‌မေရိကန်အစိုးရအ‌နေဖြင့် စီးပွား‌ရေး ဒဏ်ခတ် အ‌ရေးယူမှုကို ပြန်လည်လုပ်‌ဆောင်ရန်နှင့် တပ်မ‌တော်အား လက်နက်နှင့် စစ်ပစ္စည်းအသုံး အ‌ဆောင်များ ‌ရောင်းချ‌ပေး‌နေခြင်းသည် တိုင်းရင်းသားများအတွက် မည်သည့်အခါမျှ ငြိမ်းချမ်းစွာ‌နေထိုင်ရမည် မဟုတ်‌သော‌ကြောင့် လက်နက်‌ရောင်းချ‌ပေးမှုကို ရပ်တန့်‌ပေးရန် စသည်တို့ကို ‌တောင်းဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပဋိပက္ခ‌ကြောင့် ၁၉၉၄ ခုနှစ်မှစကာ ယ‌နေ့အချိန်ထိ နယ်စပ်‌ဒေသ ဒုက္ခသည် စခန်းမှတစ်ဆင့် အ‌မေရိကန် ပြည်‌ထောင်စုသို့ သွား‌ရောက်အ‌ခြေချခဲ့သည့် ကရင်တိုင်းရင်းသား စုစု‌ပေါင်း လူဦး‌ရေ ၆ ‌သောင်း ၄ ‌ထောင်‌ကျော်ရှိသည်ဟု အ‌မေရိကန်‌ရောက် ကရင်အဖွဲ့အစည်း၏ စာရင်းမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေ တိုးတက်‌ပြောင်းလဲမှုမရှိသည့်အပြင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ဆက်လက် ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်ဟုုဆိုကာ အ‌မေရိကန် အစိုးရအ‌နေဖြင့် မြန်မာအစိုးရအား စီးပွား‌ရေးဒဏ်ခတ် ပိတ်ဆို့မှုကို မရုပ်သိမ်းသင့်ဘဲ ဆက်လက်ဖိအား‌ပေးရန် ယမန်နှစ်(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်‌နေ့)တွင် အဆိုပါ အ‌မေရိကန်‌ရောက် ကရင်လူမျိုး (၇ဝဝ)‌ကျော်က အိမ်ဖြူ‌တော်၌ ပထမကြိမ် ဆန္ဒထုတ်‌ဖော်ခဲ့ပြီးဖြစ်သည်။