Home ကဗျာ စစ်ရှုံးသမား ဒဿဂီရိ

စစ်ရှုံးသမား ဒဿဂီရိ

5544

(လကင်္ာဒီပ)

မစို့မပို့ မ‌လောက်မငှ
ညှက်ချ ဆွဲဆုတ်ထား
မသထာ‌ရေစာ
အာသာ‌ပြေ‌အောင် ‌ပေးတဲ့ပြည်
မစုံညီ မပြည့်ဝ မလန်းဆန်း
စခန်းဟာလည်း ရုပ်ပြအဆင့်
မတင့်တယ်လှပါ‌ပေ
သင့်‌နေရာ ဌာ‌နေအစစ်
သင့်‌ခေတ်မှာ ပြန်‌ဖော်ထုတ်ဖို့လိုတယ်။

နယ်ရုပ်ထိုး‌ကျွေးတဖုံ
မြင်းခုန်ကွက်နဲ့ ဆင်စား
ရထားနဲ့ထိန်းနှင်
ဘုရင်မနဲ့ ဖွင့်‘ချက်’ လုပ်ခြင်းခံရ
‌သေနဂင်္ဗျူဟာအခင်း
တိုင်းရင်းသား ညီ‌နောင်‌တွေကို
အချိုသပ် နားလှည့် ပါးရိုက်ကြသ‌လေ
ပြည်နယ်‌တွေကို တိုင်း‌တွေခြား
ဘက်ညှိထားကြပါသ‌ကော ဒီနိုင်ငံကို‌လေ။

စစ်ရှုံးသမား ဘုရင်‌တွေ
ဒီ‌မြေ ‌ခြေမချခင်‌ခေတ်
အနှစ်(၂၀၀)‌ကျော်ကတည်းက လာ
‌ထော့မဲပါ ကရင်မျိုးဆက်‌တွေဟာ
မြို့ရွာ‌ဒေသ ကုန်သည်စီးပွား
‌နေသားကျ ရပ်တည်လို့ရှင်သန်
ဧကန်‌ရှေးဦး ဌာ‌နေတိုင်းရင်းသား လူမျိုးဖြစ်တယ်။

ကဗျာ လကင်္ာ ဆိုရိုးစကား
‘ထား’ သီချင်း‌တွေသာ ထားရှိ
အသိ‌နောက်ကျ မှတ်တမ်းမဲ့ခဲ့
တို့ရဲ့ သမိုင်းအစစ်‌တွေဟာ
ပါးစပ်ရာဇဝင် ဖြစ်ခဲ့ရရှာ
ရာမည(မွန်) ထိုင်းသမိုင်း
‌မြောက်ပိုင်း တရုတ်သမိုင်း‌တွေမှာ
‌ခြေရာ‌တွေ ပြန်‌ဖော်ထုတ်လို့
ကျုပ်တို့ဇာတိကို ပြန်အမှတ်ရကြရတယ်။

‌အေး‌လေ… ‌အေး‌စေ… ကုလားလည်း လူသား
သ‌ဘောထားလို့ ‌အေးအတူ ပူအမျှ
တူတကွ ယှဉ်တွဲ‌နေထိုင်ခဲ့
ရိုးရှင်းတဲ့ ကရင်‌တွေဟာ
‌မြေယာနယ်ချဲ့ လုတတ်တဲ့
ကျင့်ရှိတဲ့ ပ‌ဒေသရာဇ်
‌ခေတ်ဆိုး စစ်ပွဲ‌တွေကြား
ပြားပြား‌မှောက် အသက်မရှူဝံ့သာ
မိတ္ထီလာ(‌မေးထီ့ယွာ)ကန်ကြီးက သက်‌သေရှိ‌နေတယ်။

ပြည်နယ်‌တော့ ပြည်နယ်ပါ
အကာအကွယ် အ‌စောင့်အ‌ရှောက်မဲ့
မပြီးတဲ့ မပြည့်တဲ့ မစုံတဲ့
လူ့ဂုဏ်မဲ့စွာ အကျဉ်းကျ အသက်ရှင်‌နေရတဲ့
‌ကျောမွဲတဲ့ ပြည်သူ‌တွေမှာ မသက်သာ
မဟာလူမျိုးကြီးဝါဒ လက်ကိုင်ထားသူ‌တွေ‌ကြောင့်
မပြီး‌မြောက်နိုင်‌သေးတဲ့ ကျုပ်တို့ရဲ့‌တော်လှန်‌ရေးဟာ
မျက်နှာများ ဒဿမျက်လှည့်ပွဲ‌တွေ ကြား
စွန့်စားဖြတ်‌ကျော် တိုက်ပွဲဝင်‌နေရဆဲမို့
သတိတို့ အကြိမ်ကြိမ်‌ပေးလိုက်ပါရ‌စေ ရဲ‌ဘော်တို့။