Home သတင်း ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုစိုက်ထူမည့် ‌စောဘဦးကြီးရုပ်ထုကို တပ်ဘက်က ကန့်ကွက်

ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုစိုက်ထူမည့် ‌စောဘဦးကြီးရုပ်ထုကို တပ်ဘက်က ကန့်ကွက်

3099

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင်ကျင်းပမည့် ‌ကေအဲန်ယူ- ကရင်အမျိုး သားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုစိုက်ထူမည့် ကရင့်အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီးရုပ်ထုကို စိုက်ထူခြင်းမပြုရန် ‌ဒေသအတွင်း တပ်ဘက်တာဝန်ရှိသူများက ကန့်ကွက်‌ပြောဆိုသည်ဟု နှစ်သစ်ကူးကျင်းပ‌ရေး ‌ကော်မတီတာဝန်ရှိသူများက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ‌ဒေသတွင်းရှိ တပ်မ‌တော် အနန်းကွင်းဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းစံ၊ ဘုရားသုံးဆူအ ‌ခြေစိုက် ခလရ(၉၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌အောင်ဆန်းဝင်းတို့ ဘုရားသုံးဆူမြို့ရှိ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးသို့ နိုဝင်ဘာ ၁၄ ရက်‌နေ့တွင်လာ‌ရောက်ပြီး နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီဝင်များ၊ ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူများနှင့် ‌တွေ့ဆုံကာ အထက်ညွှန်ကြားချက်အရ ခွင့်မပြုနိုင်‌ကြောင်း ‌ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပ‌ရေး ‌ကော်မတီတာဝန်ရှိသူတစ်ဦးက “‌စောဘဦးကြီးဟာ အ မျိုးသား‌ရေး‌ခေါင်း‌ဆောင်ဖြစ်သလို ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်လည်းဖြစ်‌နေ‌တော့ ဝိ‌သေသနှစ်ခုကွဲတဲ့အ‌ပေါ်မှာ ကရင်လူ ငယ်‌တွေကို လှုံ့‌ဆော်တဲ့ပုံစံမျိုးဖြစ်‌နေတယ်။ အထက်ကညွှန်ကြားချက်နဲ့ ခွင့်မပြုဘူးဆိုပြီး ‌ပြောတယ်။ ကျင်းပ‌ရေး ဥက္ကဌ‌နေ ရာနဲ့ ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာဆိုတဲ့စာသားလည်း သူတို့က သ‌ဘောမကျဘူး။ ကြာအင်းဆိပ်ကြီးမြို့နယ်ဖြစ်ရမယ်ဆိုပြီး တပ်မ‌တော်က လာ‌ရောက်‌ပြောသွားတယ်” ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၁၈ ရက်‌နေ့တွင်‌ပြောသည်။

အဆိုပါ နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုစိုက်ထူမည့် ‌စောဘဦးကြီး ရုပ်ထုမှာ ‌အောက်‌ခြေ ၂၅ ‌ပေပတ်လည်ထားရှိ ပြီး အမြင့် ၉ ‌ပေရှိကာ လာမည့် ဒီဇင်ဘာ ၁၉ ရက်‌နေ့တွင် ဘုရားသုံးဆူမြို့ ကရင်စု(‌ထော့မဲပါ)ရပ်ကွက် ကရင်နှစ်သစ် ကူးကျင်းပ‌ရေးကွင်း၌ စိုက်ထူနိုင်ရန် ရည်ရွယ်ထားပြီး လက်ရှိ ၇ဝ ရာခိုင်နှုန်း‌ကျော် ထုလုပ်ပြီးစီး‌နေပြီးဟု ကျင်းပ‌ရေး ‌ကော်မတီထံမှ သိရသည်။

ယခုလိုကန့်ကွက်မှုအ‌ပေါ် ခလရ (၉၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌အောင်ဆန်းဝင်းထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်ရာ ၎င်းက “လူချင်းမသိ‌တော့ ကျ‌နော်‌ဖြေ‌ပေးလို့ မရဘူး။ လူချင်းသိရင်‌တော့ ကျ‌နော်‌ဖြေ‌ပေးနိုင်ပါတယ်။ ခွင့်လွှတ်‌ပေး‌နော်” ဟု နိုဝင်ဘာ ၁၈ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီအ‌နေဖြင့် ‌စောဘဦးကြီးသည် ကရင့်အမျိုးသား‌ရေး‌ခေါင်း‌ဆောင်ဖြစ်ကာ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ရယူလိုသူဖြစ်ကာ လက်ရှိ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များသွားသည့်နည်း လမ်းနှင့် တထပ်တည်းကျသည်ကို ကရင်လူငယ်များ သိရှိ‌စေရန်ရည်ရွယ်ကာ ပုံတူရုပ်ထု စိုက်ထူရန် ရည်ရွယ်လုပ်‌ဆောင် ခြင်းဖြစ်သည်ဟု ကျင်းပ‌ရေး‌ကော်မတီဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကရင်တစ်မျိုးသားလုံးအ‌နေနဲ့ ယုံကြည်မှုတည်‌ဆောက်တဲ့အပိုင်းမှာ ကရင်အမျိုးသား‌ခေါင်း‌ဆောင် ရုပ်ထုုကို သူတို့က ခွင့်မပြုဘူးဆိုရင် ကရင်လူထုက သူတို့အ‌ပေါ် ယုံကြည်မှု တည်‌ဆောက်ဖို့ ခက်ခဲသွားမယ်။ တားမြစ်တယ်ဆို‌တော့ ကျ‌နော်တစ်ဦီးထဲဆန္ဒအ‌နေနဲ့ ဒီအတိုင်းဘဲ ထား‌တော့မယ်။ သမိုင်းအ‌နေနဲ့ ကရင်နှလုံးသားထဲမှာ ကျန်ခဲ့မှာပါ” ဟု ‌ပြော သည်။

အစိုးရနှင့် ‌ကေအဲန်ယူတို့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေသည့်ကာလအတွင်း ‌ကေအဲန်ယူအ‌ထွေ‌ထွေအတွင်း‌ရေး မှူး ‌ဟောင်း ပဒိုမန်းရှာလားဖန်းရုပ်ထုကို သူ၏ ဇာတိ ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်းရွာ၌ ယခုနှစ် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင်စိုက်ထူခဲ့သလို ‌စောဘဦးကြီး ဇာတိ ကန်ကြီး‌ထောင့်မြို့နယ်၊ ဘဲဂယက်ရွာ၌ ဩဂုတ် ၁၂ ရက်‌နေ့တွင် အထိမ်းအမှတ် ‌ကျောက်တိုင်စိုက်ထူခြင်းများကို ‌ဒေသခံများက ဦးစီးပြုလုပ်ခဲ့သည်။