Home သတင်း ဝါရှင်တန်ဆန္ဒထုတ်‌ဖော်ပွဲအား ကရင်အဖွဲ့အစည်းများ ‌ထောက်ခံကြိုဆို

ဝါရှင်တန်ဆန္ဒထုတ်‌ဖော်ပွဲအား ကရင်အဖွဲ့အစည်းများ ‌ထောက်ခံကြိုဆို

2124
Karen

နိုဝင်ဘာ ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြု ကွန်ရက်(KPSN)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် အီတူးထာ့ IDPs ပံ့ပိုး‌ရေး ‌ကော်မတီ (ETT Supporting Committee) တို့က အ‌မေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့‌တော်၌ ကရင်လူမျိုးများ၏ ဆန္ဒထုတ် ‌ဖော်ပွဲအား ‌ထောက်ခံကြိုဆိုသည့်စာများကို နိုဝင်ဘာလ ၆ရက် ‌နေ့စွဲဖြင့် အသီးသီး ထုတ်ပြန်လိုက်ကြသည်။

အ‌မေရိကန် ကရင်အဖွဲ့အစည်း-Karen Organization of the United States of America (KOUSA) မှ ဦး‌ဆောင်ကာ “Karen Day-ကရင်‌နေ့”ဟု အမည်‌ပေးထား‌သော နိုဝင်ဘာလ ၆ ရက်‌နေ့၊ ဆန္ဒထုတ်‌ဖော်ပွဲသည် ကရင်လူမျိုးများသာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး၏ အခွင့်အ‌ရေးများအတွက် ‌တောင်းဆို‌ပေးသည့်ပွဲဖြစ်သည်ဟု KWO ဒု-ဥက္ကဌ ‌နော်အဲလစ်က ယခုလို ‌ပြောသည်။

“ငြိမ်းချမ်း‌ရေး တည်‌ဆောက်တယ်ဆို‌ပေမယ့် လုံခြုံစိတ်ချရတဲ့ ငြိမ်းချမ်း‌ရေးမျိုး မရှိ‌သေးဘူး။ လူ့အခွင့်အ‌ရေး၊ အမျိုးသားတန်းတူ ‌ရေး၊ လွတ်လွတ်လပ်လပ် ‌နေထိုင်ခွင့်‌တွေ မရှိ‌သေးတဲ့အ‌ပေါ်မှာ အခုလို ‌တောင်းဆို‌ပေးတာကို ‌ထောက်ခံတယ်‌ပေါ့‌နော်။ လူမျိုး၊ ဘာသာမခွဲခြားဘဲ အခွင့်အ‌ရေးတန်းတူရှိဖို့အတွက်လည်း ‌မျှော်လင့်‌နေပါတယ်။ ဒါ‌ကြောင့် ဒီပွဲဟာ တိုင်းရင်းသားအားလုံးအ တွက် အ‌ရေးကြီးတဲ့ပွဲလို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌မေရိကန်အစိုးရအ‌နေဖြင့် မြန်မာပြည်ရှိ ကရင် အပါအဝင် တိုင်းရင်းသားပြည်သူများဘက်မှ ရပ်တည်ကာ စစ်မှန်‌သော မြန်မာ့ နိုင်ငံ‌ရေးအ‌ပြောင်းအလဲများ မြန်မြန်ဆန်ဆန် ဖြစ်‌ပေါ်လာ‌အောင် မြန်မာအစိုးရအား ဖိအား‌ပေး တိုက်တွန်းနိုင်ရန် ရည်ရွယ်ပြီး လူဦး‌ရေ ၁၀,ဝဝဝခန့် ပါဝင်သည့် ဆန္ဒထုတ်‌ဖော်ပွဲ ပြုလုပ်ခဲ့သည်ဟု KOUSA တာဝန်ရှိသူများက ‌ပြောဆိုထားသည်။

