Home သတင်း စာ‌ပေ၊ ယဉ်‌ကျေးမှုထိန်းသိမ်း‌ရေး ခက်ခဲ‌နေပြီး ဝိုင်းကူရန် ကရင်ဖြူ‌ရေးရာ‌ကော်မတီ‌ပြော

စာ‌ပေ၊ ယဉ်‌ကျေးမှုထိန်းသိမ်း‌ရေး ခက်ခဲ‌နေပြီး ဝိုင်းကူရန် ကရင်ဖြူ‌ရေးရာ‌ကော်မတီ‌ပြော

2379

နိုဝင်ဘာ ၃ဝရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

‌နေပြည်‌တော် ‌ကောင်စီနယ်‌မြေ အနီးတဝိုက်တွင် အများစု‌နေထိုင်သည့် ကရင်ဖြူမျိုးနွယ်စု (က‌ညောဝါး)များအ‌နေဖြင့် စာ ‌ပေ၊ ယဉ်‌ကျေးမှုအပိုင်းထိန်းသိမ်း‌ရေးခက်ခဲ‌နေပြီး ဝိုင်းကူ‌ပေးရန် ကရင်ဖြူမျိုးနွယ်စု‌ရေးရာ‌ကော်မတီဥက္ကဌ ‌စောစိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်ဖြူမျိုးနွယ်စုဝင်များအ‌နေဖြင့် နိုင်ငံသားမှတ်ပုံတင်တွင် ကရင်ဟု‌ဖော်ပြခံရ‌သော်လည်း အများစုမှာ ကရင်စ ကားနှင့် စာ‌ပေကို အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် တတ်‌မြောက်မှုမရှိဘဲ ရိုးရာ၊ ယဉ်‌ကျေးမှုထိန်းသိမ်းရန် ခက်ခဲ‌နေပြီး‌ဒေသ တွင်း အခြားလူမျိုးစုများအဖြစ်‌ပြောင်းလဲရန် စည်းရုံးမှုများလည်းရှိကာ မျိုးနွယ်စု‌ပျောက်ကွယ်သွားနိုင်သည့် အ‌ခြေအ‌နေ များကြုံ‌နေရသည်ဟု ကရင်ဖြူ‌ရေးရာ‌ကော်မတီက ‌ပြောဆိုသည်။

“ ကရင်ဖြူ ‌ကျေးရွာအချို့အခြားမျိုးနွယ်စု အမည်နာမ ထည့်သွင်း‌ပြောင်းလဲဖို့ ‌ငွေ‌ကြေးနဲ့စည်းရုံးပြီး အမည် နာမ ‌ပြောင်းလဲဖို့ ရင်ဆိုင်‌နေရတယ်။ နည်းလမ်း အင်အားမရှိ‌တော့ ယ‌နေ့ထိ စာ‌ပေ၊ ယဉ်‌ကျေးမှု မဖွဲ့နိုင်‌သေးဘူး။ စာ ‌ပေယဉ်‌ကျေးမှုထိန်းသိမ်းမြှင့်တင်‌ရေးလုပ်‌နေတဲ့ ပညာရှင်‌တွေ၊ အဖွဲ့‌တွေ အ‌နေနဲ့ ကျ‌နော်တို့ကို လက်တွဲ ‌ခေါ်‌စေ ချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ဖြူ မျိုးနွယ်စုများအ‌နေဖြင့် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ ရှမ်း (သျှမ်း) ပြည်နယ် ‌တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ်နှင့် ‌နေပြည်‌တော်‌ကောင်စီ နယ်‌မြေတို့တွင် အများစု‌နေထိုင်ကြပြီး စုစု‌ပေါင်း‌ကျေးရွာ ၇၉ ရွာ တွင် ‌နေထိုင်ပြီး လူဦး‌ရေ ၈၀,၀၀ဝ ‌ကျော်ရှိသည်ဟု ကရင်ဖြူမျိုးနွယ်စု ‌ရေးရာ‌ကော်မတီက နိုဝင်ဘာ ၂၉ ရက်တွင် ‌ပြောသည်။

ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်ခြင်းလုပ်ကိုင်‌နေသူ ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ဆရာ‌စော ‌ကျော်စွာက “နဂိုကတည်းက သူတို့က ကရင်ဖြူမျိုးနွယ်စုပါ။ ၂ဝ၁၄သန်း‌ခေါင်စာရင်း‌ကောက်တဲ့အချိန်မှာလမ်း ပွင့်သွားတာပါ။ မျိုးနွယ်စု ‌ပျောက်မှာစိုးရိမ်‌ပေမဲ့ အစိုးရက သတ်မှတ်ထားပြီးသားမျိုးနွယ်စုဆို‌တော့ ‌ပျောက်စရာ အ‌ကြောင်းမရှိဘူး။ သို့‌သော်လည်း ကယားပြည်နယ်က ကယန်းမျိုးနွယ်စု အသစ်ပြန်လည်တည်‌ဆောက် တဲ့အခါကျ‌တော့ ကရင်ဖြူ ပါသွားပြီး ဆွဲသွင်းချင်တာ‌ပေါ့။ လာမည့်နှစ်မှာ သူတို့ရဲ့စာ‌ပေကိစ္စလုပ်‌ပေးမယ်” ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၂၉ ရက်တွင်‌ပြောသည်။

ကရင်ဖြူ (က‌ညောဝါး) များအ‌နေဖြင့် ယခင်က ကရင်နှစ်သစ်ကူး အခမ်းအနားများကို ကျင်းပနိုင်ခြင်း မရှိခဲ့ ‌သော်လည်း ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၂၇၅၄ ခုနှစ် ကရင်နှစ်သစ်ကူး ‌နေ့ကို ကရင်ဖြူ ‌ကျေးရွာ ၁၀ဝ ‌ကျော်စု‌ပေါင်းကာ ‌နေပြည်‌တော်၊ ပျဉ်းမနားမြို့နယ်၊ မြ‌လေး ‌ကျေးရွာ၌ ပထမ ဦးဆုံးအကြိမ် နှစ်သစ်ကူး အခမ်းအနားကျင်းပနိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ‌မေ ၃ ရက်‌နေ့တွင် ဖားအံမြို့၊ ‌တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပသည့် ကရင့်‌ရေးရာ ‌ကော်မတီက ဦး‌ဆောင်ပြုလုပ်သည့် ကရင်မျိုးနွယ်စု အမည်မှန် အတည်ပြုခြင်း အခမ်းနားတွင် ကရင်မျိုးနွယ်စု ၇ စုကို အတည်ပြုသတ်မှတ်ခဲ့ရာ စ‌ကောကရင်၊ ပိုးကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ မိုဘွားကရင်၊ ‌ဂေဘားကရင် နှင့် ကရင်ဖြူ တို့ ဖြစ်‌ကြောင်း တရားဝင်သတ်မှတ် အတည်ပြုခဲ့ထားသည်။