ထုတ်ပြန်ချက်များတွင် တိုင်းရင်းသားလူမျိုးစုများအား ပ‌ပျောက်သွား‌စေရန် ရည်ရွယ်လုပ်‌ဆောင်‌နေ‌သော မြန်မာ့တပ်မ‌တော်၏ လုပ်ရပ်များအား ရပ်တန့်‌ပေးရန်၊ စစ်မှန်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)နှင့်ဖက်ဒရယ် ပြည်‌ထောင်စု ဖြစ်‌ပေါ်လာ‌ရေး အတွက် အ‌မေရိကန်အစိုးရအ‌နေဖြင့် စီးပွား‌ရေးဒဏ်ခတ် အ‌ရေးယူမှုနှင့် လက်နက်‌ရောင်းချ‌ပေးမှုတို့ကို ရပ်တန့်‌ပေးရန်၊ ဒုက္ခ သည်နှင့် IDP (ပြည်တွင်းစစ်‌ရှောင်)များကို ဆက်လက်‌ထောက်ပံ့ ကူညီ‌ပေးရန် စသည်တို့ကို ‌တောင်းဆို‌ပေးသည့် ဆန္ဒထုတ် ‌ဖော်ပွဲအား ‌ထောက်ခံကြိုဆိုပါ ‌ကြောင်း ပါရှိသည်။

အီတူးထာ့ IDPs ပံ့ပိုး‌ရေး‌ကော်မတီ၏ တာဝန်ခံ ပဒိုမန်းမန်းကလည်း “ဆန္ဒထုတ်‌ဖော်ပွဲမှာ လက်ရှိ IDP (ပြည်တွင်းစစ်‌ရှောင်) ‌တွေ ခံစား‌နေရတဲ့ အ‌ခြေအ‌နေအ‌ပေါ်မှာလည်း ‌ဖော်ညွှန်း‌ဖော်ပြ‌ပေးတယ်။ ဒါ‌ကြောင့် အ‌မေရိကန်အစိုးရအ‌နေနဲ့‌ရော၊ နိုင်ငံ တကာ အသိုင်းအဝိုင်းအ‌နေနဲ့‌ရော ဒါ‌တွေအ‌ပေါ်မှာ ပြန်လည်စဉ်းစားပြီး ‌ထောက်ပံ့‌ပေးနိုင်ဖို့အတွက် ဆန္ဒထုတ်‌ဖော်ပွဲကို ‌ထောက်ခံရခြင်း ဖြစ်တယ်။˝ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အထူးသဖြင့် အ‌မေရိကန်‌ရောက် ကရင်တိုင်းရင်းသားများ၏ ဆန္ဒထုတ်‌ဖော်ပွဲမှာ အီတူးထာ့စခန်း အပါအဝင် အခြားဒုက္ခသည် နှင့် IDP များအတွက် နိုင်ငံ‌ရေး အာမခံချက် မရှိ‌သေး‌သော ကာလတွင် ‌နေရပ်ပြန်ရန် အချိန်မတန်‌သေးသဖြင့် လူမှု‌ရေး ကူညီ ‌ထောက်ပံ့မှုများ ဆက်လက် ကူညီနိုင်ရန် ဆိုသည့်အချက်ပါ ‌တောင်းဆို‌ပေး‌နေ‌သော‌ကြောင့် ‌ထောက်ခံခြင်းဖြစ်‌ကြောင်း ပဒိုမန်း မန်းမန်းမှ ဆက်‌ပြောသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်-KPSN ကို ပဋိပက္ခဒဏ်ခံ နယ်‌မြေများရှိ ပြည်သူလူထုများ၏ အခွင့်အ‌ရေးများနှင့် ‌ရေရှည်တည်တံ့သည့် ငြိမ်းချမ်း‌ရေး ‌ပေါ်ထွက်လာရန်အတွက် ကရင်အရပ်ဘက် အဖွဲ့အစည်း‌ပေါင်း (၂၉)ဖွဲ့ဖြင့် ၂၀၁၁ခုနှစ်၌ ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး KWO ကို ၁၉၈၅ခုနှစ်တွင် ဖွဲ့စည်းပုံနှင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။